Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မင်္ဂလာဒုံမြို့နယ် ဆင်ဖုံတောင်ကျေးရွာမှ အိမ်ခြေ ၄၈လုံးကို ဇေကမ္ဘာမှဘူဒိုဇာစက်များဖြင့်လာရောက်ဖျက်ဆီး

$
0
0


      မင်္ဂလာဒုံမြို့နယ် ဆင်ဖုံတောင်ကျေးရွာမှ အိမ်ခြေ ၄၈လုံးကို
      ဇေကမ္ဘာမှဘူဒိုဇာစက်များဖြင့်လာရောက်ဖျက်ဆီး
     ဟန်သစ်နိုင်၊ မိုးမခ ၊ ဇွန် ၁၃ရက်


 ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ဆင်ဖုံတောင်ဘက်ခြမ်းကျေးရွာတွင် နေထိုင်သော ကျေးရွာသူ၊ ရွာသားများ၏ နေအိမ် ၄၈ လုံးကို ဇေကမ္ဘာဝန်းမှ သင်ဆိုင်သူများဟုဆိုကာ ဘူဒိုဆာစက်များ၊ လူမိုက်များငှားရမ်းပြီး ဇွန် ၁၂ရက် နံနက် ၆နာရီခန့်က ဖျက်ဆီးခဲ့ကြသည်။

ထိုဆင်ဖုံတောင်ဘက်ခြမ်းသည် ၁၉၉၂ခုနှစ်တွင် သိမ်းဆည်းခံ လယ်မြေများ၊ ရွာမြေများ၊ ဘုန်းကြီးကျောင်းမြေများ ပါဝင်ခဲ့သည်။ ယခုလက်ရှိထိုမြေနေရာများသည် ဇေကမ္ဘာနှင့် အိုးအိမ်အကျိုးတူပူပေါင်းဆောင်ရွက်ထားသည့်မြေဖြစ်သည့်အတွက် ကုမ္ပဏီများအများအပြား ကိုရောင်းချခဲ့သည်။ ကုမဏီများအားရောင်းချခဲ့သော်လည်း ယခုလက်ရှိအချိန်ထိ သိမ်းဆည်းခံလယ်မြေ များပေါ်တွင် အဆောက်အဦးများဝင်ဆောက်နေသော်လည်း ရွာမြေများပေါ်တွင် အဆောက်အဦးတစ် ခုမှမရှိသေးသည့်အတွက် ရွာမြေများတွင် ၄င်းရွာသားများဆက်လက်နေထိုင်ခဲ့သည်။ ၂၀၁၅ခုနှစ် ဇွန်လ ၁၂ရက် နံနက် ၆နာရီခန့်တွင် ဇေကမ္ဘာမှ သက်ဆိုင်သူများဟုပြောဆိုခြိမ်းခြောက်ပြီး ဘူဒိုဇာစက်ကြီးများဖြင့် ထိုးခွဲဖျက်ဆီးခဲ့သည်။ အိမ်ခြေ ၄၈လုံး ဖျက်ဆီးခံရသည်။ အရပ်ဝတ်လူများကို တုတ်၊ ဓါး၊ လေးခွများဖြင့် ပစ်ခတ် ရိုက်နှက်ခိုင်းစေခဲ့သောကြောင့် ရွာသားသုံးဦး ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် သက်ဆိုင်ရာ ရဲစခန်းများ၊ အုပ်ချုပ်ရေးမှူးများသို့ အသိပေးအကြောင်းကြားသော်လည်း တစ်စုံတစ်ယောက်မှ လာရောက်ထိန်းကွပ်ခြင်းမရှိခဲ့သည့်အပြင် ဇေကမ္ဘာမှဝန်ထမ်းများက အခင်းဖြစ်ပွားရာဘေးပတ် လည်တစ်လျှောက်တွင် ဖျက်ဆီးသူများအား စောင့်ကြပ်နေပေးလျှက်ရှိသည်။ အိမ်ခြေများဖျက်ဆီးမှုနှင့် ဒဏ်ရာရရှိသူများအတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။
        
  “မနက် ၆နာရီလောက်တွင် စက်သံတွေ၊ လူသံတွေကြားလို့ ထွက်ကြည့်ကြတယ်၊ စက်ကြီးတွေနဲ့ လူတွေ ကျနော်တို့နေအိမ်နားရောက်လာပြီး ဖယ်ပေးရင်ဖယ်ပေး မဖယ်ပေးရင် လူတွေကိုပါထိုးချမယ်လို့ပြောပြီး သိပ်မကြားဘူး စက်တွေဖြင့်ထိုးတော့ ပစ္စည်းတွေကိုအကုန်လုံးသိမ်းယူချိန်မရလိုက်ဖူး ဖျက်ဆီးသွားတယ်၊ လူတွေလဲ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတယ် ဟု ကျေးရွာအိမ်ဖျက်ဆီးခံရသူ” ကိုဇော်နိုင်ကပြောသည်။
       
   “ကျမတို့အိမ်တွေက ဒုတိယအကြိမ် ၇နာရီခွဲလောက်တွင် ဆက်ဖျက်ခံခဲ့ရတာပါ၊ အဝေးကအိမ်တွေဖျက်နေတုန်း ပစ္စည်းတွေကို ကန်ဘောင်ဘေးချထားတုန်း၊ စက်ကြီးတွေထပ်မံမောင်းလာတယ်၊ လူတွေကလဲအများကြီး တုတ်၊ ဓါး၊ လေးခွများဖြင့် အော် ဟစ်ပြေးလွှားပြီး ပစ်ကွာ၊ ရိုက်ကွာလို့ ခြောက်လှန့်ပြီးအနီးအနားရောက်လာလို့ ကျမတို့လည်း ပစ္စည်းများမသယ်နိုင်ပဲထားခဲ့ရတယ်၊ စက်ကြီးတွေက ကျမတို့အိမ်တွေကို ဖျက်ဆီး၊ ကျမတို့ပစ္စည်းတွေရှေ့မှာ သူတို့က ကျမတို့ပြန်မလာနိုင်အောင် လက်နက်များကိုင်ဆောင်


ပြီးစောင့်နေတယ်” ဟု အိမ်ဖျက်ဆီးခံရသူ မအေးသိန်းက ပြောသည်။
        
  အိမ်ခြေဖျက်ဆီးခံရသူများသည် ဆင်ဖုံတောင်ဘက်ခြမ်း မှ ဒက္ခိဏာရုံဘုန်းကြီးကျောင်းဝန်းတွင် တည်းခိုနေလျှက်ရှိသည်။
         


Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>