တက္ကသိုလ်ဝင်းအတွင်း တကသများက ၅၃နှစ်ပြည့် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်ပြုလုပ်ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၇ရက် ။ ၂၀၁၅ခုနှစ်
Clik here to view.
တက္ကသိုလ်ကျောင်းသားလူငယ်များသည် ဇူလိုင်လ ၇ရက် နေ့ခင်း ၂နာရီတွင်ကမာရွတ်မြို့နယ် စံရိပ်ငြိမ်မှတ်တိုင်မှတက္ကသိုလ်ကျောင်းဝင်း အတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အဦးဟောင်းရှေ့သို့ ချီတက်လမ်းလျှောက်လာပြီး ၅၃နှစ်ပြည့် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားကိုပြုလုပ်ခဲ့ကြသည်။ ၄င်းအခမ်းအနားတွင် ကျောင်းသားများက သွေးမြေကျခဲ့သော ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူများကိုခွပ်ဒေါင်းအလံအရှေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလေးပြုခဲ့ကြသည်။ တက္ကသိုလ် ကျောင်းသားများက ကမ္ဘာမကျေဘူး သီချင်းကို မိုးရေထဲတွင် သံပြိုင်သီဆိုပြီး အဆုံးသတ်ခဲ့သည်။
တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်မှ ယခင်ကျောင်းသားများကလည်း စစ်အာဏာရှင်စနစ် ကိုတော်လှန်ခဲ့ခြင်းများအကြောင်း၊ ၁၉၆၂ ခုနှစ်တွင် ကျောင်းသားသမဂ္ဂအဆောက်အဦကို စစ်အာဏာရှင်များက ဗုံးခွဲခဲ့ခြင်းအတွက် ကျောင်းသားများသွေးမြေကျခဲ့ခြင်း များအကြောင်းနှင့်၊ ယခု လွှတ်တော်ထဲတွင်လည်း စစ်တပ်၂၅ရာခိုင်နှုန်းကို ချက်ချင်းထွက်ပေးရေး အကြောင်းများ ပြောသွားသည်။
Image may be NSFW.
Clik here to view.

ဆက်လက်ပြီး ၄င်းက “၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ့ဟာ စစ်တပ်ကပြည်သူကို ကြိုးတုပ်တယ်ဆိုလို့ရှိရင်၊ ဇူလိုင်လ ၇ရက်နေ့ဟာ စစ်ဖိနပ်ဖြင့် ပြည်သူကို ဆောင့်ကန်တဲ့နေ့ပဲ၊ အဲဒါ ဆဲဗင်းဇူလိုင်ပဲ အဲဒီအတွက်ကြောင့် ကျနော်တို့က ဆဲဗင်းဇူလိုင်ကို ဘယ်တော့မှမမေ့ဘူး၊ ဆဲဗင်းဇူလိုင်ဆိုတာ ကျနော်တို့ကျောင်းသားတွေအတွက်၊ ကျနော်တို့ပြည်သူအတွက်၊ ကျနော်တို့တိုင်းပြည်အတွက် စစ်တပ်က ဗီလိန်ဖြစ်တယ်ဆိုတာကို သက်သေပြတဲ့နေ့ပဲ၊ အဲတော့ ကျနော်တို့ စစ်တပ်ကို ဘယ်တော့မှမကျဘူး” ဟုပြောသည်။
၅၃နှစ်ပြည့်၊ ဇူလိုင် ၇ရက်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို တက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်အပြီးတွင် ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်အား ဇွန်လ ၃၀ရက်နေ့ကပြုလုပ်ခဲ့သော တပ်မတော်သား ၂၅ရာခိုင်နှုန်းအပြင်ထွက်ဟူသော ဆန္ဒပြပွဲတွင် ပါဝင်ခဲ့မှုဖြင့် ဖမ်းဝရမ်းထုတ်ထားသောကြောင့် ရဲများက ဖမ်းဆီးသွားကြောင်း သိရသည်။