Image may be NSFW. Clik here to view. ![]() |
Cartoon Beruma (2015) |
ဂျော်ဒီး - သင်္ကြန်ပိုး
(မိုးမခ) ဧပြီ ၆၊ ၂၀၁၆
သင်္ကြန်နားနီးလာတော့..သင်္ကြန်ပိုး ထပါတယ်..။ မိုးမခမဏ္ဍပ်က သံချပ်သံ..ဆိုပြီး ဂျော်ဒီးလဲ မတောက်တခေါက် သံချပ်တွေ ရေးမိတယ်..။တကယ်တော့ ဂျော်ဒီးက စည်းနဲ့ဝါးတောင် ဖြောင့်အောင် မလိုက်တတ်ပါဘူး..။ ရေးချင်ဇောနဲ့ ရေးမိတာမို့.. အမှားအယွင်းတွေရှိရင်လဲ ခွင့်လွှတ်တော်မူပါ။
သီချင်းအနေနဲ့ ဆိုချင်ရင် ဆိုလို့ရအောင် လူအများ နားရည်ဝပြီးသား နှစ်သစ်မင်္ဂလာ ဆိုတဲ့သင်္ကြန်သီချင်းထဲကို ကိုယ်ပြောလိုတဲ့ စာသားတွေ ထည့်ကြည့်ပါတယ်။ ပျော်ပျော်ပါးပါး သံချပ်တိုင်ကြည့်ရအောင်ပါ။
နှစ်သစ်မင်္ဂလာသီချင်း ပထမပိုဒ်အလိုက်နှင့် ဆိုရန် ...
(နှစ်သစ်မင်္ဂလာ ပြည်ထောင်စုတ၀ှမ်းမှာ ပြောင်းလည်းချိန်ခါ
ဘာတွေကို ဘယ်လိုပြောင်းမှာ ရက်ပေါင်းကုဋေကဋာ
အများအကျိုးအတွက် တကယ်သယ်ပိုးပါ
ဟောင်းခဲ့သမျှ ခေတ်ဟောင်းထဲက ရုန်းထွက်ပါ)
(သံချပ်အတိုင်အဖောက်)
နှစ်သစ်အတာ တို့ရိုးရာ (မိုးမခမဏ္ဍပ်က သံချပ်သံ ဗျို့ ) ၂
မိုးမခမဏ္ဍပ်က သံချပ်သံ (ပြည်သူ့အသံ ပဲ့တင်ပြန်စို့) ၂
ပြည်သူ့အသံ ဘ၀ဂ်လျှံ (ဂုဏ်ပြုပွဲတွေ ခြိမ့်ခြိမ့်ညံကြ) ၂
ဂုဏ်ပြုပွဲတွေခြိမ့်ခြိမ့်ညံ (ပြောင်းလဲချိန်တန်တာ တကယ်လား ဟဲ့)၂
ပြောင်းလဲချိန်တော့ တန်ပါပြီ (လွှတ်တော်ထဲမှာ တမတ်သား ရှိတုန်း) ၂
လွှတ်တော်ထဲက တမတ်သားတွေ (၂၀၀၈ဥပဒေ ခေါင်းပေါ် ရွက်ထား) ၂
၂၀၀၈ဥပဒေ ခေါင်းရွက်တာ (သမတအထက်က မေမေလဲ ပါရဲ့ ) ၂
သမတအထက်က တို့မေမေ (ခြေဥပြင်မှာ စောင့်ရဦးမှပေါ့) ၂
ခြေဥပြင်ဖို့ကြွေးကြော်သံ (သင်္ကြန်အမြောက်လို အဆံ မပျောက်စေသား) ၂
ဟေ့ စိန် လား..
ဟေ့ ရွှေ လား
ဟေ့ စု ပဲ
(ဟေ့လာ မောင်တို့ ... ၀ါး)
သီချင်းဒု ပိုဒ် အလိုက်
(ခေတ်ပြောင်းလိုတာ တော်လှန်လူထုပါ
စနစ်ဟောင်းအမှောင်မှာ ရင်နာစရာ ကြယ်ကြွေခဲ့ရှာ
သွေးချွေးဖြာဖြာ လမ်းမထက် အခါခါစီးတာ
မမေ့ကြဖို့ ဒီသတင်းစကားလေး ပါးလိုက်မှာ) ၂
(သံချပ်အတိုင်အဖောက် - ၂)
နှစ်သစ်အတာ တို့ရိုးရာ (မိုးမခမဏ္ဍပ်က သံချပ်သံဗျို့ ) ၂
မိုးမခမဏ္ဍပ်က သံချပ်သံ (ပြည်သူ့အသံ ပဲ့တင်ပြန်စို့) ၂
ပြည်သူ့အသံ ဘ၀ဂ်လျှံ (ဂုဏ်ပြုပွဲတွေ ခြိမ့်ခြိမ့်ညံကြ) ၂
ဂုဏ်ပြုပွဲတွေခြိမ့်ခြိမ့်ညံ (အောင်ပွဲခံတာ ဆိုပါလား ဟဲ့) ၂
အောင်ပွဲခံလို့ လက်မထောင် (ပန်းမ၀င်ခင် တက်ထောင် သလိုပဲ) ၂
ပန်းမ၀င်ခင် တက်ထောင်နေ (သွေးနဲ့ရင်းတဲ့ ကြယ်တွေ မမေ့နဲ့) ၂
သွေးခင်းလမ်းမှာ ကြယ်အစင်းစင်းကြွေ (ဒီအခြေရောက်တာ သူတို့ကျေးဇူး) ၂
ဒီအခြေရောက်တာ အောင်ပွဲခံ( တပ်ပိုင်မြေတွေ နေရာမှန်ရောက်ပြီလား) ၂
ဒီအခြေရောက်တာ အောင်ပွဲခံ( ကိုပါကြီး အမှုတောင် ပြန်ပိတ် လိုက်သတဲ့) ၂
ဒီအခြေရောက်တာ အောင်ပွဲခံ (တိုင်းရင်းသားတွေ မငြိမ်းချမ်းသေးဘူး) ၂
ဒီအခြေရောက်တာ အောင်ပွဲခံ (ပုဒ်မ ၁၈ လည်း သတိလေးထားဦး) ၂
ပုဒ်မ ၁၈နဲ့ အမှု ၁၀၀ ပွေ (ကျောင်းသား ၀န်းရံ ထောင်နန်းစံဆဲ) ၂
ကျောင်းသား ၀န်းရံ ထောင်နန်းစံ (မတရားဥပဒေမှန်ရင် ဖီဆန် အံတု) ၂
မတရားဥပဒေဖီဆန်ကာ (အံတုဝံ့တာ ခွပ်ဒေါင်းသွေး မို့) ၂
ခွပ်ဒေါင်းသွေးမို့ ရဲသကို ( ခွပ်ဒေါင်းဝိညာဏ် အဓွန့်ရှည်စေသား) ၂
ဟေ့ အောင်ကျော် လား
ဟေ့ အောင်ဆန်း လား
ဟေ့ ဖြိုးဖြိုးအောင် လား
ဟေ့လား… ကြယ်ပွင့်များ..။
သီချင်း ...
(ပြည်ထောင်တခွင်မှာ တန်းတူညီမျှစွာ
စစ်ပွဲများရပ်တန့်ပါ ငြိမ်းချမ်းစေဖို့ရာ
သည်နိုင်ငံမှာ တရားဥပဒေစိုးဖို့ရာ
မတရားမှုများ ကျဆုံးသွားဖို့ တောင်းဆု ပတ္ထနာ) ။ ။