ဒီလူည - မင်းတို့ငါတို့ဟာ လမ်းနဲ့ကမ်းနဲ့ ဝေးကွာတဲ့ လူငယ် (၃)
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
ဒီစက္ကန့်တွေက
ငါတို့အတွက် အသွားမြနေတဲ့ဓားတစ်စင်းလို
ပျော်ရွှင်မှုများ
တွေ့ဆုံမှုများ ကိုတိတ်တဆိတ်ခုတ်ဖြတ်
ကံတရားကပဲ မြေနိမ့်သွားတာလား
ခေတ်ကြီးကပဲ ကန္တရဆန်သွားတာလား
(သူငယ်ချင်းတို့)
ငါတို့တစ်ယောက်ကိုတစ်ယောက် မတွေ့နိုင်ကြ
ငါတို့တစ်ယောက်စကားတစ်ယောက် နားမထောင်နိုင်ကြ
ကိုယ့်အသက်ဓာတ်ကိုယ်ရဖို့
ကိုယ့်မိသားစု ကိုယ်ပိုင်ဖို့
တချို့က အမိမြေကို ကျောခိုင်း
'စ'လုံးရောက်သူက ရောက်
'မ လေး'ရောက်သူက ရောက်
'ဘန်ကောက်'ရောက်သူက ရောက်
ရောက်ရာ ပေါက်ရာ ဝေဒနာတွေထမ်းပြီး
ရောက် ရာပေါက် ရာချွေးစက်တွေထမ်းပြီး
ရောက်ရာပေါက်ရာ အကျဉ်းသားတစ်ယောက်လို ရုန်းကန်ရပြီး
ကိုယ့်လေ ကိုယ် ပြန်မရှူနိုင်ကြ
ဒီနေ့ပြီး နောက်မနက်
ဒီခြေလှမ်းတွေကို ဝေးကွာမှုတွေနဲ့ထောက်ကန်
ဒီတမ်းတမှုတွေကို ဒဏ် ရာတွေနဲ့ဖာထေး
ဒီကျိန်စာတွေကို သွေးစက်တွေနဲ့ကာလို့
ဘယ်မှာလဲ ငါတို့ဘဝ
ငါတို့လူငယ်ဘဝတွေက
ဓာတုဆေးဝါးတွေကြား
ဓာတုလက်နက်တွေကြား
အစွယ်တ ဖွေးဖွေး အကြည့်စိမ်းတွေကြား
ဘာမသိ ညာမသိ လူအန္ဓတွေကြား
ကိုယ့်အရိပ် ကိုယ်တောင်
တံစက်မြိတ်ကို မကျော်လွန်နိုင်ကြ
ရင်နာစရာ ရွှေလိုကျင်ယူရမယ့်
ငါတို့သူငယ်ချင်းတွေရဲ့ ရယ်မောသံတွေ
တစ်မြို့တည်းနေ သူငယ်ချင်းတွေ
ပြုံးပြဖို့ မရှိ
နှုတ်ဆက်ဖို့ မရှိ
ကိုယ့်အရေးကြီးမှုနဲ့ ကိုယ်
ဒီကန့်သတ်မှုတွေ ကြားထဲ
ငါတို့ဘဝ
ငါတို့လူငယ်ဘဝတွေက
လူနဲ့မဆံ့အောင် ပိန်လို့
ဟေ့ ဖရိုဒ်
ခင်ဗျားရဲ့စစ်ချက်တွေနဲ့ ဒီညတွေကိုပြန်စစ်ဦးဗျ
ဟေ့ ဒါဝင်
ခင်ဗျားရဲ့ အီဗော်လူးရှင်းသီအိုရီနဲ့ ဒီနေ့တွေကို စမ်းသပ်ဦးဗျ
ဟေ့ စပီးဘတ်
ခင်ဗျားရဲ့ အထူးပြုလုပ်ချက်တွေနဲ့
ငါတို့ရဲ့ လူငယ်ဘဝတွေကို ပြန်ရိုက်ဦးဗျ
ဒီအကျိုးအပဲ့ တိမ်စိုင်တွေကြား
ငါတို့ဘဝ
ငါတို့ လူငယ်ဘဝတွေက
ဘယ်ဆေးထိုးမှ နေပြန်ကောင်းမှာလဲ ဆိုတဲ့မေးခွန်း
