လင်းသက်ငြိမ် - အလင်းတေး
(မိုးမခ) ဧပြီ ၂၊ ၂၀၁၆
ကြည်လင်တော့မလိုလိုနဲ့
အုံ့မှိုင်းသွားတဲ့ကောင်းကင်
ရိုးအီနေတဲ့ဇာတ်ကွက်မှာ ရှက်ကြောတို့သေကြ
သစ်ငုတ်တိုကြီးတွေက
နေမဝင်ချင်သေးဘူးတဲ့လား။
အနီရောင်တွေတောက်လောင်နေရတာနဲ့
အပြာရောင်ကိုငါတို့မေ့လျော့နေကြရ
သူတို့ဟာ
တရားကိုကစားစရာလိုသုံးစွဲနေတဲ့သူတွေ
ရက်စက်တယ်လို့မပြောတော့ဘူး
ရူးသွပ်တယ်လို့ပဲ အသားတံဆိပ်နှိပ်ပေးလိုက်မယ်။
အပြောင်းအလဲက
မြောင်းထဲကတက်လာမယ့်ဆဲဆဲ
မိစ္ဆာတွေထိတ်ထိတ်ပြာပြာ
အလင်းကနေပုန်းကွယ်ကြ
ဆူဖြိုးတဲ့နေ့ရက်တွေကုန်သွားတော့
အရိုးအရင်းလေးဆက်ခဲဖို့
အနားကပ်လာတဲ့သူတွေကို မာန်ဖီ
အနာဖေးလိုစကားလုံးတွေကလည်း
အဖတ်လိုက်ကွာကွာကျ
အစွယ်လည်းမသိမ်းနိုင်တော့ဘူး
အမြီးကိုလည်း မထိန်းနိုင်တော့ဘူး။
ရှိပြီးသားစကားပုံတွေနဲ့မလုံလောက်တော့တဲ့
ဉာဏ်နီဉာဏ်နက် ဉာဏ်ပြာဉာဏ်ဝါတွေ
ပိတ်ကားဟာ ပိတ်ထားတုန်းပဲ
လည်ပင်းကိုကြိုးတပ်ခဲ့ဖူးသူတွေ
သူတို့လည်ပင်းကိုပြန်စမ်းရင်းဖျားကြ
ဟာသတွေလုပ်လို့ပြီးပြီ
ဆေးသုတ်ထားတဲ့တော်ကီတွေလည်းပွားပြီးပြီ။
စဉ်းစား စဉ်းစား
တွန်းလှဲခံရတဲ့ထိုင်ခုံတွေကိုငေးရင်းစဉ်းစား။
ရာဇဝင်ဟာ တက်တူးပဲ
လန်းမယ့်ပန်းဟာ ငွားစွင့်လို့
လွင့်တော့မယ့်အလံဟာ သစ်လွင်လို့
ညကြီးသန်းခေါင် မှန်ထကြည့်သူလို
သူတို့ရုပ်ကိုသူတို့ကြောက်လှန့်ကြ
မလှတော့တဲ့လိပ်ပြာကိုဘာအရောင်သုံးမလဲ။
ဆက်စဉ်းစား... သေချာစဉ်းစား ...
မထူးဇာတ်ကရင်လည်း
မထူးတော့တဲ့အနေအထားဆိုတာမေ့မထားကြနဲ့။
ချောင်းကြည့်ပေါက်ကနေ
ကြိတ်မနိုင်ခဲမရငေးနေကြမယ့်မျက်နှာတွေ
အလင်းရောင်ကြောင့်အမှောင်ဟာ ငြိမ်းသွားပြီ
အလင်းကိုရင်မဆိုင်ရဲသူများ
ဝေးရာဖယ်ရှားကြတော့ ။
လင်းသက်ငြိမ်
(မိုးမခ) ဧပြီ ၂၊ ၂၀၁၆
ကြည်လင်တော့မလိုလိုနဲ့
အုံ့မှိုင်းသွားတဲ့ကောင်းကင်
ရိုးအီနေတဲ့ဇာတ်ကွက်မှာ ရှက်ကြောတို့သေကြ
သစ်ငုတ်တိုကြီးတွေက
နေမဝင်ချင်သေးဘူးတဲ့လား။
အနီရောင်တွေတောက်လောင်နေရတာနဲ့
အပြာရောင်ကိုငါတို့မေ့လျော့နေကြရ
သူတို့ဟာ
တရားကိုကစားစရာလိုသုံးစွဲနေတဲ့သူတွေ
ရက်စက်တယ်လို့မပြောတော့ဘူး
ရူးသွပ်တယ်လို့ပဲ အသားတံဆိပ်နှိပ်ပေးလိုက်မယ်။
အပြောင်းအလဲက
မြောင်းထဲကတက်လာမယ့်ဆဲဆဲ
မိစ္ဆာတွေထိတ်ထိတ်ပြာပြာ
အလင်းကနေပုန်းကွယ်ကြ
ဆူဖြိုးတဲ့နေ့ရက်တွေကုန်သွားတော့
အရိုးအရင်းလေးဆက်ခဲဖို့
အနားကပ်လာတဲ့သူတွေကို မာန်ဖီ
အနာဖေးလိုစကားလုံးတွေကလည်း
အဖတ်လိုက်ကွာကွာကျ
အစွယ်လည်းမသိမ်းနိုင်တော့ဘူး
အမြီးကိုလည်း မထိန်းနိုင်တော့ဘူး။
ရှိပြီးသားစကားပုံတွေနဲ့မလုံလောက်တော့တဲ့
ဉာဏ်နီဉာဏ်နက် ဉာဏ်ပြာဉာဏ်ဝါတွေ
ပိတ်ကားဟာ ပိတ်ထားတုန်းပဲ
လည်ပင်းကိုကြိုးတပ်ခဲ့ဖူးသူတွေ
သူတို့လည်ပင်းကိုပြန်စမ်းရင်းဖျားကြ
ဟာသတွေလုပ်လို့ပြီးပြီ
ဆေးသုတ်ထားတဲ့တော်ကီတွေလည်းပွားပြီးပြီ။
စဉ်းစား စဉ်းစား
တွန်းလှဲခံရတဲ့ထိုင်ခုံတွေကိုငေးရင်းစဉ်းစား။
ရာဇဝင်ဟာ တက်တူးပဲ
လန်းမယ့်ပန်းဟာ ငွားစွင့်လို့
လွင့်တော့မယ့်အလံဟာ သစ်လွင်လို့
ညကြီးသန်းခေါင် မှန်ထကြည့်သူလို
သူတို့ရုပ်ကိုသူတို့ကြောက်လှန့်ကြ
မလှတော့တဲ့လိပ်ပြာကိုဘာအရောင်သုံးမလဲ။
ဆက်စဉ်းစား... သေချာစဉ်းစား ...
မထူးဇာတ်ကရင်လည်း
မထူးတော့တဲ့အနေအထားဆိုတာမေ့မထားကြနဲ့။
ချောင်းကြည့်ပေါက်ကနေ
ကြိတ်မနိုင်ခဲမရငေးနေကြမယ့်မျက်နှာတွေ
အလင်းရောင်ကြောင့်အမှောင်ဟာ ငြိမ်းသွားပြီ
အလင်းကိုရင်မဆိုင်ရဲသူများ
ဝေးရာဖယ်ရှားကြတော့ ။
လင်းသက်ငြိမ်