Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ညွန့်ထွေး - အဓွန့်ရှည်သော ချစ်သူများနေ့

$
0
0




ညွန့်ထွေး - အဓွန့်ရှည်သော ချစ်သူများနေ့ 
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆

ရန်ကုန်မြို့မှာ ချစ်သူများနေ့ကို အစဉ်အလာမပျက်၊ မမေ့မလျော့ ကျင်းပကြတာကတော့ ချစ်သူစုံတွဲတွေပါပဲ။ ဘာသာရေးကိုင်းရှိုင်းသယောင်ယောင်၊ ရိုးရာထိန်းသိမ်းသယောင်ယောင် လုပ်တတ်တဲ့ အစွန်းရောက်တွေ အားကောင်းရာဒေသတွေမှတပါး ကမ္ဘာ့နေရာအနှံ့အပြားမှာလည်း ရန်ကုန်လိုပဲ ကျင်းပပါလိမ့်မယ်။

ချစ်သူများနေ့ကို အလေးထားသူ အများအပြားအတွက် ဒီနှစ်မှာ ကံကောင်းချက်ကတော့ ဒီနှစ်ရဲ့ ဖေဖော်ဝါရီ ၁၄ ဟာ တနင်္ဂနွေဖြစ်နေခြင်းပါ။ တနင်္ဂနွေဟာ ရုံးပိတ်ရက် ဖြစ်တာကြောင့် ရုံးဝန်ထမ်းတွေထဲက ချစ်သူများနေ့မှာ အချိန်ယူ ပျော်ကြ၊ ကြည်နူးကြလိုသူတွေ ပိုပြီး စိတ်ချမ်းသာကြဖွယ်ရှိပါတယ်။

ရန်ကုန်မြို့လယ်၊ ကန်တော်ကြီးပန်းခြံ၊ ကုန်တိုက်ကြီးများမှာ ဒီနေ့ တနင်္ဂနွေနေ့မှာ ချစ်သူတွေ ပိုများနေသလို ထင်ရပါတယ်။ တူညီဝတ်စုံ၊ ဆင်တူအင်္ကျီ ဝတ်ဆင်ပြီး ဖေဖော်ဝါရီ ၁၄ နေ့ထူးနေ့မြတ်ကို သာသာယာယာ ကျော်ဖြတ်သူ စုံတွဲတွေကို တွေ့ရသလို ဆင်တူ ဝတ်ဆင်ခြင်း မရှိဘဲ အေးချမ်းသာယာနေတဲ့ စုံတွဲတွေကိုလည်း တွေ့ရပါတယ်။

သွားလေသူ စစ်အစိုးရ ခေတ်လယ်ပိုင်းကာလမှာ "ချစ်သူများနေ့"ဆိုတဲ့ စကားလုံးဟာ ဆင်ဆာဖြတ်ရမယ့် စကားလုံး၊ အများပြည်သူ မဖတ်ရှုသင့်တဲ့စကားလုံး ဖြစ်ခဲ့တယ် ဆိုတာကို ဒီကနေ့ ဆယ်ကျော်သက်တွေကို ပြောပြရင် ယုံကြမယ် မထင်ပါဘူး။ ဒီခေတ် အရပ်ဝတ်အစိုးရကတော့ လိမ္မာရေးခြားရှိတဲ့အစိုးရအမျိုးအစား ဖြစ်တာကြောင့် အဲဒီလို အူကြောင်ကြောင်၊ ပေါတောတောအလုပ်တွေ မလုပ်ပါ။ ဘယ်ကိစ္စတွေမှာ ခပ်တည်တည် နေရမယ်ဆိုတာကို သဘောပေါက်တဲ့ အစိုးရ အုပ်ချုပ်တဲ့ကာလ ဖြစ်တာကြောင့် ဖေဖော်ဝါရီ ၁၄ တွေဟာ မင်္ဂလာရှိနေပါပြီ။

ချစ်ကြသူများနေ့အတွက် အကြီးအကျယ် ကြိုတင်ပြင်ဆင်သူတွေကတော့ စုံတွဲများ မဟုတ်ကြပါဘူး။ အဲဒီလို ကြီးကြီးကျယ်ကျယ် ပြင်ဆင်သူတွေက လုပ်ငန်းရှင်များပါပဲ။ သူတို့တွေက စုံတွဲတွေကို အထူးပစ်မှတ်ထားပြီး အရောင်းမြှင့်တင်ကြပါတယ်။ သူတို့ဟာ ဟိုရက်ပိုင်းကမှ တရုတ်နှစ်သစ်ကူး အထူးအစီအစဉ် ဆိုတာတွေ လုပ်ခဲ့သူတွေပါ။ သူတို့တွေ နောက်ထပ် အကြောင်းပြစရာနေ့ကတော့ မြန်မာနှစ်သစ်ကူးကာလ ဧပြီလမှ လာပါလိမ့်မယ်။ နှစ်သစ်ကူးသင်္ကြန်မတိုင်ခင် တွေ့ရမယ့် တပို့တွဲလပြည့်၊ တပေါင်းလပြည့်၊ လယ်သမားနေ့၊ တပ်မတော်နေ့တွေကတော့ အရောင်းမြှင့်တင်ရေးအတွက် အသုံးတည့်မယ် မထင်ပါ။

