Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဆောင်းယွန်းလ - မကျေနပ်တာတွေအတွက် ကျေနပ်တယ်

$
0
0
 ဆောင်းယွန်းလ - မကျေနပ်တာတွေအတွက် ကျေနပ်တယ်
(မိုးမခ) မတ် ၁၆၊ ၂၀၁၆

နေထွက်တာကို မြင်နေရက်နဲ့
နေမသာခဲ့တဲ့ နေ့တွေက တဘ၀လုံး ….

ကျောင်းသင်ခန်းစာမှာ အရာရာမှားခဲ့ဖူးတယ် …

လထွက်တာကို မြင်နေရက်နဲ့
လမသာခဲ့တဲ့ ညတွေက တဘ၀လုံး….

ကျောင်းသင်ခန်းစာမှာ အရာရာခါးခဲ့ဖူးတယ်….

ကျောက်သင်ပုန်းထက်က ကောင်းကင်မှာ
ကြယ်တွေစုံခဲ့ပေမယ့်

ညလယ်ယံ ကောင်းကင်ထက်မှာ
တခါတလေမျှ ကြယ်တွေမစုံခဲ့ကြဘူး…

အရာရာဟာ
ကျောင်းသင်ခန်းစာမှာ မှားခဲ့ ခါးခဲ့ရပေါ့…

နေရဲရဲ သေရဲရဲ ဘ၀တွေနဲ့
ရာစုနှစ်များစွာထဲ ကြယ်ကြွေချိန်တိုင်း တောင်းတဲ့ဆု
အခုတော့ ပြည့်ခဲ့ပြီ မေမေ…

တဘ၀လုံးစာ မကျေနပ်ခဲ့တာတွေအတွက်
မနေတတ်ပေမယ့်လည်း အနေတတ်ခဲ့
မကျေနပ်ပေမယ့်လည်း ကျေနပ်ခဲ့ပါပြီ မေမေ..။

 ဆောင်းယွန်းလ (မတ်လ ၁၅၊ ၂၀၁၆)

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>