ခုထိ မီးပွိုင့်မိနေတုန်း။ ။
ဒီလူည
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
ဒီစက္ကန့်တွေက
ငါတို့အတွက် အသွားမြနေတဲ့ဓားတစ်စင်းလို
ပျော်ရွှင်မှုများ
တွေ့ဆုံမှုများ ကိုတိတ်တဆိတ်ခုတ်ဖြတ်
ကံတရားကပဲ မြေနိမ့်သွားတာလား
ခေတ်ကြီးကပဲ ကန္တရဆန်သွားတာလား
(သူငယ်ချင်းတို့)
ငါတို့တစ်ယောက်ကိုတစ်ယောက် မတွေ့နိုင်ကြ
ငါတို့တစ်ယောက်စကားတစ်ယောက် နားမထောင်နိုင်ကြ
ကိုယ့်အသက်ဓာတ်ကိုယ်ရဖို့
ကိုယ့်မိသားစု ကိုယ်ပိုင်ဖို့
တချို့က အမိမြေကို ကျောခိုင်း
'စ'လုံးရောက်သူက ရောက်
'မ လေး'ရောက်သူက ရောက်
'ဘန်ကောက်'ရောက်သူက ရောက်
ရောက်ရာ ပေါက်ရာ ဝေဒနာတွေထမ်းပြီး
ရောက် ရာပေါက် ရာချွေးစက်တွေထမ်းပြီး
ရောက်ရာပေါက်ရာ အကျဉ်းသားတစ်ယောက်လို ရုန်းကန်ရပြီး
ကိုယ့်လေ ကိုယ် ပြန်မရှူနိုင်ကြ
ဒီနေ့ပြီး နောက်မနက်
ဒီခြေလှမ်းတွေကို ဝေးကွာမှုတွေနဲ့ထောက်ကန်
ဒီတမ်းတမှုတွေကို ဒဏ် ရာတွေနဲ့ဖာထေး
ဒီကျိန်စာတွေကို သွေးစက်တွေနဲ့ကာလို့
ဘယ်မှာလဲ ငါတို့ဘဝ
ငါတို့လူငယ်ဘဝတွေက
ဓာတုဆေးဝါးတွေကြား
ဓာတုလက်နက်တွေကြား
အစွယ်တ ဖွေးဖွေး အကြည့်စိမ်းတွေကြား
ဘာမသိ ညာမသိ လူအန္ဓတွေကြား
ကိုယ့်အရိပ် ကိုယ်တောင်
တံစက်မြိတ်ကို မကျော်လွန်နိုင်ကြ
ရင်နာစရာ ရွှေလိုကျင်ယူရမယ့်
ငါတို့သူငယ်ချင်းတွေရဲ့ ရယ်မောသံတွေ
တစ်မြို့တည်းနေ သူငယ်ချင်းတွေ
ပြုံးပြဖို့ မရှိ
နှုတ်ဆက်ဖို့ မရှိ
ကိုယ့်အရေးကြီးမှုနဲ့ ကိုယ်
ဒီကန့်သတ်မှုတွေ ကြားထဲ
ငါတို့ဘဝ
ငါတို့လူငယ်ဘဝတွေက
လူနဲ့မဆံ့အောင် ပိန်လို့
ဟေ့ ဖရိုဒ်
ခင်ဗျားရဲ့စစ်ချက်တွေနဲ့ ဒီညတွေကိုပြန်စစ်ဦးဗျ
ဟေ့ ဒါဝင်
ခင်ဗျားရဲ့ အီဗော်လူးရှင်းသီအိုရီနဲ့ ဒီနေ့တွေကို စမ်းသပ်ဦးဗျ
ဟေ့ စပီးဘတ်
ခင်ဗျားရဲ့ အထူးပြုလုပ်ချက်တွေနဲ့
ငါတို့ရဲ့ လူငယ်ဘဝတွေကို ပြန်ရိုက်ဦးဗျ
ဒီအကျိုးအပဲ့ တိမ်စိုင်တွေကြား
ငါတို့ဘဝ
ငါတို့ လူငယ်ဘဝတွေက
ဘယ်ဆေးထိုးမှ နေပြန်ကောင်းမှာလဲ ဆိုတဲ့မေးခွန်း
ခုထိ မီးပွိုင့်မိနေတုန်း။ ။
ဒီလူည