ချစ်သူများနေ့ကို ဥပေက္ခာပြုလိုသူတွေ ရှိတယ် ဆိုရင် ဘယ်သူတွေ ဖြစ်မယ် ထင်ပါသလဲ။ သူတို့တွေဟာ အဖော်မဲ့သူတွေ ဖြစ်နိုင်ပါတယ်။ အနားမှာ အဖော်ရှိပေမယ့် ဖေဖော်ဝါရီ ၁၄ ယဉ်ကျေးမှုနဲ့ အသားမကျသူတွေလည်း ဖြစ်နိုင်ပါတယ်။ နေ့တိုင်းနေ့တိုင်းဟာ ချစ်သူများနေ့ပါပဲ လို့ အကောင်းမြင်သူများလည်း ဖြစ်နိုင်တာပေါ့။

မြန်မာနိုင်ငံမှာ စတင် ပေါ်ပေါက်လာတာ မဟုတ်ပေမဲ့ ချစ်သူများနေ့ဟာ မြန်မာ စာနယ်ဇင်းသမားတွေအတွက်တော့ ကုန်ကြမ်းကောင်းတစ်ခုလို့ ဆိုရပါမယ်။ ဒီနေ့ကို ကြိုဆို ဂုဏ်ပြု ရေးသားသူတွေ၊ ဒီနေ့အကြောင်း ဖွဲ့နွဲ့သူတွေ ရှိသလို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီ ၁၃ ကိုလည်း မေ့မထားကြဖို့ တိုက်တွန်းတဲ့ ကလောင်ရှင်တွေ၊ ကာတွန်းဆရာတွေလည်း ရှိပါတယ်။ ၁၃ ဟာ ၁၄ ကြောင့် မှိန်နေတာမဟုတ်ဘဲ ဒေဝဒတ်ဂိုဏ်းသားတွေ ဘုန်းကြီးတဲ့ကာလ ရှည်ကြာသွားတာကြောင့် မှိန်နေတာပါ။

ကမ္ဘာကြီးက ရွာကြီးဖြစ်လာပြီ - ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေပြီ လို့ စတင် ရေးသားကြတဲ့ ကာလကို မှတ်မိကြမယ် ထင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်ကပါ။ ဒီလိုနဲ့ မြန်မာပြည်ဟာ ကမ္ဘာ့ရွာကြီးထဲ အလိုအလျောက် ရောက်သွားပါတယ်။ ထိုနည်းတူ … အများတကာ ကျင်းပကြတဲ့ ချစ်သူများနေ့ ဆိုတာကလည်း "အလိုအလျောက်"ရောက်လာပါတော့တယ်။ တားဆီးလို့ မရပါဘူး။ တားဆီးလို့လည်း မသင့်တော်ပါဘူး။

ချစ်သူများနေ့ဟာ ဘောင်းဘီရှည်လို ဖြစ်နေပြီလို့လည်း ဒီနေ့ စဉ်းစားမိတယ်၊ ဘာကြောင့်လဲ ဆိုတော့ စုံတွေအများစုက ဘောင်းဘီရှည်ကိုယ်စီ ဖြစ်နေလို့ပါ။ မြန်မာပြည်မှာ ဘောင်းဘီဝတ်ယဉ်ကျေးမှု ပိုမို အမြစ်တွယ်လာချိန်မှာ ချစ်သူများနေ့ယဉ်ကျေးမှုကလည်း ပိုမို အရှိန်ရနေ၊ လူကြိုက်များနေပါပြီ။

ဒီအက်ဆေး ရေးသားသူ မောင်ညွန့်ထွေးက ချစ်သူများနေ့ကို တကူးတက ပါဝင် စီးမျောခြင်း မဟုတ်ပေမယ့် ရန်ကုန်မြို့အတွင်း ဟိုနားဒီနားရောက်ဖြစ်တယ်၊ တယ်လီဖုန်းထဲမှာ ကင်မရာက "အလိုအလျောက်"ပါဝင်နေတယ် ဆိုတဲ့ အကြောင်းတိုက်ဆိုင်မှုတွေကြောင့် ဒီကနေ့ မြင်ကွင်းတွေကို မှတ်တမ်းတင်ဖြစ်ပါတယ်။

ချစ်သူများနေ့ အဓွန့်ရှည်ပါစေ၊ ချစ်သူများနေ့ အဓွန့်ရှည်ရမည်လို့ အထူးတလည် ကြွေးကြော်စရာ မလိုပါ၊ အဲဒီလို ဖြစ်ကို ဖြစ်လာပါလိမ့်မယ်။ စာရှုသူမိတ်ဆွေ … သင်ရဲ့ ဖေဖော်ဝါရီ ၁၄ ကရော ဘယ်လိုအခြေအနေ ရှိပါသလဲ။

ရွှင်လန်းအေးချမ်းဖွယ် ချစ်သူများနေ့ ဖြစ်ပါစေ။ ။

Viewing all articles
Browse latest Browse all 9633

Trending Articles


လိပ်အဆင်း မြင်းအတက် လင်းလက်တဲ့ဆည်းဆာ || ရီနေနိုင် ||


ကျွန်တော်သိသမျှ... သုတစာပေနှင့် ရသစာပေ၏အကြောင်း....


မနောမယအိမ်ခြံမြေရောင်းနည်း


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


အနောက်ဘက်လွန်မင်း နန်းတက်ခြင်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


ပေစောင့်နတ် - နာမည်သညာ ခေါ်စရာကား ရှင်ဘုရင်စိန်


ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!


♪ Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ ♫


သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀၀၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား


AGD ရှယ်ယာ အများဆုံးဝယ်သူ ဦးအေးနေ၀င်း နှင့်တွေ့ဆုံခန်း


Burmese to English Dictionary (Unicode)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


၂၀၁၅ ရွေးကောက်ပွဲ မဲပေးချိန် အမီ "ဆင်ခြင်ဉာဏ်ဖြင့်ရွေးချယ်ခြင်း"စာအုပ် ထွက်မည်


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>