လင်းသက်ငြိမ် - ကျိန်စာသင့်ခြင်း
(မိုးမခ) မတ် ၁၉၊ ၂၀၁၆
ဒီသီချင်းကအဟောင်းပဲ
ဒါပေမယ့် လူသစ်တွေသီဆိုကြရလိမ့်မယ်
ကျိန်စာသင့်တိုင်းပြည်.........
ကျိန်စာသင့်ပြည်သူများ................
လက်နက်ဟာနှလုံးသားမပါတာလက်ခံတယ်
လူတွေမှာနှလုံးသားမပါတာလက်မခံဘူး
အလင်းကိုမျှော်ရင်း
အမှောင်ထဲနှစ်နှစ်ဝင်နေတဲ့နှစ်များ
အမှန်တရားကို ဘယ်ခေတ်ဘယ်ကာလအထိ
ထောင်သွင်းအကျဉ်းချထားမှာလဲ။
အစိုးမရတဲ့ မနက်ဖြန်
အစိုးရနေတဲ့အစိုးရ
သမိုင်းဟာ ခွေးကိုက်ရာအကောက်အပြဲတွေနဲ့
ဖွာလန်တွေလည်းကြဲခဲ့
ကမ္ဘာမှာ သိမ်သိမ်ငယ်ငယ်နဲ့
ခေါင်းငုံ့နေရတာကလည်း ခေတ်အဆက်ဆက်။
ငါတို့မှာဘာသာစကားတွေရှိတယ်
ငါတို့မှာ ဘာသာတရားရှိတယ်
ငါတို့မှာ ယဉ်ကျေးမှုရှိတယ်
ငါတို့မှာ အနုပညာရှိတယ်
ငါတို့မှာ လွတ်လပ်မှုမရှိသေးဘူး
ငါတို့မှာ ပျော်မြူးခွင့်မရှိသေးဘူး
ငါတို့မှာ တရားမျှတမှုမရှိသေးဘူး။
မျက်စိရှေ့ကမြေပေါ်မြေအောက်ရတနာများ
မြင်ကွင်းထဲက စိမ်းစိမ်းစိုစိုသစ်တောများ
ငေးကြည့်နေခဲ့ရတဲ့
မို့မောက်မြင့်မားတောင်တန်းများ
တခမ်းတနားစီးဆင်းရစ်ခွေခဲ့ကြတဲ့မြစ်များ
ရေတွေလိုအငွေ့ပျံကြ
ကမ်းပါးတွေလိုပြိုလဲကျ။
လူ့အဖြစ်ဟာ အဖိနှိပ်ခံမဟုတ်
လူ့အဖြစ်ဟာ အမှောင်ထဲငုပ်နေဖို့မဟုတ်
လူ့အဖြစ်ဟာ
လက်နက်ပြရုံနဲ့အမြီးကုပ်နေရဖို့ မဟုတ်
အမှန်တရားကိုကာကွယ်ဖို့
အဓမ္မများကိုတွန်းလှန်ဖို့
ယဉ်ကျေးဖို့
နူးညံ့သိမ်မွေ့ဖို့
ငြိမ်းချမ်းဖို့
မျိုးဆက်ကိုထိန်းသိမ်းဖို့
နိုင်ငံတော်ကိုကာကွယ်ဖို့
စည်းလုံးညီညွတ်ဖို့
လူ့အဖြစ်က အမြဲတမ်း သင်းပျံ့နေရမယ့်ပန်းပဲ
တရားသဖြင့်တောက်ပနေရမယ့်အမှတ်အသားပဲ။
သွေးစွန်းသောလက်တွေက
အနာဂတ်ကိုပိတ်ကာထားတယ်
မသန့်စင်တဲ့အသက်တွေက
ပစ္စုပ္ပန်အပေါ် တက်ရပ်ထားတယ်
ပခုံးအထက်ကြယ်တွေတောက်ပဖို့
ငါတို့သွေးသားတွေအသက်ကိုစတေးခဲ့ကြရတယ်။
မတရားသဖြင့်လွင့်နေသော အလံများကို
အမြစ်ကနေဖြိုလှဲ
မျက်ရည်အတိနဲ့ပိတ်ဖုံးသောမျက်လုံးများအတွက်
ကြည်လင်သောအလင်းကိုပေးဝေ
နာကျည်းချက်များနဲ့
ဆူပွက်နေတဲ့နှလုံးသွေးတို့အတွက်
ဖြူစင်သောအငြိမ်းဓာတ်မှာအေးမြစေ
ခြောက်အိပ်မက်တွေနဲ့
သက္ကရာဇ်များရဲ့အနင်းချေခံ
ပြားဝပ်နေတဲ့စိတ်တွေအတွက်
လူ့အဖြစ်ရဲ့ ညီမျှသော အခွင့်အရေးတို့ ရရှိစေ ။
နှစ်အသစ်ကို ဒီလိုပြန်စဖို့
သမိုင်းအသစ်ကို ဒီလိုပြန်ပျိုးဖို့
ဓားအိမ်ထဲကဆွဲထုတ်လိုက်တဲ့ဓားလို
ဝင်းကနဲ လက်ကနဲ ကြွေးကြော်သံများ
နိုးထကြတော့ နိုးထကြတော့
နိုး.....
ထ.....
ကြ.....
