Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

လင်းခါး - လူဖြူမကြီး

$
0
0
 
လင်းခါး - လူဖြူမကြီး
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆

တနေ့တော့ တီဗွီထဲက
ကြေးစားလူသတ်သမားလူဖြူမကြီး မစ္စစမစ်ဟာ
ဒုက္ခသည်စခန်းထဲက ဗွက်ရေလမ်းကျဉ်းထဲကိုရောက်လာ
သူ့ ဘွတ်ဖိနပ်ကြီးဟာ ငါ့ ခါးထိရှိတယ်တဲ့
သူ့ မျက်လုံးကြီးတွေက ဖန်ဂေါ်လီတွေပဲတဲ့
သူ့ အသားတွေဟာ ပတ်တီးစတွေထက်တောင် ဖြူသေးတယ်တဲ့
ကလေးတယောက် ကလေးတွေကိုပြန်ပြောလေရဲ့၊
ကလေးတွေဟာ ထူးဆန်းလှတဲ့
လူဖြူမကြီးကို ချောင်းကြည့်နေကြတယ်
ထူးဆန်းလှတဲ့ လူဖြူမကြီးဟာ
သူ့ နှုတ်ခမ်းထူထူကြီးနဲ့
ကလေးငယ်တယောက်ကို ရွှတ်ခနဲ နမ်းလေရဲ့
သြော် ထူးဆန်းလှတဲ့ လူဖြူမကြီး
သူ့ရင်သားတွေရှိသေးရင်
ဒီကလေးတွေကို နို့လှန်တိုက်ခဲ့ဦးမှာ သေချာတယ်။

လင်းခါး
ဇူလိုင် ၂၀၁၅

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>