Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဆလိုင်းမြတ်နိုးသူ - သက်ရှိဂျာနယ်ဖတ်ခြင်း အလွှာပါးပါး

$
0
0


ဆလိုင်းမြတ်နိုးသူ - သက်ရှိဂျာနယ်ဖတ်ခြင်း အလွှာပါးပါး
(မိုးမခ) မေ ၈၊ ၂၀၁၆

ကြွက်တကောင်ကို ငါ တွေ့လိုက်ရတယ် ကားပေါ် ပြေးတက်သွားတာ။
ကဗျာဆရာရဲ့ cacao မှာ ထိုင်ခဲ့တုန်းက။ ဒီလမ်းဟာ အရင်က
ဒီလိုဆံပင်အရှည်မထားသေးဘူး တက်တူးမထိုးသေးဘူး ။
နားကပ်တွေနဲ့ ကြွက်တွေ သိပ်များခဲ့တယ် ။

နားကပ်ဖြုတ်တာနဲ့ ရွေးကောက်ပွဲကြီးအနိုင်ရတာနဲ့ တူနေတယ်။
ပြည်တွင်းဖြစ်ကိုအားပေးပါပြောရင်း မြို့ လယ်ခေါင်မှာ မြွေဟာ ထိုင်နေတယ်
အမှန်တိုင်းပြင်ရရင် သူမ သူတို့လက်ထဲမှာ ကွဲနေတဲ့
အသည်းတွေနဲ့ ဘာသာစကားနဲ့ 
နောက်တခေါက် အရေခွံမလဲခင် ပြတိုက်ထဲ သိမ်းထားရမယ်

ကျောက်ဆူးမဖြုတ်ရသေးတဲ့ ပင်လယ်ကမ်းစပ်က ညနေတခုပါ။
နံရံပေါ်မှာ ရေညှိတွေ တက်နေတာပဲ။ ဂစ်တာပြောင်းပြန်ကြီးရဲ့ 
အောက်မှာ ကြိုးမဲ့တယ်လီဖုန်း မျက်ရည်ပျော်ရွှင်မှု။
အမှန်တရားအရတော့ ဒီနေ့ဟာ သမိုင်းဝင် အသားအပိုင်းအစလေးပါပဲ
နာကျင်မှု ဗိုင်းရပ်စ်ဟာ ငါဆိုသူနှင့်အတူ ဝမ်းဗိုက်ထဲ ပေါက်ဖွားလာခဲ့
အင်ဒီဝါးဟိုးပြန်ထွက်လာတာ တွေ့လိုက်တယ် ရှမ်းကန်နားကနေ ဟိုးဘက်
ပျောက်သွား။ ငါ့ နားရွက်မှာ ဆေးလိပ်ချိတ်ထားပြီး ခါးကြားမှာ
ကဗျာထည့်သွားတယ် မြင်လိုက်လား။ ၁၈ နှစ်မပြည့်ရင် သတိသာထား။
ဘတ်စ်ကားတွေ ပိုပို ဝဖြိုးလာတယ်လို့တော့ မထင်ဘူး။

တကယ်အောက်ဆင်းမရလို့တားထားတဲ့အကြောင်း ပြန်တွေးတုန်း
မီးပွိုင့်ကို ကျော်သွားပြီ။ ရန်သူ့ နယ်မြေထဲ ဘယ်လိုပြေးပြေး
ငါအမြဲ ရောက်တာပဲ။ လယ်သမားတွေကို ငါမြင်ရတယ်
ငါ ရယ်ချင်တယ် တကယ် မတူဘူး ငါကစပြီး အားလုံး။
ကိုယ့်ကိုကိုယ် လိမ်ညာမှုဟာ ပထမဆုံးအစဖြစ်မယ်
ငါဟာ လူမိုက်နှင့်ငွေအတူမနေဆိုတဲ့ အရာဖြစ်တယ်
ငါ့ထိတွေ့ရသော အင်္ကျီထဲမှာ ပျော်ရွှင်မှုက နာကျင်မှုက ဘယ်လောက်
ကချင်လွယ်အိတ်လေးနံရံမှာ သံချောင်းဖြင့် အသေရိုက်ထား
ဘီရိုထဲက သက်ရှိအဆောက်အအုံတွေမှာ အားလုံးမဆန့်ဘူး
ဆေးရုံတွေရဲ့ အသက်ရှူသံတွေ ငါ့ဆီလာမပေးနဲ့။

ငါပြန်မှ ဖြစ်မယ်။ ငါ့သမီးကြီးဟာ ရှေ့ တန်းမျက်နှာစာမှာ ။
အားလုံးပြတ်တောက်သွားတာပဲ။ အချိတ်အဆက်တွေ ငါမှတ်မိနေတယ်
အော်ခေါ်နေတုန်းမှာ ငါ ထပ် မြင် လိုက်ရတယ်
ငါ့ကို ကိုက်သွားတယ် အဲ့ကောင်။ အသက်ရှင်နိုင်မှုရာခိုင်နှုန်းဟာ
ဘယ်လောက် သေဆုံးနိုင်မှုဟာ ဘယ်ထိ။

ဆလိုင်းမြတ်နိုးသူ

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>