(The Ladies News Journal) မိုးမခ၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၆
(သတင်း ဆောင်းဖြူ၊ ၊ ဓာတ်ပုံ မောင်မောင်ဖောင်တိန်)
စာရေးဆရာ ငြိမ်းချမ်းအေး ( မိုးမခမီဒီယာ ) နှင့် ကာတွန်းမောင်မောင်ဖောင်တိန်တို့ စီစဉ်သည့် ကာတွန်းစကားဝိုင်း တစ်ခုကို ၂၀၁၆ ဇန်န၀ါရီ ၃၁ ( တနင်္ဂနွေ ) နေ့လယ်က လှည်းတန်းစင်တာရှိ ဆရာကြီး ဦးခင်မောင်လတ်နှင့် ဆရာမကြီး ဒေါ်ခင်မျိုးချစ် အထိမ်းအမှတ်ပြခန်းတွင် ကျင်းပသွားခဲ့သည်။
Image may be NSFW.
Clik here to view.
စာရေးဆရာ ငြိမ်းချမ်းအေး ( မိုးမခမီဒီယာ ) နှင့် ကာတွန်းမောင်မောင်ဖောင်တိန်တို့ စီစဉ်သည့် ကာတွန်းစကားဝိုင်း တစ်ခုကို ၂၀၁၆ ဇန်န၀ါရီ ၃၁ ( တနင်္ဂနွေ ) နေ့လယ်က လှည်းတန်းစင်တာရှိ ဆရာကြီး ဦးခင်မောင်လတ်နှင့် ဆရာမကြီး ဒေါ်ခင်မျိုးချစ် အထိမ်းအမှတ်ပြခန်းတွင် ကျင်းပသွားခဲ့သည်။
Image may be NSFW.
Clik here to view.

အဆိုပါပွဲမှာ "ကာတွန်းယဉ်ကျေးမှု စကားဝိုင်း"ဟုအမည်ရပြီး ကာတွန်းဆရာကြီး ရွှေမင်းသား ၊ ကာတွန်းဝင်းအောင် ၊ ကာတွန်းကျော်သူရိန် ၊ ကာတွန်း ZERO ( ငါးသိုင်းချောင်း ) နှင့် ကာတွန်းသီဟ - စခန်းသစ်တို့က ကာတွန်းရေးရာများနှင့် ပတ်သက်ပြီး ဦးဆောင် ဆွေးနွေးသွားခဲ့ကြသည်။
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.

စိတ်ပါဝင်စားသူ အတော်များများ တက်ရောက်ခဲ့ကြသည့် ထိုစကားဝိုင်းတွင် ကာတွန်းရေးသူများ ထားရှိရမည့်ကျင့်ဝတ် ၊ ကာတွန်းဆရာများ သတိထား ရေးသားကြရမည့် စာလုံးပေါင်းသတ်ပုံ ၊ အယ်ဒီတာ ကောင်းများ ရှားပါးလာသည့် ပြဿနာနှင့် အယ်ဒီတာ့ ကျင့်ဝတ်/ တာဝန် ၊ မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသော မျိုးဆက်သစ် လူငယ်များအတွက် ကာတွန်းအကယ်ဒမီ ၊ ဖွံ့ဖြိုးရန် လိုအပ်နေသေးသည့် ကာတွန်းအင်နီမေးရှင်း ၊ ဈေးကွက် ပျောက်လုဖြစ်သွားသည့် ကော့မစ်စာအုပ်လောက / အငှားဆိုင်လောက အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည့်အပြင် ဆရာကြီးရွှေမင်းသားက ကာတွန်းလောက ဖြတ်သန်းမှု အတွေ့အကြုံအချို့နှင့် ကာတွန်းလောက အတွက် အကြံဥာဏ်ပေးချက်များကို မျှဝေသွားခဲ့သည်။
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.

ထို့ပြင် တက်ရောက်လာသည့် ကာတွန်းဆရာများ နှင့် ကာတွန်းကို ချစ်ခင်နှစ်သက်ကြသည့် ကာတွန်း ပရိသတ်များကလည်း ၀င်ရောက် မေးမြန်းဆွေးနွေးခဲ့ကြကာ စကားဝိုင်းကို ရုပ်သိမ်းခဲ့သည်။
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.

