Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ခင်လေး - နှလုံးသားထဲက သံစဉ်

$
0
0


ခင်လေး - နှလုံးသားထဲက သံစဉ်
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၆

တချိန်ကပေါ့ စိတ်သဘောထားပြည့်ဝပြီး တည်ကြည်ခန့်ညားတဲ့ အမျိုးသားတယောက်ဟာ သူသဘောကျနှစ်သက်တဲ့ အမျိုးသမီးတယောက်နဲ့ လက်ထပ်ခဲ့တယ်။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကနေ သမီးလေးတယောက်ကို မွေးဖွားစေခဲ့တယ်။ ဖခင်ဖြစ်တဲ့ အမျိုးသားအတွက်တော့ သမီးလေးဟာ အရမ်းကို တောက်ပလွန်းတဲ့ နတ်သမီးလေးလို ဖြစ်နေတာမို့ သူ့သမီးလေးကို သိပ်ကို ချစ်ရှာတာပေါ့။

သူ့သမီးလေးကို တချိန်လုံးပွေ့ချီပြီး၊ အခန်းထဲမှာ ကလိုက် သမီးလေးနဲ့ စကားတွေပြောလိုက်နဲ့ ချစ်မ၀ဖြစ်နေတာပေါ့။ ပါးစပ်ကလည်း "အဖေသိပ်ချစ်ရတဲ့ သမီးငယ်လေးရေ……"ဆိုပြီး တချိန်လုံးခေါ်နေခဲ့တယ်လေ။

ဒီလိုနဲ့ သူ့သမီးလေးလည်း အရွယ်ရောက်လာခဲ့တယ်။ သမီးလေး အရွယ်ရောက်လာပေမယ့်လည်း သူကတော့ သူ့သမီးလေးကို ဖက်ထားပြီး "အဖေသိပ်ချစ်ရတဲ့ သမီးငယ်လေးရေ……. "လို့ အရင်ကလိုပဲ လှမ်းခေါ်လိုက်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်နေပြီဖြစ်တဲ့ သူ့ရဲ့သမီးက "ကျွန်မ ကလေး သေးသေးလေး မဟုတ်တော့ဘူး ဖေဖေ…"လို့ ဆူဆူပုတ်ပုတ်လေးပြောပြီး လှည့်ထွက်သွားခဲ့တယ်။ သူကတော့ သူ့သမီးရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကိုကြည့်ရင်း တဟား ဟားနဲ့ ရီမောပြီး "ဖေ့ဖေ့ အတွက်တော့ သမီးက ကလေး လေးပါပဲကွယ်…"လို့ လှမ်းပြောလိုက်ပါတယ်။

တကယ်ပါ….. သူ့အတွက်တော့ သမီးလေးက ကလေးလေးပါပဲ။ ဒါပေမဲ့ ကလေးလေးလို့ ထင်မှတ်နေတဲ့ သူ့ရဲ့သမီးလေက အခုဆို အရွယ်ရောက်လို့ သူ့ရင်ခွင်ထဲကနေ ထွက်ခွာသွားပြီး ကမ္ဘာလောကကြီး အကြောင်းကို သင်ယူ စူးစမ်းမှုတွေ လုပ်နေပါပြီ။ သူမရဲ့ ဘ၀အကြောင်းကို သူမလေ့လာတယ်။ ယောက်ျားတွေအကြောင်းကိုလည်း လေ့လာနေပါပြီ။

ဒီလိုနဲ့ ဒီကမ္ဘာလောကကြီးမှာ တကယ့်ကို မေတ္တာတရားကြီးမားပြီး၊ မိသားစုနဲ့ သူမအပေါ်မှာ ခွန်အားတွေ ချစ်ခြင်းမေတ္တာတွေကို ပေးနိုင်တဲ့ သူဟာ သူမရဲ့ဖေဖေပဲဆိုတာကို ကမ္ဘာလောကြီးထဲ တယောက်တည်း ကျင်လည်နေရင်း သူမ သိလာခဲ့တယ်။ သူမ ကမ္ဘာမြေကြီးရဲ့ ဘယ်နေရာကိုပဲထွက်သွားပါစေ သူမကို အမြဲတမ်းနွေးထွေးမှုတွေပေးပြီး ဖုန်းဆက်တိုင်း "ဖေဖေချစ်တဲ့ သမီးငယ်လေးရေ…."လို့ ဖေဖေက အမြဲပြောနေတုန်းပါပဲ။

