ရန်ကုန်မြို့ကို လှည့်ပတ်ပြမည့် ချန်ပီယံလိဂ်ဖလား
ရန်နောင်(ဗိုလ်တထောင်) မိုးမခ မတ် ၁၇ - ၂၀၁၆
Heineken မှ စီစဉ်သည့် ဥရောပ ချန်ပီယံလိဂ်ဖလား ကို ရန်ကုန်မြို့တွင် မတ်လ ၂၀ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ ပြသသွားမည့် အစီအစဉ်တွင် အာဆင်နယ်အသင်း၏ ကမ္ဘာကျော်ဘောလုံးသမား Fredrik Ljungberg က ကမ္ဘာ့ဘောလုံးသံတမန်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဥရောပဘောလုံးအဖွဲ့ချုပ် ရုံးချုပ်တည်ရှိသည့် နီယွန်မြို့ ၊ဆွစ်ဇာလန်နိုင်ငံမှ စတင်ခဲ့သော ချန်ပီယံလိဂ်ဖလားသည် အာရှနိုင်ငံများရှိ မြို့ကြီးများတွင် လှည့်လည်ပြီးနောက် လာအိုနိုင်ငံ၊ဗီယန်ကျင်းမြို့မှ တဆင့် ရန်ကုန်မြို့သို့ မကြာမီရောက်ရှိပြီး မတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့အတွင်း လှည့်လည်ကာ ပြသသွားမည်ဖြစ်သည်။
Image may be NSFW. Clik here to view. ![]() |
Valentia De Luca |
ကမ္ဘာအနှံ့ရှိ ဘောလုံးချစ်ပရိသတ်များ ပါဝင်ဆင်နွှဲခွင့်ရတဲ့ ပထမဦးဆုံးသော ပရိသတ်အခြေပြု ဖလားလှည့်လည်တဲ့ ခရီးစဉ်တခုဖြစ်တဲ့ ချန်ပီယံလိဂ်ဖလား လှည့်လည်တဲ့ ခရီးစဉ်က မြန်မာနိုင်ငံအတွက်ဆိုရင် ပထမဆုံးရောက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဘောလုံးအားကစားဝါသနာရှင်တွေအတွက် ချန်ပီယံလိဂ်ဖလားနဲ့အတူ အခြား ရင်ခုန်စိတ်လှုပ်ရှားမယ့် အစီအစဉ်တွေလည်း ပါမှာ ဖြစ်ပါတယ်ဟု ဟင်နီကန်၏ ဈေးကွက်ဌာန ဦးဆောင်သူ Valentia De Luca က ပြောကြားခဲ့သည်။
Image may be NSFW. Clik here to view. ![]() |
U Ko Ko Thein |
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုအထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှလည်။ ` ၂၀၁၆ မီလန်မှာ ကျင်းပတဲ့ ချန်ပီယံလိဂ်ဖလားရဲ့ နောက်ဆုံးပွဲစဉ်မတိုင်မီကာလမှာ ရန်ကုန်မြို့ကို ချန်ပီယံလိဂ်ဖလားကြီး သီတင်းပတ် တပတ်ခန့် ရောက်ရှိလာအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ ဟင်နီကန် နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ကို ကျနော်တို့က ကျေးဇူးတင်ပါတယ် ဟု ပြောကြားသွားခဲ့သည်။
ဘောလုံးချစ်ပရိသတ်များအနေနှင့် ဥရောပချန်ပီယံလိဂ်ဖလားနှင့်အတူ မိမိတို့၏ အထူးခြားဆုံး အဆန်းသစ်ဆုံး စိတ်ကူးအိပ်မက်များကို အနီးကပ်ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။ ၎င်းအပြင် ပရိသတ်များက ဥရောပချန်ပီယံလိဂ်ဖလားနှင့်အတူ မည်သို့မည်ပုံ ပါဝင်ဆင်နွှဲခဲ့ပုံကို ဗီဒီယိုမှတ်တမ်းတင်ရိုက်ကူးနိုင်မည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်ပြီး လူမှုကွန်ရက်ရှိ မိမိသူငယ်ချင်းများကို ချက်ချင်းမျှဝေနိုင်မည်ဖြစ်သည်။
De Luca က ` ချန်ပီယံလိဂ်ဖလား ရန်ကုန်တွင် ရှိနေစဉ်အတွင်း နည်းလမ်းမျိုးစုံနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ဘယ်သူက Bar ပြိုင်ပွဲမှာ အနိုင်ရသူဖြစ်မယ်ဆိုတာကို မကြာခင်မှာ ကြေငြာပေးပါ့မယ်။ ဆုရရှိသူရဲ့ စိတ်ကူအိပ်မက်တွေဟာ လက်တွေ့မှာ မကြာခင်စိတ်လှုပ်ရှားမှု အပြည့်နဲ့ ခံစားရတော့မှာပါ ´ ဟု ထပ်လောင်းပြောဆိုခဲ့သည်။
မတ်လ ၂၄ ရက်နေ့တွင် ဟန်နီကင်မှ အထူးပါတီတခုကို ချန်ပီယံဖလားနှင့်အတူ လျို့ဝှက်တနေရာ၌ ကျင်းပမည်ဖြစ်ပြီး ပရိသတ်ကြီးမှ ထိုနေရာအား ဖော်ထုတ်ပေးရမည်ဖြစ်သည်။
မတ်လ ၂၆ ရက်နေ့တွင် နေ့လယ် ၁နာရီမှ ည ၁၁ နာရီအထိ ရွှေထွဋ်တင်ကွင်း၌ ဘောလုံးချစ်ပရိသတ်များအားလုံး ပါဝင်ဆင်နွှဲနိုင်မည့် ကြီးကျယ်ခမ်းနားသော အခမ်းအနားတခုကို ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ဘောလုံးသံတမန်ကလည်း ဘောလုံးချစ်ပရိသတ်ကြီးနှင့်အတူ တေးဂီတ နှင့် ဖျော်ဖြေရေးပွဲများကို အတူပါဝင် ဆင်နွှဲသွားမည်ဖြစ်သည်။