Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

နီဇူလိုင် - စိုးစိတ်

$
0
0
နီဇူလိုင် - စိုးစိတ်
(မိုးမခ) မတ် ၁၊ ၂၀၁၆

အယ်နီညို
တို့မြေတွေကိုကျူးကျူးကျော်ကျော်
သူပိုင်မြေလို့..ဆိုင်းဘုတ်လာစိုက်တယ်..။

အယ်နီညို
တို့မြေဆီသယံဇာတတွေခမ်းခြောက်..
တောတောင်တွေပျောက်အောင်
သူဘယ်လို .ဘယ်အချိန်မှာ.စုပ်ယူလိုက်ပါလိမ့်..။

အယ်နီညို
သူ့ကြောင့်
တို့မြေမှာ တို့တွေနေစရာမရှိတော့ပဲ
တွင်းနက်ကြီးထဲမှာဆင်းရဲခြင်းနဲ့အတူ
ကျူးကျော်တွေဖြစ်ရတယ်..။
တို့အပေါ်မှာ မွဲတေခြင်း မြေစာတွေပိပိကျလို့..။

အယ်နီညို
သူဟာ..ပိုင်စိုးပိုင်နင်း
ရာသီစောင့်နတ်သမီးလေးရဲ့  အလင်းကိုလဲဖျက်တယ်..။

ရာသီစောင့်နတ်သမီးလေးကတော့
တို့အတွက်လို့ ပြောတာပဲလေ
အယ်နီညိုကို..
ရင်ကြားစေ့ဖို့ကြိုးစားတယ်..။
ငြိမ်းချမ်းရေးသပြေခက်ကို လက်ကမ်းတယ်..။

မေတ္တာသုတ်ရွတ်ပြတယ်..။
ဒါပေမဲ့..
အယ်နီညို
သူက မုန်ယိုတဲ့ဆင်ရိုင်းပဲ
သူက..စစ်ဦးဘီလူးပဲ
မေတ္တာသုတ်ကို နင်းချေ
ငြိမ်းချမ်းရေးသပြေခက်ကို ပုတ်ချ..။
ရင်ကြားစေ့ဖို့တွေ..ဘာတွေလဲ နားမလည်ရှာဘူး..။

သူ့မှာက အစွယ်ပဲအားကိုးရှိတော့
အစွယ်ပဲထုတ်ပြတတ်တယ်။
တို့တွေမှာသာ
ကျွမ်းပြန်
သောကတွေလျှံလို့..။
တို့မှာကွာ..
အယ်နီညိုကို ကြောက်ရတာထက်
ရာသီစောင့်နတ်သမီးလေးပါ
အယ်နီညို ဖြစ်သွားမှာစိုးလိုက်တာ..။ ။

နီဇူလိုင်
၂၉.၂.၁၆

Viewing all articles
Browse latest Browse all 9633

Trending Articles


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ရဲချုပ်ကိုအကြံပေးခန့် 


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>