Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး

$
0
0
  ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး

ရန်နောင်(ဗိုလ်တထောင်)      မိုးမခ     မတ် ၂၀ - ၂၀၁၆

          Central Base Productions မှ စီစဉ်ထုတ်လုပ်သော  ` ဥပါယ်တံမျဉ် ´ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီက ရန်ကုန်မြို့  ကျောက်တံတားမြို့နယ်ရှိ စီးတီးစတားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။


          အဆိုပါ ဇာတ်ကားတွင် ဇဏ်ခီ၊ အကယ်ဒမီမင်းဦး၊အကယ်ဒမီသက်မွန်မြင့်၊ Kaew Korravee ၊ အောင်မြင့်မြတ်၊ ခြူးစစ်ဟန် တို့ ခေါင်းဆောင်ပါ ဝင် သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ ခရစ်စတီးနားခီ က ရိုက်ကူးမည်ဖြစ်သည်။


          ဒါရိုက်တာ ခရစ်စတီးနားခီ သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် Multimedia & Digital Filmmaking major ဖြင့် ဘွဲ့ရခဲ့ပြီး ၂၀၁၃ တွင် မြန်မာ့ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၃ တွင် The Chat Room video ကို 5 Network TV  Channel အတွက် ရိုက်ကူးပေးခဲ့ပြီးနောက် ၂၀၁၄ တွင် မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးအား ရိုက်ကူးခဲ့သည်။ ၂၀၁၅ ဧပြီလတွင် အာဆီယံ (၁၄) နိုင်ငံ ရုပ်ရှင်ပွဲတော် ( AIFFA ) မှ မြန်မာနိုင်ငံ၏ ရုပ်ရှင်ဒါရိုက်တာအဖြစ် ဖိတ်ကြားခံခဲ့ရသည်။ မုဒြာရဲ့ ခေါ်သံ  ရုပ်ရှင်ဇာတ်ကားအား မလေးရှားနိုင်ငံ (F. I. N. A. S) Film festival မှ ၂၀၁၅ ဩဂုတ်လတွင် ပြသရန် ဖိတ်ကြားခံခဲ့ရသည်။
          ဖျော်ဖြေမှုရသ အကောင်းဆုံးပေးစွမ်းနိုင်ရန်အတွက် ယခုရိုက်ကူးမည့် ဥပါယ်တံမျဉ်ဇာတ်ကားကို ဇာတ်လမ်းအစမှအဆုံးထိ လှည့်ကွက် မြှပ်ကွက် အမျိုးမျိုးဖြင့် ကြည့်ရှုသူများ မှန်းဆတွေးရခက်စေသည့် ပုံစံဖြင့် ဇာတ်အိမ်တည်ဆောက်ကာ အလွန်ကောင်းမွန်သောရုပ်ထွက်၊ အသံဖန်တီးပြုလုပ်မှုများနှင့် သရုပ်ဆောင်ချက်များကို ပေါင်းစပ်ပြုလုပ်၍ နိုင်ငံတကာအဆင့်ထိ တင်ဆက်ပြသနိုင်ရန် ရည်ရွယ်ထားကြောင်း  သိရှိရပါသည်။




Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>