Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဗိုလ်မှူးချုပ်ကျော်ဇော (၁၉၁၉ - ၂၀၁၂) အတ္ထုပွတ္တိအကျဉ်း

$
0
0
 
ဗိုလ်မှူးချုပ်ကျော်ဇော (၁၉၁၉ - ၂၀၁၂) အတ္ထုပွတ္တိအကျဉ်း
(မိုးမခ၊ colorful people ရာပြည့်ပြခန်း) ဇူလိုင် ၁၀၊ ၂၀၁၅

• မွေးနေ့
- ၁၉၁၉ - ဒီဇင်ဘာ - ၃ ရက်။ ဇာတိ-- သာယာဝတီခရိုင်။ သုံးဆယ်မြို့။ ဆိုင်းစုရွာ။
- မိဘ - ဦးပန်း - ဒေါ်တင့်။ မွေးချင်း (၆) ယောက် - ဒုတိယသား။

• ပညာရေး
- မူလတန်း-ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်း။
------------ အလယ်တန်း-သုံးဆယ်-အာရ်-စီ-အမ်ကျောင်း။ လိပ်အင်းကျောင်း။
------------ အထက်တန်း-ဟင်္သတမြို့လယ်တီကျောင်းတိုက်။ ရန်ကုန်ပုဇွန်တောင်မြူနီစယ်ကျောင်း။
------------ ကြည့်မြင်တိုင်အထက်တန်းဆရာဖြစ်သင်တန်း။ (ကျောင်းသားသမဂွထောင်ပြီး အတွင်းရေးမှူးတာဝန်ယူခဲ့။)

• နိုင်ငံရေး
- ၁၉၃၈ -  (၁၃၀၀ ပြည့်) အရေးတော်ပုံတွင် ပါဝင်ခဲ့။ တို့ဗမာအစည်းအရုံးကိုဝင်ခဲ့။ သခင်ရွှေဖြစ်လာ။

- ၁၉၄၁ - ဧပြီလ (၁၃) ရက်-ရဲဘော်သုံးကျိပ် ဒုတိယအသုတ်အဖြစ် ဂျပန်သို့ စစ်ပညာသင်ရန်ထွက်ခွာ။

- ၁၉၄၁ - ဒီဇင်ဘာ (၂၆) ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ-အိုင်-အေ) ကို ဖွဲ့ စည်းရာမှာ ပါဝင်ခဲ့။ ဗိုလ်ကျော်ဇောအမည်ခံယူ။

- ၁၉၄၂ - မတ်လမှာ ဘီ-အိုင်-အေတပ်ကြီးနဲ့အတူ ရန်ကုန်ကိုပြန်လည်သိမ်းပိုက်။ အောက်ဗမာပြည်တာဝန်ခံ။

- ၁၉၄၃ - ၄၄ - ပဲခူး-စံပြကျောင်း-ကျောင်းအုပ်။

- ၁၉၄၄ - နှစ်လယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရဲ့စေခိုင်းချက်အရ ဖတပလ (နောင်ဖဆပလ) ဖွဲ့စည်းရန် သခင်စိုးကို သွား ရောက်ခေါ်ဆောင်။ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်။

- ၁၉၄၅ မတ်လ (၂၇) ရက်မှာစတင်ခဲ့တဲ့ ဂျပန်တော်လှန်ရေးအတွင်း တိုင်း ၄ တိုင်းမှူးဖြစ်။

- ၁၉၄၅ - သြဂုတ်လ-ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဒုတိယကွန်ဂရက်မှာ ဗဟိုကော်မတီအဖြစ်အရွေးခံရ။ ၁၉၄၅ - စက်တင် ဘာ-ကန္ဒီစာချုပ်ချုပ်ရာမှာ ဗမာကိုယ်စလှယ်အဖြစ်ပါဝင်။

- ၁၉၄၈-၁၉၅၂ - ဗမာ့တပ်မတော် တိုင်းမှူးဖြစ်။ အင်းစိန်တိုက်ပွဲအပါအ၀င် ပြည်တွင်းစစ်အစောပိုင်းကာလများမှာ ဦးစီးတိုက် ခဲ့ရ။

