Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဒီလူည - ကျည်ဆံပေါ်မှာထွင်းခဲ့တဲ့အမည်

$
0
0
 
ဒီလူည - ကျည်ဆံပေါ်မှာထွင်းခဲ့တဲ့အမည်
(မိုးမခ) မတ် ၄၊ ၂၀၁၆

"သူတို့ကတောင် ပစ်ရဲသေးရင်
 သမီးတို့က ဘာလို့အသေမခံရဲရမှာလဲ"တဲ့

၁၆ နှစ်သမီးရဲ့ ချွန်းဖွင့်သံက
ဗစ်တာ့ ရင်ဘတ်ကို  လာလာစိုက်တယ်

တွေးမိတိုင်း ဗစ်တာ့ရဲ့လေးလက်မလောက်ရှည်တဲ့
ဦးခေါင်းကဆံပင်တွေတောင် ထောင်မတတ်ဖြစ်ရတယ်

ဗစ်တာ သူမကို အရှင်လတ်လတ် မတွေ့ဖူးဘူး

ဂျာနယ်မှာတွေ့ရ တဲ့ဓာတ်ပုံထဲမှာ
လူနှစ်ယောက်က သူမကို သယ်မနေတယ်
အဲဒီ ပိန်ပိန်သွယ်သွယ် ၁၆ နှစ်သမီးကတဲ့လား

အို မြတ်စွာဘုရား
ဗစ်တာ့မျက်လုံးတွေဟာ ရှိသင့်တာထက် ပိုကျယ်သွားတယ်

ဒီအရွယ်နဲ့ ဒီအသက်ကို ကျည်ဆံမှာချိတ်ပြီး လင်းပြခဲ့တာ
"ဒီမိုကရေစီမရမချင်း အမျှမဝေပါနဲ့"တဲ့

အို မြတ်စွာဘုရား
ဗစ်တာ့ ခန္ဓာကိုယ်တစ်ခုလုံး နတ်ဝင်သည်တစ်ယောက်လို ဖြစ်ရတယ်

အားမတန်ပေမယ့် မာန်မလျှော့ခဲ့တဲ့ သူမ
တစ်ဘဝစာမက သံသရာကိုပါ လက်မှတ်ထိုးခဲ့တာ

ဗစ်တာ ချောင်တစ်ချောင်မှာပုန်းကွယ်နေရတဲ့အထိ
သူမ အလင်းရောင်ကို မကြည့်ရဲခဲ့ဘူး

ပိန်ပိန်သွယ်သွယ် (၈) တန်းကျောင်းသူ
အဲ့ဒီ ၁၆ နှစ်သမီးကတဲ့လား

အို မြတ်စွာဘုရား
သူမနာမည်ကြားတိုင်း နားတွေက မျက်ရည်ဝဲတယ်

အို မြတ်စွာဘုရား
သူမနာမည်ကြားတိုင်း ကျီးကန်းတွေက လန့်ပျံသွားကြတယ်

ခုလိုမျိုးသာသိရင်
သူမ ဝိဉာဉ်တောင် အောင်ပွဲခံမယ်လို့
ဗစ်တာ တွေးမိတွေးရာ တွေးမိတယ်လေ

ခုဆို
သူမ နေသက်က သေသက်ကို
ကိုကိုတွေ မမတွေ ခေါ်နေရပြီမဟုတ်လား

ဒါပေမယ့်
သူမ နာမည်ကတော့
ကျည်ဆံတွေပေါ်မှာ ထင်းထင်းကြီးကျန်ခဲ့တယ်။

ဒီလူည

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မင်းဆက်ဝေ-တတိယ(ဘလော့စုစည်းမူ)


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>