လော့........။ ။
လင်းသက်ငြိမ်
(မိုးမခ) မတ် ၁၉၊ ၂၀၁၆
ဒီသီချင်းကအဟောင်းပဲ
ဒါပေမယ့် လူသစ်တွေသီဆိုကြရလိမ့်မယ်
ကျိန်စာသင့်တိုင်းပြည်.........
ကျိန်စာသင့်ပြည်သူများ................
လက်နက်ဟာနှလုံးသားမပါတာလက်ခံတယ်
လူတွေမှာနှလုံးသားမပါတာလက်မခံဘူး
အလင်းကိုမျှော်ရင်း
အမှောင်ထဲနှစ်နှစ်ဝင်နေတဲ့နှစ်များ
အမှန်တရားကို ဘယ်ခေတ်ဘယ်ကာလအထိ
ထောင်သွင်းအကျဉ်းချထားမှာလဲ။
အစိုးမရတဲ့ မနက်ဖြန်
အစိုးရနေတဲ့အစိုးရ
သမိုင်းဟာ ခွေးကိုက်ရာအကောက်အပြဲတွေနဲ့
ဖွာလန်တွေလည်းကြဲခဲ့
ကမ္ဘာမှာ သိမ်သိမ်ငယ်ငယ်နဲ့
ခေါင်းငုံ့နေရတာကလည်း ခေတ်အဆက်ဆက်။
ငါတို့မှာဘာသာစကားတွေရှိတယ်
ငါတို့မှာ ဘာသာတရားရှိတယ်
ငါတို့မှာ ယဉ်ကျေးမှုရှိတယ်
ငါတို့မှာ အနုပညာရှိတယ်
ငါတို့မှာ လွတ်လပ်မှုမရှိသေးဘူး
ငါတို့မှာ ပျော်မြူးခွင့်မရှိသေးဘူး
ငါတို့မှာ တရားမျှတမှုမရှိသေးဘူး။
မျက်စိရှေ့ကမြေပေါ်မြေအောက်ရတနာများ
မြင်ကွင်းထဲက စိမ်းစိမ်းစိုစိုသစ်တောများ
ငေးကြည့်နေခဲ့ရတဲ့
မို့မောက်မြင့်မားတောင်တန်းများ
တခမ်းတနားစီးဆင်းရစ်ခွေခဲ့ကြတဲ့မြစ်များ
ရေတွေလိုအငွေ့ပျံကြ
ကမ်းပါးတွေလိုပြိုလဲကျ။
လူ့အဖြစ်ဟာ အဖိနှိပ်ခံမဟုတ်
လူ့အဖြစ်ဟာ အမှောင်ထဲငုပ်နေဖို့မဟုတ်
လူ့အဖြစ်ဟာ
လက်နက်ပြရုံနဲ့အမြီးကုပ်နေရဖို့ မဟုတ်
အမှန်တရားကိုကာကွယ်ဖို့
အဓမ္မများကိုတွန်းလှန်ဖို့
ယဉ်ကျေးဖို့
နူးညံ့သိမ်မွေ့ဖို့
ငြိမ်းချမ်းဖို့
မျိုးဆက်ကိုထိန်းသိမ်းဖို့
နိုင်ငံတော်ကိုကာကွယ်ဖို့
စည်းလုံးညီညွတ်ဖို့
လူ့အဖြစ်က အမြဲတမ်း သင်းပျံ့နေရမယ့်ပန်းပဲ
တရားသဖြင့်တောက်ပနေရမယ့်အမှတ်အသားပဲ။
သွေးစွန်းသောလက်တွေက
အနာဂတ်ကိုပိတ်ကာထားတယ်
မသန့်စင်တဲ့အသက်တွေက
ပစ္စုပ္ပန်အပေါ် တက်ရပ်ထားတယ်
ပခုံးအထက်ကြယ်တွေတောက်ပဖို့
ငါတို့သွေးသားတွေအသက်ကိုစတေးခဲ့ကြရတယ်။
မတရားသဖြင့်လွင့်နေသော အလံများကို
အမြစ်ကနေဖြိုလှဲ
မျက်ရည်အတိနဲ့ပိတ်ဖုံးသောမျက်လုံးများအတွက်
ကြည်လင်သောအလင်းကိုပေးဝေ
နာကျည်းချက်များနဲ့
ဆူပွက်နေတဲ့နှလုံးသွေးတို့အတွက်
ဖြူစင်သောအငြိမ်းဓာတ်မှာအေးမြစေ
ခြောက်အိပ်မက်တွေနဲ့
သက္ကရာဇ်များရဲ့အနင်းချေခံ
ပြားဝပ်နေတဲ့စိတ်တွေအတွက်
လူ့အဖြစ်ရဲ့ ညီမျှသော အခွင့်အရေးတို့ ရရှိစေ ။
နှစ်အသစ်ကို ဒီလိုပြန်စဖို့
သမိုင်းအသစ်ကို ဒီလိုပြန်ပျိုးဖို့
ဓားအိမ်ထဲကဆွဲထုတ်လိုက်တဲ့ဓားလို
ဝင်းကနဲ လက်ကနဲ ကြွေးကြော်သံများ
နိုးထကြတော့ နိုးထကြတော့
နိုး.....
ထ.....
ကြ.....
လော့........။ ။
လင်းသက်ငြိမ်