Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

သမတကြီးရဲ့မြေး နိုင်ငံသား ကလေးငယ်လေးတွေ

$
0
0


သမတကြီးရဲ့မြေး နိုင်ငံသား ကလေးငယ်လေးတွေ 
(မိုးမခ) ဧပြီ ၂၅၊ ၂၀၁၆

မိတ္ထိလာရောက်တော့ ညစာစားဖို့ နာရီဝက်ခန့် ကားနားပါမယ်လို့ စပယ်ယာလေးက အော်သည်။
Famous ဆိုင်မှာ ဝင်သည်။ Famous က နှစ်ဆိုင်။ ဆိုင်းဘုတ်မီးရောင်ဘဲ ကွာသည်။ ဆိုင်ရှေ့ကွင်းပြင်မှာ အသားထိုင်ခုံတုများ ခင်းထားသောဆိုင်မှာ ထိုင်ကြသည်။ လဟာပြင်အရသာခံရင်း စားမည်။
စားပွဲထိုးမလေးတွေ အရွယ်စုံ ဥဒဟို သွားလာနေကြသည်။ ဖွင့်ထားသော သီချင်းသံမြူးကြွကြွနှင့် အလိုက်သင့် လူပ်ရှားနေကြသည်။ စားပွဲထိုးမလေးကို မှာထားတုန်း စားပွဲထိုးကလေးလေး ရောက်လာပြီး ရေနွေးခွက်ချပေးရင်း ဘာ မှာမလဲ မေးသည်။  စားရင်း သောက်ရင်း စကားပြောရင်း မလှမ်းမကမ်းမှာ ရပ်နေသော ယင်းကလေးကို ခေါ်ပြီး မေးကြည့်ရအောင်ဆိုကာ ကလေးငယ်ကို ခေါ်လိုက်သည်။


"သား၊ ဒီဆိုင်မှာ စားပွဲထိုး ဘယ်နှစ်ယောက်လောက်ရှိသလဲ"
"၇၀-လောက် ရှိတယ်ဗျ"
"ဘယ်နှစ်ဆိုင်း ခွဲသလဲ"
"နှစ်ဆိုင်း"
"သားက ညဆိုင်းလား၊ ဘယ်လိုခွဲလဲ"
"မနက် ၆-နာရီကနေ နေ့လည် ၁-နာရီထိလုပ်၊ ပီးရင် အိပ်။ ညနေ ၆-နာရီကနေ ည ၁-နာရီထိ ပြန်ဆင်း"
"ဒါဆို သားက ၂-ခါဆင်းရတာပေါ့"
"ဟုတ်တယ်"
"သား အသက် ဘယ်လောက်ရှိပလဲ"
"၁၃-နှစ်"
"သား ဒီမိတ္ထီလာကလား"
"မဟုတ်ဖူး၊ ဧရာဝတီဘက်က"
"ဘယ်မြို့ကလဲ"
"အိမ်မဲမြို့"
"သား ကျောင်းမနေဘူးလား"
"နေတယ်ဗျ၊ ၇-တန်း၊ ကျောင်းဖွင့်ခါနီးရင် ပြန်မှာ"
"လစာ ဘယ်လောက်ရလဲ"
"ငါးသောင်း"

ကျွန်တော်တို့ ကလေးရဲ့ အလုပ်ချိန် တရက် ၁၄-နာရီရှိတဲ့အကြောင်း၊ လူကြီးအလုပ်ချိန်ထက်ပင် များနေကြောင်း၊ ကလေးတွေကို စက်ရုပ်ဆန်ဆန် ခိုင်းနေကြောင်း၊ ကလေးလုပ်သား ပပျောက်ဖို့ မဖြစ်နိုင်ကြောင်း၊ ချိုင်းလ် လေဘာ လော အသက်ဝင်ဖို့ အရေးကြီးကြောင်း ပြောဖြစ်ကြသည်။
ကြောက်မက်ဖွယ် ကလေးလုပ်သား အရေးပါကလား။

ယင်းသို့ ကလေးလုပ်အားများအပေါ် ခေါင်းပုံဖြတ်နေမှုသည် နိုင်ငံတော်တွင် လုံးလုံးတာဝန်ရှိလေသည်တကား။
မောင်လူရေး

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>