Image may be NSFW.
Clik here to view.

ရန်ကုန်သင်္ကြန် အကြိုနေ့ မြင်ကွင်းစုံ
(ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ ဧပြီ ၁၃၊ ၂၀၁၆
Image may be NSFW.
Clik here to view.

ယနေ့ တွင်ကျရောက်သော မဟာသင်္ကြန်အကြိုနေ့တွင် ရန်ကုန်မြို့၌ မဏ္ဍပ်ကြီးများ ဖွင့်ပွဲ ပြုလုပ်ကြသည်။
မဏ္ဍပ်အချို့သို့ အစိုးရ အဖွဲ့ဝင်တချို့ လိုက်လံစစ်ဆေးနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
Image may be NSFW.
Clik here to view.

ရခိုင်သင်္ကြန်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကာ ဖွင့်လှစ်ပေးခဲ့သည်။
အကြိုနေ့ ဖြစ်သဖြင့် ရေပက်ခံကားများ သိပ်မထွက်သေးချေ။ လိုင်းကားတချို့၊ အငှားယာဉ်တချို့ သင်္ကြန်ရေရှောင်သောကြောင့် လမ်းမပေါ်တွင် ကားများ ရှင်းလင်းနေသည်ကိုလည်း တွေ့ခဲ့ရသည်။
ရန်ကုန်သင်္ကြန်သည် ပြည်လမ်းမပေါ်တွင်သာ စည်ကားနေသည်ကို တွေ့ခဲ့ရသည်။
Image may be NSFW.
Clik here to view.

ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်တွင် မနက်ပိုင်း နှင့် ညပိုင်းပါ ဖျော်ဖြေမှုများပြုလုပ်ခဲ့သည်။ ညပိုင်းတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ လာရာက်ဖျော်ဖြေခဲ့သည်။