ခင်စန်းမေ - ကားပေါ်ကအကျဉ်းသား
(မိုးမခ) မတ် ၆၊ ၂၀၁၆
(မိုးမခ) မတ် ၆၊ ၂၀၁၆
ကားဂက်စ်ထည့်ချိန်နဲ့ နေ့ခင်း နေ့လည် ဂိတ်ထိုင်ချိန်မှာနားချိန်တော့ ရှိပါတယ်။ ဂိတ်မှာကားရှားလို့ ဆက်တိုက်ထွက်ရရင် ထမင်းစားချိန်တောင်မရှိဘူး။
အခက်အခဲကတော့ ကိုယ့်ကြောင့်ကားထိရင် ယာဉ်ပိုင်အုံနာဆီမှာ ပျက်စီးတန်ဖိုးပေးလျော်ဖို. စာချုပ်ချုပ်ထားရပြီး ငွေမကျေ မချင်း မောင်းပေးရတယ်။ သောင်းဂဏန်း သိန်းဂဏန်းထိရှိမယ်ပေါ့ဗျာ။ မိသားစုစားဝတ်နေရေးအတွက် လုပ်ရတာပါ။
ခရီးသည်တွေနဲ့ ဆက်ဆံရာမှာတော့ အဆင်မပြေတာရှိဘူးပါတယ်။ စပယ်ယာလေးနေမကောင်းလို့ ပိုက်ဆံဝင်ကောက်ပေး တုန်းက ငွေ ၁၀၀ ပေးစီးတာ ငါတို့ပြောလဲ နင်တို့ခံရမယ်လို့ အမျိုးသမီးတစ်ယောက်ကပြောဖူးတယ်။ ဒီအလုပ်ကို အစဉ် အမြဲလုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ယာဉ်စည်းကမ်းဖောက်လို့ ယာဉ်ထိမ်းက ကားလိုင်စင်သိမ်းသွားတာလည်း ရှိပါတယ်။ တရားရုံးမှာ ဒဏ်ငွေဆောင်ပြီးတော့ လိုင်စင်ပြန်ရပြီး ကားပြန်မောင်းရတယ်။ မော်တော်ယာဉ်စည်းကမ်းထိမ်းသိမ်းရေးမှာ ၂၀၁၀ ထိ စည်းကမ်းရှိသေးတယ်။ အခုတော့ လိုင်စင်မရှိသူတွေလည်း မောင်းနေကြတာပဲ။ လူတိုက်မိရင် ကားပေါ်က ဆင်းပြေးရော။ ထိခိုက်မိသူလည်း ဘာလျော်ကြေးငွေမှမရဘူး။ ကားကိုတော့ ၄၅ ရက်ထိုးထားပြီး ပြန်ထုတ်ရနေတာပဲ။ လိုင်းယာဉ် စစ်ဆေးရေးဆိုတာကလည်း အရင်လို စစ်ဆေးတာမျိုးမရှိတော့ဘူး။ ဒရိုင်ဘာ၊ စပယ်ယာ ဝတ်စုံအပြည့်အစုံ ဝတ်ရတယ်။ လိုင်းကားမောင်းခွင့်ရဖို့ကို ရေးဖြေ၊ နှုတ်ဖြေ ဖြေရတယ်။ သင်တန်းလည်း တက်ရတယ်။
ကုမ္ပဏီတွေမှာ ယာဉ်မောင်းအလုပ်ရရင်တော့ ပြောင်းလုပ်ချင်တယ်။ အိမ်ထောင်စုစာရင်း ပုံစံ (၁၀) မရှိရင် ရပ်ကွက် ရဲစခန်း ထောက်ခံစာတောင်းမရတော့ ကုမ္မဏီအလုပ်ရဖို့ မလွယ်ဘူး။ ကုမ္ပဏီမှာပဲဖြစ်ဖြစ် အငှားယာဉ်မောင်းပဲဖြစ်ဖြစ် ဘဝအာမခံ ချက် မရှိပါဘူး။ ကိုယ်အလုပ်မလုပ်နိုင်တဲ့ အိုမင်းလာချိန်ဘဝ ဘယ်လိုရှိမလဲ တွေးကြည့်တာမျိုးရှိပါတယ်။ ကိုယ့်သားသမီး တွေပဲ အားကိုးရမှာပါ။ နိုင်ငံရေးတွေ ဘာတွေစိတ်ဝင်စားမှုရှိတယ်။ ဒီမိုကရေစီဆိုတာက သွားနေတုန်းပဲရှိသေးတယ်။ နောင်ဆို နိုင်ငံကကောင်းလာမယ်လို့ မျှော်လင့်နေတာပဲ။
image source : getty images