Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အရင့်ရောင် - စစ်ပွဲတွေရပ်ပေးပါ (၂)

$
0
0


အရင့်ရောင် - စစ်ပွဲတွေရပ်ပေးပါ (၂)
(မိုးမခ) မတ် ၂၈၊ ၂၀၁၆

သွေးချောင်းစီး အတ္တဖြန့်ကျက်မှုတွေ
ဝါဒမှိုင်းကိုသံခွာတပ်ထားတဲ့ စစ်ဖိနပ်တွေအောက်မှာ
သားသည်မိခင်တွေ ဘယ်လိုမီးဖွားရမလဲ
သေနတ်သံနဲ့သွေးညှီနံ့တွေကြားက ကလေးငိုသံဟာ
တိုင်းပြည်ရဲ့ ကျဆုံးခန်းပဲ။

ဟိုနေရာမှာ တိုက်တယ်၊ ဒီနေရာမှာ ပစ်တယ်
စစ်ကိုဘယ်သူ တင်သွင်းသွင်း၊ ဘယ်သူ စပစ်ပစ်
ပြည်သူဟာ အသက်ကိုနီးရာနဲ့ထုပ်ပြီး ပြေးကြရ
မိတ်အင် ဘားမားစ်လို့ စာတန်းချိတ်ထားတဲ့
စစ်ဘေး ဒုက္ခသည်စခန်းတွေအကြောင်း
အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ကြတဲ့အကြောင်း
သမိုင်းစာမျက်နှာရဲ့ ဘယ်မာတိကာမှာ
သင်ရိုးညွှန်းတမ်း ရေးကြမလဲ။

လက်ဖမိုး လက်ဖဝါး ငြင်းခုံမှုတွေမှာ
အမြောက်ဆံတွေ စာသင်ကျောင်းပေါ်ကျတယ်
မြေဖြူတောင့်လေးတွေ ကြေသွားတာ
ငါတို့တိုင်းပြည် ကြေသွားတာပဲ
ကျောက်သင်ပုန်းတွေ ကွဲသွားတာဟာ
ငါတို့အနာဂတ်တွေ ကွဲသွားတာပဲ။

စစ်တဲ့
တဆစ်ဆစ်နဲ့ ကိုက်နေလိုက်တာ
ဘယ်သေနတ်ပြောင်းဝကမှ ပန်းမပွင့်ဘူး။

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>