Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဒီလူည - ခရေလမ်းက အုတ်ခုံလေးပေါ် ကျန်ခဲ့တဲ့ညတွေက ပြန်တွေးတိုင်းနွေးတယ်

$
0
0

ဒီလူည - ခရေလမ်းက အုတ်ခုံလေးပေါ် ကျန်ခဲ့တဲ့ညတွေက ပြန်တွေးတိုင်းနွေးတယ်
(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၃၀၂၆
  
ကြယ်စုံအောင် မစောင့်ကြဘူး
လူစုံအောင် မစောင့်ကြဘူး
ရှိတဲ့လူနဲ့ ညကို စဖွင့်တယ်
ပြန်လာပါတော့ ပါတယ်
အလင်းရောင် ပါတယ်
မျှော်လင့်ခြင်းကွင်းပြင် ပါတယ်
နားလည်ပါ ပါတယ်
အချစ်ငှက် ပါတယ်
ဂစ်တာတစ်လက်နဲ့
ငါတို့ လရောင်ကိုမျှားခဲ့တယ်
ငါတို့တွေ ကမ်းနဲ့ဝေးအောင် ထွက်ခဲ့တယ်
ဂစ်တာသံကို ဖုံးအောင် အော်ခဲ့ကြတယ်
ညဥ့်နက်သန်းခေါင်းထိ လူစုမကွဲကြဘူး
ကိုးနာရီကျော်ရင် ကိုယ့်ဗော်လူး ကိုယ်လျှော့
စကားလုံးတွေစုပြီး ကြယ်တွေကိုငေးလို့
ငါတို့
အဲ့သလို ကုန်လွန်ခဲ့တဲ့ အတိတ်ထဲ
ပြန်မဝင် နိုင်ကြတော့ဘူး ဆက်မွန်
မင်းက ငါ့ကို ကော့ဒ်တွေ ကိုင်ပြ
နုတ်စ်တွေပြနဲ့
ငါတို့တွေ
အဲဒီ အုတ်ခုံလေးမှာ ပြန်မဆုံကြတော့ဘူး
ငါတို့သူငယ်ချင်းတွေ
အဲဒီခရေလမ်းမှာ သီချင်းမဆိုဖြစ်ကြတော့ဘူး
အဲဒီခရေလမ်းမှာ
ခြင်းလည်း မခတ်နိုင်ကြတော့ဘူး ငသက်
ကင်းစောင့်ပြီဆိုတာနဲ့
အဲဒီညကို
ကြက် ကာလသားချက်နဲ့မြည်း
ငါတို့
အဲ့သလို ပြက္ခဒိန်ထဲ ဝင်အိပ်ခဲ့ကြတယ်
မဟုတ်လား  ဒင်ကြီး
ပျော်စရာပါပဲ
ပြန်တွေးတိုင်း လွမ်းစရာပါပဲ ဦးဟန်
ခုဆို ခရေလမ်းမှာ
အုတ်ခုံလေးက တိတ်ဆိတ်လို့
အတိတ် ရနံ့တွေက အေးခဲလို့
ငါတို့တွေက ဝေးကွာလို့
အရင်က
(ငါတို့) နက်အောင်တူးခဲ့တဲ့ ညတွေလေ
ခုတော့  ငါတို့ကို
နက်အောင် ပြန်တူးနေပြီ  စည်သူ။  ။

ဒီလူည

Viewing all articles
Browse latest Browse all 9633

Trending Articles