Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

နရီမင်း ● လွတ်လပ်မှု

$
0
0

နရီမင်း ● လွတ်လပ်မှု
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၆

ငါးကလေး ငှက်ကလေးတွေလို
အဖမ်းခံရတယ်။

ဘာများ အပြစ်ရှိလို့လဲကွယ်။
ဖြစ်တည်မှုက အပြစ်လား။

လွတ်လပ်မှုကို မြတ်နိုးလွန်းလို့
လွတ်လပ်မှု ဆုံးရှုံးရတယ်။

လွှတ်သူ ကုသိုလ်ယူနိုင်အောင်
ဖမ်းသူက ဖမ်းပေးရတာပါကွယ်။

ဇာတ်လမ်းတပုဒ်မှာ
ဗီလိန်တွေမပါဘဲ
ဟီးရိုးမှ မရှိနိုင်တာပဲ။

သူယုတ်မာတွေသာ မရှိရင်
သူတော်ကောင်းမှ
လုပ်မရတာလေကွယ်။

လွတ်လပ်မှုကို ဆုံးရှုံးဖူးသူသာ
လွတ်လပ်မှုရဲ့တန်ဖိုးကို
ပိုပြီး သိနားလည်နိုင်တယ်။

လွတ်လပ်မှုရဲ့တန်ဖိုးကို
သိနားလည်ခွင့်ရတဲ့အတွက်
ဖမ်းသူရော လွှတ်သူကိုပါ
ကျေးဇူးတင်လိုက်ကြ။

ပြီးရင်
လွတ်လပ်မှုအတွက်
အစွမ်းကုန် တိုက်ပွဲဝင်ကြ။

နရီမင်း
၁၇. ၄. ၂၀၁၆

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>