တရက်….. "ဖေဖေချစ်တဲ့သမီးငယ်လေးရေ…."လို့မကြားနိုင်တော့တဲ့ရက်။ အဲ့ဒီရက်ကို အခုတော့ ရောက်လာပါပြီ။ သူမရဲ့ဖေဖေဟာ လေဖြတ်ရောဂါကို ခံစားနေရပြီး၊ အသက်ကိုတောင် ခက်ခက်ခဲခဲရှူသွင်း ရှူထုတ်လုပ်နေရပြီတဲ့။ သူဟာ စကားလည်းမပြောနိုင်တော့သလို၊ သူ့ကိုစကားလာပြောရင်လည်း နားလည်နိုင်စွမ်းမရှိနိုင်တော့ဘူးလို့ ဆရာဝန်တွေက သူမကို ရှင်းပြပါတယ်။

သူဟာရယ်လည်းမရယ်နိုင်တော့သလို၊ ပြုံးလည်းမပြုံးနိုင်၊ လမ်းလည်းမလျှောက်နိုင်၊ သူချစ်တဲ့သမီးလေးကိုဖက်ပြီး ကလည်း မကနိုင်တော့ပါဘူးတဲ့။

သူမအရမ်းကို ထိတ်လန့်သွားပါတယ်။

ဖေဖေ ဘယ်လိုဖြစ်နေပြီလဲ……. ။
ဖေဖေ ဘယ်လိုပုံစံဖြစ်နေပြီလဲ…..။

သူမလည်း သူမဖေဖေရှိတဲ့ အခန်းထဲကို အပြေးလေးဝင်သွားတယ်။ အခန်းထဲမှာတော့ တချိန်က ခွန်အားတွေအပြည့်နဲ့ သန်မာလွန်းတဲ့ သူမရဲ့ ဖေဖေဟာ ပင်ပမ်းကာ ချည့်နဲ့နေပါပြီ။ ဒါပေမယ့် ဖေဖေက သူမ ၀င်လာတာကို လှမ်းကြည့်လိုက်ပါတယ်။ ပြီးတော့ စကားပြောဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် သူ မပြောနိုင်တော့ပါဘူး။

သူမလည်း သူမဖေဖေဘေးမှာ ထိုင်ချလိုက်ချိန်မှာ မျက်လုံးအိမ်က မျက်ရည်တွေ စီးကျလာပါတယ်။ မလှုပ်ရှားနိုင်တော့တဲ့ သူမဖေဖေရဲ့ ပခုံးကိုလှမ်းဖက်ပြီး ဖက်ထားလိုက်တယ်။ သူမဖေဖေရဲ့ ရင်ဘတ်ပေါ် ကိုလည်း သူမခေါင်းလေးတင်ထားလိုက်တယ်။ တချိန်က သူမဘ၀ကို တံတိုင်းတခုလို ကာကွယ်ပေးခဲ့တဲ့ သူမ ဖခင်ရဲ့ နွေးထွေးမှုတွေ၊ ခွန်အားတွေ၊ ကမ္ဘာပေါ်မှာ သူမအတွက် တခုတည်းသော ပြည့်ဝစစ်မှန်တဲ့ ချစ်ခြင်းကို ပေးနိုင်တဲ့ သူမဖေဖေရဲ့ ချစ်မေတ္တာတွေ……ဒါတွေကို ပြန်တွေးမိချိန်မှာပဲ၊ သူမဟာ သူမဖေဖေကို ဆုံးရှုံးရတော့မယ်ဆိုတာကို သိနားလည်လာတယ်။

ဖဖေ့ကိုဆုံးရှုံးရတော့မယ်…..

အတွေးတွေနဲ့ ပြည့်နေတဲ့ သူမရဲ့အသိ သူမရဲ့နားထဲကို နူးညံ့တဲ့ဂီတသံစဉ်နဲ့တူတဲ့ အသံတခု့ ကြားလာရတယ်။ နှလုံးခုန်သံ။ သူမဖေဖေရဲ့ နူးညံ့တဲ့ နှလုံးခုန်သံကို ကြားလာရတယ်။ သူမ အရမ်းကို အံ့သြသွားတယ်။ ဟုတ်တယ်….. ဒါ သူမကြားချင်နေတဲ့ အသံ… စကားမပြောနိုင်တော့တဲ့ သူမဖေဖေဆီက သူမ ကြားချင်နေတဲ့ အသံ…….

"ဖေဖေချစ်ရတဲ့ သမီးငယ်လေးရယ်……."

ခင်လေး
26-1-2016(2:26pm)
(Chicken Soup Teenage Soul စာအုပ်ထဲက Patty Hansen ရဲ"့Heart Song"ကိုဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ထားပါသည်။)

Title Illustration Credit: Roger Cummiskey Artwork Father and Daughter, 2008 Oil Painting, Abstract Figurative. www.absolutearts.com

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...