ချမ်းမြ - "သတင်းစာ"
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
နောက်ကျောစာမျက်နှာက နာရေးသတင်းကို
အဖွင့် အမှာစကား ပြောကြားပြီး
စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ခဲ့သည်
လင်မယားနှစ်ဦး ကွာရှင်းပြတ်စဲခြင်းကို
ဝန်ကြီးများ မိတ်ဆုံစားပွဲ ကျင်းပခဲ့သည်
အမျိုးသားပြည်သူ့လွှတ်တော်မှ
ဥပဒေအသစ်တစ်ခု ပြဌာန်းလိုက်ကြောင်း
သတင်းကို စုံစမ်းမေးမြန်းခြင်း သီးခံပါ ။ ။