- ၁၉၅၃ - ၅၆ - တရုတ်ဖြူစစ်ဆင်ရေးများ။ ဘုရင့်နောင်နဲ့ ရန်ကြီးအောင်စစ်ဆင်ရေးများ ဦးစီးတိုက်ခဲ့။

- ၁၉၅၇ ဇွန်- ဗကပနဲ့ဆက်သွယ်မှုဖြင့် တပ်မတော်မှ အငြိမ်းစားပေးခြင်းခံရ။

- ၁၉၅၈ - ၁၉၆၂ - ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့- တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး - အမျိုးသားကော်မတီ စ သည့်အဖွဲ့များနှင့်အတူ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့။ စာအုပ်စာတမ်း အမြောက်အများရေးသားထုတ်ဝေခဲ့။

- ၁၉၆၀ - ဖေဖေါ်ဝါရီ (၆) ရက်နေ့မှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ကြည့်မြင်တိုင်တောင်ပိုင်း မဲဆန္ဒနယ်မှ “တသီး ပုဂ္ဂလ” အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့။

-  ၁၉၇၆ ဇူလိုင်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီသို့ ပြန်လည်ရောက်ရှိ။ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့။

- ၁၉၈၅-ဗမာပြည်ကွန်မြူနစ်ပါတီ တတိယအကြိမ်ကွန်ဂရက်တွင် ကွန်ဂရက်သဘာပတိအဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့။ ၎င်း ကွန်ဂရက်မှ ဗဟိုကော်မတီအဖြစ် အရွေးခံရ။ ဗဟိုစစ်ကော်မရှင်အဖြစ် ပြန်လည်အရွေးခံရ။ ဗဟိုစစ်ဦးစီးဌာန-ဒုတာဝန်ခံ။ ၁၉၈၉-၈- ၄ အပြီးဖွဲ့စည်းခဲ့သည့် ဒီ-ပီ-အေ (ဒီမိုကရက်တစ်ပြည်ချစ်တပ်မတော်) - တပ်မှူး။

- ၁၉၉၀ - တရုတ်ပြည်မှာရောက်ရှိအနားယူ။ နိုင်ငံခြားရှိ သတင်းမီဒီယာများနဲ့ တွေ့ဆုံမေးမြန်းခန်းများပြုလုပ်ပြီး ဗမာပြည် သမိုင်းကြောင်းများ ပြောပြမှတ်တမ်းတင်ခဲ့။ စာအုပ်စာတမ်းများလည်းရေးသားထုတ်ဝေခဲ့။

- ၂၀၀၃ - ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို အပိုင်းလိုက် စတင်ရေးသား။

- ၂၀၀၇- ကိုယ်တိုင်ရေးအတ္ထုပွတ္တိ အပြည့်အစုံစာအုပ်ကို နိုင်ငံခြားမှာ စတင်ထုတ်ဝေ။

- ၂၀၁၂- အောက်တိုဘာ (၁၀) ရက်- အသက် (၉၃) မှာ ကွယ်လွန်။

• ပြုစုရေးသားခဲ့သည့်စာအုပ်များ
၁။ ဖက်ဆစ်တော်လှန်ရေး။
၂။ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ။
၃။ ပြည်တွင်းငြိမ်းချမ်းရးသဘောထားနှင့် လက်ရွေးစင်မိန့်ခွန်းများ။
၎။ ကမ္ဘာစစ်နှင့် ငြိမ်းချမ်းရေး။
၅။ သမိုင်းမှန်ကူကွက်များ။
၆။ တရားခံအစစ်ဘယ်သူလဲ။
၇။ မီဒီယာလောကနှင့် အင်တာဗျူးများ။
၈။ ကိုယ်တိုင်ရေးအတ္ထုပွတ္တိ။
    
• ပေးပို့သူ
လှကျော်ဇော
ဇူလိုင် ၇၊ ၂၀၁၅

•  ကိုးကား
၁။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထ္ထုပွတ္တိပေါင်းချုပ်။
၂။ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့  (၂၀၀၇ ဓူဝံစာပေ)

Reference - http://colorfulpeople.moemaka.net/

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>