Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

လင်းခါး - ရှုမဝချစ်ကိုယ်တွေ့

$
0
0

လင်းခါး - ရှုမဝချစ်ကိုယ်တွေ့ 
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆

ရှုမဝချစ်ကိုယ်တွေ့ ရေးဖူးတဲ့ ဘွားတော်ဟာ ဂန္တဝင် စာရေးဆရာကြီးကို အရေးအသား လိုသေးတဲ့အကြောင်း ဖုန်းဆက်ပြောတယ်။

ရှုမဝချစ်ကိုယ်တွေ့ ရေးဖူးတဲ့ ဘိုးတော်က အခု ကျနော့်သား မင်းသား ဖြစ်ပြီ၊  ကျနော့်ရဲ့ အနုပညာမျိုးဆက် ပေါ့ဗျာတဲ့။

ရှုမဝချစ်ကိုယ်တွေ့ ရေးဖူးတဲ့ အရာရှိကြီးဟာ အဝေးပြေးကားပေါ်မှာ ဘေးကပ်ရက်ခုံက ကဗျာဆရာကို ကိုယ်လည်း စာကောင်းကောင်းရေးခဲ့ဖူးတယ်၊ ဘဝတက်လမ်းမရှိလို့ မရေးတော့ဘူး ... တဲ့ ဆိုလေတယ်။

ရှုမဝချစ်ကိုယ်တွေ့ ရေးဖူးတဲ့ အစိုးရဝန်ကြီးက မိန့်ခွန်းထဲ ထည့်ပြောတယ်၊ စာရေးတယ်ဆိုတာ သိပ်လွယ်တယ်၊ အလုပ်လုပ်ရတာသာ ခက်သတဲ့။

ရှုမဝမှာ ချစ်ကိုယ်တွေ့ ရေးဖူးလား

 မရေးဖူးရင် သင် ...
နောင်တ ရနေ စေရမယ်။ ။

Viewing all articles
Browse latest Browse all 9633


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>