ကဗျာဆရာ မောင်လွမ်းဏီ ၏ ကြေးနီမောင်း ကျောင်းသားတွေနိုင်တယ်
ဓာတ်ပုံတွေရေးတဲ့ကဗျာများ စာအုပ်သစ် မိတ်ဆက်ပွဲ ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ မတ် ၂၉ - ၂၀၁၆
ကဗျာဆရာ မောင်လွမ်းဏီ ရေးသားသော ` ကြေးနီမောင်း ကျောင်းသားတွေနိုင်တယ် ဓာတ်ပုံတွေ ရေးတဲ့ကဗျား ´ စာအုပ်သစ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း (အောက်) ရှိ ဟုမ်း မီဒီယာခန်းမတွင် ယနေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာအုပ် မိတ်ဆက်ပွဲတွင် အခမ်းအနားမှူးအဖြစ် ဆရာနိုင်သစ်နီ မှဆောင်ရွက်ပြီး ဆရာဇော်သက်ထွေး၊ ဆရာအောင်ဇင်မင်း၊ ဆရာဆောင်း ဝင်းလတ်၊ဒေါက်တာလွဏ်းဆွေ နှင့် ဆရာယောဟန်အောင် တို့မှ အမှတ်တရစကားများ အသီးသီး ပြောကြားခဲ့ကြသည်။
|
မောင်လွမ်းဏီ |
|
ပွဲတက်ရောက်သူများ |
|
ဇော်သက်ထွေး |
|
အောင်ဇင်မင်း |
|
ဆောင်းဝင်းလတ် |
|
ဒေါက်တာလွဏ်းဆွေ |
|
နှင်းခါးမိုး |
|
ယောဟန်အောင် |
|
ဗသက်အောင် |
|
ရေနီ |
ဆရာကွန်စစ်ကောင်း၊ ဆရာဗသက်အောင်၊ဆရာ နှင်းခါးမိုး၊ ဆရာရေနီ တို့မှ ဆရာမောင်လွမ်းဏီ ၏ ကဗျာများကို ရွတ်ဆိုခဲ့ကြသည်။ဆရာမောင်လွမ်းဏီက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆရာမောင်လွမ်းဏီ ၏ ကဗျာစာအုပ်ကို ဦးသက်ဦး တောရိုင်းနှင်းဆီစာပေ မှ ထုတ်ေ ဝပြီး မုံရွေးပုံနှိပ်တိုက်တွင် ပုံနှိပ်ကာ တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။