Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ကြွက်ရှင်တခု အရင်းပြု၍

$
0
0

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ကြွက်ရှင်တခု အရင်းပြု၍
(မိုးမခ) ဧပြီ ၁၉၊ ၂၀၁၆

 မြေအောက်မှာ ကျောက်မျက်ရတနာမျိုးစုံ၊ ဓာတ်ငွေ့,ရွှေငွေ,ကျောက်သံစုံ၊ မြေပေါ်မှာ သစ်ပင် သစ်တောစုံ၊ မြစ်ချောင်းအင်းအိုင်၊ လယ်ယာမြေပြင်စသည်တို့နဲ့ ကြွယ်ဝဖွံ့ဖြိုးတဲ့ မြန်မာပြည်နဲ့ယှဉ်လိုက်ရင်..
ပင်ကိုယ်သဘာဝအရ- မြန်မာပြည်က ဧရာမကျားကြီးဖြစ်ခဲ့ပြီး ဂျပန်တို့ စင်္ကာပူတို့ဆိုတာ ကြွက်စုတ်ကလေးတွေပါ။  မြန်မာ့ ရေမြေတောတောင်ဟာ မြန်မာပြည်သားတို့အတွက် လောဘဆိုးသာ မနှိပ်စက်ခဲ့ဘူးဆိုရင်  လူတန်းစေ့နေနိုင်ရုံတော့ ပင်ကိုယ်ကြွယ်ဝ နေပေမယ့်- ဂျပန်,စင်္ကာပူတို့မှာ ဒီလိုသဘာဝအခြေခံကောင်း  မရှိဘူး တကယ့်ကို ကျားနဲ့ ကြွက်စုတ်၊  ဒါ့ကြောင့် ခုလိုပြောလိုက်ရတာပါ။

 ခုတော့- ကြွက်စုပ်တွေက ကျားကြီးတွေဖြစ်နေကြပြီး ကျားကြီးကတော့ ကြွက်စုပ်ဖြစ်နေကြတာကို အားလုံးက ယူကြုံးမရဖြစ်နေကြတာဟာ ရင်ထဲမှာမဆန့် နှုတ်ကတောင် အံထွက်လာကြတာ အသံမျိုးစုံ ဆူဆူကိုညံလို့။

ထူးခြားတာကတော့ ဒီအသံတွေထည်းမှာ ကျားဖြစ်လောက်တဲ့ ဟိန်းသံတော့ တစ်ခွန်းမှမပါဘူး၊
ပြန်လည်တ,သသံ၊ မျှော်ကိုးတောင်းခံလိုသံတွေနဲ့ ...
 "သူတို့ မတရားယူထားတာတွေကို ပြန်သိမ်းလိုက်ရင်"
"ခိုးရောင်းပစ်ထာတွေသာ တန်ရာတန်ကြေး ရခဲ့လို့  နိုင်ငံထူထောင်ရေးလုပ်ခဲ့မယ်ဆိုရင်.."ဆိုတာမျိုးတွေပဲ။

မဖြစ်နိုင်တာတွေ ပြန်တ၊ မရနိုင်တာတွေ မျှော်ကိုးနေမယ့်အစား ဖြစ်နိုင်တာကို စတွေးမယ်ဆိုရင်တော့..
ဒီနေ့ အသားလုံးဝမကပ်၊ အညှီဓာတ်တောင်ကုန်ခန်းတဲ့အထိ ခွေးဝါးထားတဲ့ အမဲရိုးလိုဖြစ်နေပြီလို့ထင်ရတဲ့
မြန်မာပြည်ရဲ့ လက်ရှိအခြေအနေများဟာ ဂျပန်,စင်္ကာပူတို့ရဲ့  ပကတိအခြေအနေထက်တော့ အပုံကြီးကို
သာလွန်နေသေးတာ အမှန်။

 (သြကာသလောကချင်း ယှဉ်ရင်တော့- ခုချိန်ထိလဲ သူတို့ကကြွက်စုတ်၊ ရွှေပြည်ကြီးက ကျားပါပဲ၊ ခြားနားတာက သတ္တလောက (လူတွေ) သူတို့က အားလုံး ကျားတွေ၊ ကျုပ်တို့ဆီမှာက)
ခက်ထာက ရွှေပြည်ကြီးသားတို့က ဂျပန်တို့,စင်္ကာပူတို့လို  ကျားသံထွက်မလာကြဘဲ ခိုသံ,ခွက်သံသာ
နေရာတိုင်းလိုလိုက ထွက်နေကြတဲ့ပြဿနာပါ။

ဒီအတွက် ကိုယ်တောင် ရောရောရောင်ရောင်နဲ့ အားလျှော့ချင်သလိုလို စိတ်ညံ့လေးတွေ ပေါ်ပေါ်လာလို့
မနဲအားတင်းနေခဲ့ရတယ်။ 

ဟော.. ခုတော့ လာပါပြီ.. မျှော်လင့်တုန်း ကြော့ဆုံး တကယ်လာပါပြီ..။

ဒီ-၁၃၇၈-ခုနှစ်ဦးအတွက် ပြည်သူ့ခေါင်းဆောင်ရဲ့ မင်္ဂလာနှုတ်ခွန်းဆက်,တာဝန်ယူစကား..
ကြားကြလား..?