ယခုကျင်းပသွားသည့် ကာတွန်း စကားဝိုင်းနှင့် ပတ်သက်၍ ကာတွန်းဆရာ တစ်ဦးဖြစ်သူ ဆရာမောင်မောင်ဖောင်တိန်က "ဒီလို ကာတွန်းစကားဝိုင်းတွေကို နှစ်ပတ်တစ်ခါ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒီပွဲက ပထမဆုံးပါ။ ဒီပွဲမှာ ကန်တော့ခံ ကာတွန်းဆရာကြီးတွေထဲက ဆရာကြီးရွှေမင်းသား ၊ ၀ါရင့်ကာတွန်း ဆရာတွေထဲက ဆရာဝင်းအောင် ၊ Editorial ကာတွန်း ရေးသူတွေထဲက ဆရာကျော်သူရိန် ၊ ကော့မစ်ရေးသူ တွေထဲက ဆရာ ZERO၊ ကလေးကာတွန်းနဲ့ တစ်ကွက်ကာတွန်း ရေးသူတွေထဲက ဆရာသီဟတို့ကို ရွေးချယ် ဖိတ်ကြားခဲ့ပါတယ်။ နောင် နယ်က ဆရာတွေကိုလည်း ဖိတ်ကြားသွားမှာပါ"ဟု ဆိုသည်။
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.

ပွဲဖြစ်မြောက်ရန် စီစဉ်အားထုတ်ခဲ့သူ မိုးမခမီဒီယာမှ ဆရာငြိမ်းချမ်းအေးကလည်း "ကာတွန်း အနုပညာဟာ အထိုက်အလျောက် လွတ်လပ်လာတဲ့ ခေတ်စနစ်နဲ့အတူ ရေးခွင့်တွေ သာလာချိန် အင်မတန် အားကောင်းလာတယ်။ အွန်လိုင်း ၊ ပုံနှိပ် မီဒီယာအစုံမှာ လူစိတ်ဝင်စားမှု ခံလာရတယ်။ ဒီအနေအထားမှာ ( ရိုးအီနေတဲ့ စကားတစ်ခုကိုပဲ သုံးပါရစေ )'အရေအတွက်ကနေ အရည်အချင်းအဖြစ် ပြောင်းလဲနိုင်ဖို့'မြန်မာ့ကာတွန်း အဆင့်မီရေး ဆွေးနွေးပွဲတွေ လုပ်သင့်တယ်လို့ မြင်မိတယ်။ ကာတွန်းရာပြည့်ပွဲမှာ ဆရာမောင်မောင်ဖောင်တိန်နဲ့ စကားပြောဖြစ်တုန်း ဒီကိစ္စ ထည့်ပြော ဖြစ်ခဲ့တယ်။ ကာတွန်းဆရာတွေ အချင်းချင်း ဝေဖန် ၊ ဆွေးနွေးသုံးသပ်မှု လိုအပ်တယ်ဆိုတာကို သူကလည်း လက်ခံတယ်။ ဒီလိုနဲ့ ကာတွန်းစကားဝိုင်းလေး တစ်ခုလုပ်ဖို့ ကာတွန်းဆရာတွေကို ဆရာမောင်မောင်ဖောင်တိန်ကပဲ စုစည်းပေးတယ်။ ကျွန်တော်တို့ မိုးမခမီဒီယာက ဖြစ်မြောက်အောင် ကူညီပေးခဲ့တယ်။ မိုးမခ တည်ထောင်သူတစ်ဦး ဖြစ်သူ ကာတွန်းမောင်ရစ်ရဲ့ ဘိုးဘွားများဖြစ်တဲ့ 'ဦးခင်မောင်လတ် + ဒေါ်ခင်မျိုးချစ် နှင့် ခေတ်ပြိုင်များ ရာပြည့်အမှတ်တရ ဓာတ်ပုံ ၊ ပန်းချီ ပြခန်း'နေရာ လှည်းတန်းစင်တာမှာ ပထမဆုံး စကားဝိုင်းတစ်ခုအဖြစ် ပြုလုပ်နိုင်ခဲ့တယ်။ နောက် ပုံမှန် ဖြစ်နိုင်အောင်နဲ့ လူအများ လက်လှမ်း မီလာနိုင်အောင် ကြိုးစားစီစဉ်ဖို့ စိတ်ကူးထားပါတယ်"ဟု ပွဲစီစဉ်ဖြစ်သည့် စိတ်ကူး ရည်ရွယ်ချက်ကို ပြောကြားသွားခဲ့သည်။
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.

(မိုးမခ၏ ဖြည့်စွက်ချက်) အဆိုပါ ကာတွန်းယဉ်ကျေးမှု စကားဝိုင်းသို့ ကွယ်လွန်သူ ကာတွန်းဆရာကြီး ဦးဖေသိန်း မွေးနေ့အလှူအထိမ်းအမှတ်အဖြစ် သမီးဖြစ်သူ ဇွန်ပွင့်က စားသောက်ဖွယ်ရာများ စီစဉ်တည်ခင်း ကူညီပေးခဲ့ပါသည်။