Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အမေရိကန်သမ္မတလောင်း အကြိုရွေးကောက်ပွဲ အိုင်အိုဝါပြည်နယ်က စတင်

$
0
0

အမေရိကန်သမ္မတလောင်း အကြိုရွေးကောက်ပွဲ အိုင်အိုဝါပြည်နယ်က စတင်
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆

ဖေဖော်ဝါရီ ၁ က အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်မှာ နို်င်ငံရေးပါတီကြီး ၂ရပ်အတွက် သမတလောင်းတွေ အကြိုရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ Primary election လို့ ခေါ်ပါတယ်။ အိုင်အိုဝါ အကြိုရွေးကောက်ပွဲကို Iowa Caucuses လို့ ခေါ်ပါတယ်။ ဖေဖော်ဝါရီက စတင်ပြီးနောက် နောက်လတွေမှာလည်း ပါတီအသီးသီးအတွက် အကြိုရွေးကောက်ပွဲတွေကနေ ပါတီကိုယ်စားပြု သမတလောင်းကို ပြည်သူတွေက ဆန္ဒပေးကြမှာပါ။ သမတလောင်း အကြိုရွေးကောက်ပွဲ မဲစာရင်းကနေ ပါတီကြီးတွေက နောက်ဆုံးပါတီကိုယ်စားပြု သမတလောင်းကို ၂၀၁၆ နို၉ င်ဘာ သမတရွေးကောက်ပွဲအတွက် အတည်ပြု ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီအတွက် သမ္မတဖြစ်ချင်သူတွေက ဒေါ်နယ်ထရန့်၊ မာကိုရူဘီယိုနဲ့ တက်ဒ်ခရုဇ် တို့ ဖြစ်ကြပြီး ဒီမိုကရက်ပါတီအတွက် ဟီလရီကလင်တန် နဲ့ ဘာနီဆင်ဒါး တို့ ဖြစ်ပါတယ်။ လူထုက သမ္မတလောင်းအသီးသီးကို ပါတီစွဲအလိုက် အကြိုမဲဆန္ဒပေးကြရာမှာ - ရီပတ်ဘလစ်ကန်က နံပါတ်တစ် တက်ဒ်ခရုဇ်၊ နံပါတ် ၂ နဲ့ ၃ က ဒေါ်နယ်ထရန့် နဲ့ မာကိုရူဘီယို တို့ ဖြစ်ကြပါတယ်။ ဒီမိုကရက်အတွက် ဟီလရီကလင်တန်နဲ့ ဘာနီဆင်းဒါးတို့က မဲအရေအတွက်ချင်း တူညီနေကြပါတယ်။ အခြားပြည်နယ်တွေက အကြိုရွေးကောက်ပွဲတွေကနေ ဘယ်သူက မဲအများဆုံး ရမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။



Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>