Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဆောင်းလူ - စားကောင်းရုံလုပ်ကြတဲ့ လောကကြီး (၂)

$
0
0
ဆောင်းလူ - စားကောင်းရုံလုပ်ကြတဲ့ လောကကြီး (၂)
(မိုးမခ) မတ် ၂၁၊ ၂၀၁၆

ကျုပ်လား ...
ခုတော့ဗျာ ... အသက်ကလည်း ကြီးလာ ... အရင် ဟိုးငယ်တုန်းကလို အရာရာက သန်တုန်း မာတုန်း မဟုတ်လေတော့ တချို့ဟာတွေက ပေါင်းစားလာရတယ်ဗျာ ..။ ပေါင်းစားမှလည်း နူးပြီး အိနေတာကိုးဗျ ..။ ပေါင်းစားဆို သွားတွေကလည်း ခပ်နဲ့နဲ့ဖြစ်လာပြီလေ .. ...။ အသက်ကြီးလေ ပေါင်းစားသင့်လေပဲဗျ ..။

ဟိုဟာပဲ ပေါင်းပေါင်း
ဒီဟာပဲ ပေါင်းပေါင်း
ဘယ်လို ဘယ်နည်းနဲ့ပဲ ပေါင်းပေါင်း ...
ပေါင်းစားရင် ကျုပ်က အကုန်ကြိုက်တာချည်းပဲ ...။

ဗျာ ...
..... ..... ....
ကျုပ်လား ... ဘယ်နေမလဲ ... ပေါင်းစားပါတယ်ဗျာ ..။

ကျုပ်လို ဟိုမတတ် ဒီမတတ်၊ အတန်းပညာ ကမျောက်ကခြောက်က ပေါင်းစား၊ မြှောက်စား၊ ခြောက်စားတာ အကောင်းဆုံး ပဲလေ ...။ ခင်ဗျား မေးမှ လမ်းကြောင်းတွေ ချော်ကုန်ပါပြီ။ ကျုပ်က နူးအိနေအောင် ပေါင်းစားတာကို ပြောနေတာ ...။

ပေါင်းစားတာလွယ်ပါတယ်ဗျာ ... ပေါင်းတတ်ဖို့ပဲ လိုတာ ...။
သူ့အကြိုက် ...
ကိုယ့်အကြိုက်ပေါ့ ... ဟဲ ဟဲ ...

ဖြစ်နိုင်ရင်ဗျာ ခေါင်းပေါင်းတောင် နူးနူးအိအိလေးဖြစ်အောင် ပေါင်းစားချင်တာ .. ဟဲ ဟဲ ဟဲ ...။ ဘာပဲဖြစ်ဖြစ်ဗျာ ... ၀ါးရ သက်သာ ... နင်တာ သက်သာတာပေါ့ ....။ ရှလွတ် ရှလွတ်နဲ့ဆိုတော့ ... အ၀င်ကောင်းတော့ ... များများစားစား ပိုမျိုနိုင်တာ ပေါ့ဗျာ ...။

ကျုပ်ကြည့်ပါလား .....
ကျုပ်ရုပ်တောင် ပေါင်းစားရုပ်ပေါက်နေတာ ....
ပွစိ ပွစိနဲ့ ...။

သြော် ...
ဒါလား ....
တခါတလေ အမျိုမတတ်တော့လည်း ... ကံဇာတာအလိုအရ နင်တာပေါ့ဗျာ ...။ ဘယ်တတ်နိုင်မလဲ ... ကိုယ်မှ အမျိုမတတ် တာ ...။

ဒါ့ကြောင့် ပြောတယ် ....
တောင်းမစားနဲ့ ...
ပေါင်း စား ကြ ပါ
ပေါင်း စား ကြ ပါ လို့ ...။

အဓိက ...  ပေါင်းတတ်ဖို့ပဲ လိုတာပါဗျာ ...။

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>