Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဆောင်းယွန်းလ - ဒေါက်တာတွေများလွန်းတဲ့ ခေတ်ထဲမှာ

$
0
0
ဆောင်းယွန်းလ - ဒေါက်တာတွေများလွန်းတဲ့ ခေတ်ထဲမှာ
(မိုးမခ) မတ် ၂၄၊ ၂၀၁၆

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်တုန်းက
ဒေါက်တာတွေများလွန်းတဲ့
ငါတို့ တောနက်ထဲမှာ
ဆေးဝါးရှားပါးတဲ့ ငှက်ဖျားနဲ့ နှစ်ပါးသွားခဲ့ရဖူးတယ်
တောနက်တောင်ထူထူတွေပေါ်က
ဒေါက်တာတွေကိုင်တဲ့ လေသေနတ်ထဲမှာ
ငါတို့ဟာ ကျည်ဆန်တွေလည်းဖြစ်ခဲ့ကြဖူးတယ်
ဒေါက်တာတွေရဲ့ ရဲရဲတောက်စစ်ထွက်မိန့်ခွန်းတွေအောက်
ညီအကိုရဲဘော်ရဲဘက်တွေ အစပျောက်ခဲ့ကြဖူးတယ်....

အနှစ်နှစ်ဆယ်ကျော်ဆိုတဲ့ ကာလအတွင်း
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
ငါတို့ဒေါက်တာတွေကို ငါတို့ အသက်ပေးချစ်ခဲ့ကြဖူးတယ်…

အခု….
ခေတ်တွေပြောင်းလာခဲ့ပေမယ့်
ဒေါက်တာတွေ မပြောင်းသွားခဲ့ဘူး
ဒေါက်တာတွေ မဟောင်းသွားခဲ့ဘူး
ခေတ်အသစ်မှာ
ဒေါက်တာ စစ်စစ်တွေရှိသလို
ဒေါက်တာ အသစ်အသစ်တွေလည်းရှိတယ်…

ဒေါက်တာတွေများလွန်းတဲ့ ခေတ်ထဲ
ငါ့ကိုယ်ငါ ဆေးခန်းမပို့ဖြစ်တာ ကြာပြီ
ဒေါက်တာတွေများလွန်းတဲ့ ခေတ်ထဲ
ငါ့ကိုယ်ငါ ကျောင်းမပို့ဖြစ်တာလည်း ကြာပြီ….

ဒေါက်တာတွေများလွန်းတဲ့ ခေတ်ထဲမှာ
ငါကိုယ်တိုင်ကကော
ဘွဲ့အထပ်ထပ်လွန်သွားတဲ့ ဒေါက်တာတယောက်ပဲလား….

ဒီကဗျာရဲ့အသံကို
ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားများ မျက်စိနဲ့ကြားစေသော်ဝ်…။

ဆောင်းယွန်းလ (မတ်လ ၂၃၊ ၂၀၁၆)

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>