"သဘာဝ သယံဇာတတွေကို အားမကိုးပါဘူး၊ ပြည်သူတွေ အတူပူးပေါင်းပါဝင်ကြဖို့ပါပဲ.."ဆိုတာလေ..။

 အဲဒီအသံကို သေချာကြားရဲ့လား.. ခိုသံ,ခွက်သံ လုံးဝသတ်ကင်း အလျှဉ်းမပါတဲ့ "ကျားဟိန်းသံ"  ဆိုတာကိုရော သဘောပေါက်ကြလား?

 "ပြည်သူတွေ"ဆိုတဲ့အထဲမှာ ဘယ်သူဘယ်ဝါလို့ မခွဲမခြား အားလုံးကို တသွေးထဲ တသားထဲ ပြောသွားတာကိုရော ကြားရဲ့လား?

 မြတ်ဗုဒ္ဓက- အကြီးမားဆုံး မေတ္တာထားရှိသူကို-  "မာတာ ယထာ နိယံပုတ္တ=သားရင်းကိုချစ်တဲ့ မိခင်လို"လို့ ဟောတော်မူတယ်။  တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့ ပြည်သူ့ခေါင်းဆောင် (ရှင်ဘုရင်)ကောင်း-နဲ့ပတ်သက်လို့ အဋ္ဌကထာဆရာက-  "အတ္တနော,ဝ ပဇံ ပဇံ=ရင်၌ပေါက်ဖွား သားအရင်းကဲ့သို့
တိုင်းသူပြည်သားကို ချစ်တတ်သော ခေါင်းဆောင်မင်း"လို့ ဆိုထားတယ်။ ဒါဟာ- ပိဋကတ်မှာ မှတ်တမ်းဝင်တဲ့ အမြင့်ဆုံး စံချိန်တွေပဲ။

ခင်ဗျားတို့ခေါင်းဆောင်ကတော့- ခင်ဗျားတို့အပေါ် ကရုဏာပိုလို့ သားရင်းများနဲ့ ခွဲခွာပြီး
ကျုပ်တို့ ခင်ဗျားတို့ဆီလာပြီး စောင့်ရှောက်နေတာ၊  "ပိဋကတ်စံချိန်လွန် ပြည်သူ့မိခင်"ဆိုတာကိုရော
သိရဲ့လား?

ပင်ကိုယ်က ကြွက်ကလေးတွေ ဒီနေ့ ဘာ့ကြောင့် ကျားကြီးတွေဖြစ်ကုန်ကြတာလဲဆိုတာရော
ရိပ်စားမိကြလား?

ခေါင်းဆောင်က ပညာခွန်အားပြည့်ဝတဲ့ ကျားဟိန်သံပေးပြီး ဦးဆောင်လမ်းညွှန်သလို.. ပြည်သူအားလုံးက
တာဝန်သိပြီး တာဝန်ယူစိတ်အပြည့်နဲ့ တာဝန်ကျေအောင် ပူးပေါင်းပါဝင်ခဲ့ကြလို့ဗျ။

ခု.. ပြည်သူ့ခေါင်းဆောင်က ကျားလိုဟိန်းပြီး ဦးဆောင်နေပြီ။

ခင်ဗျားတို့ရော ခိုစိတ်၊ ခွက်စိတ် (ခွက်ထိုးခံလိုတဲ့စိတ်) တွေကို စွန့်နိုင်ပြီလား?

 ပူးပေါင်းပါဝင် တာဝန်ယူလိုစိတ်တွေနဲ့ ပြောင်းပြီးကြပြီလား?

 ပညာရှင် စွမ်းအားဟာ သံတုံး သံပြားတွေကို ကောင်းကင် ပျံတက်စေပြီး လိုရာခိုင်းနိုင်တာ..
ဟင်းလင်းပြင်မှာ တွယ်ရာမဲ့ပြေးနေတဲ့ လေတွေကို လျှပ်စစ်မီးတွေအဖြစ် လင်းထိန်စေနိုင်တာ..  မြစ်ထဲ,ပင်လယ်ထဲ စီးနေတဲ့ရေတွေက ဧရာမ ဝန်တင်သင်္ဘောကြီးတွေကို လိုရာရောက်အောင် သယ်ဆောင်ခိုင်းစေနိုင်တာ.. အားလုံးသိကြ မြင်ကြပြီးသား။

 ပညာရှင် မတတ်နိုင်တဲ့အရာဆိုတာ ဘာရှိလဲ?

ပညာရှင်တွေအတွက်.. သက်မဲ့တွေကို အသက်သွင်းရတာ.. ၊ လိုရာကိစ္စပြီးမြောက်အောင် ဦးဆောင်လမ်းညွှန်ရတာ..၊  ဘာ အခက်အခဲမှ မရှိတော့ဘူး၊

 ခက်နေတာက သက်ရှိတွေကို အသက်သွင်းဖို့ကိစ္စ ...

 ကဲ..! အပ္ပမာဒေန သမ္ပာဒေထ..!!!

 ၁၈.၄.၁၆၊
(ဂျပန်ပြည်အကြောင်း တစေ့တစောင်း အကဲခပ်ရာမှ အပြန် မြန်မာပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
နှစ်ဦးနှုတ်ခွန်းဆက် အာမခံစကားအကြောင်း ပြောအပြီး၊ ည-၉-နာရီခွဲ)

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>