Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

သန်းဆွေမိုး (ကလော) ● ငြိမ်းချမ်းရေးကြယ်ပွင့်

$
0
0

 သန်းဆွေမိုး (ကလော) ● ငြိမ်းချမ်းရေးကြယ်ပွင့်
(ဆ ရာ ဒ ဂု န် တာ ရာ သို့ ....)
(မိုးမခ) မေ ၁၃၊ ၂၀၁၆

သေနတ်မောင်းဖြုတ်တဲ့
ခလုပ်တွေပေါ်က
လက်ချောင်းတွေထက်စာရင်
စန္ဒရားခလုပ် ဖြူဖြူဖွေးဖွေးလေးတွေပေါ်မှာ
ပြေးလွှားဆော့ကစားရင်း
ဂီတသံစဉ်လေးတွေ ဖိတ်စဉ်ကျလာစေတဲ့
လက်ချောင်းလေးတွေကို ချစ်တတ်သူပါ။
တုတ်တွေ ဒိုင်းတွေ လွှားတွေ၏ကိုင်ထားတဲ့
လက်တွေထက်စာရင်
စုတ်တံနဲ့ ဖြူနီဝါဆေးတွေပေကျံနေတဲ့
ပန်းချီဆွဲတဲ့လက်တွေကို ချစ်တတ်သူပါ။

အခိုးအငွေ့ပေါင်းစုံနဲ့ မှိုင်းညို့မည်းမှောင်နေတဲ့
ရှမ်းတောင်ကုန်းတွေပေါ်မှာ
စိန်ပန်းပြာလှိုင်လှိုင်ပွင့်လို့
မိုးကောင်းကင်ကြီးကိုလည်း သူ့ရဲ့ "ဝေါ့ဒစ္စနေအပြာ"လို
ကြည့်ချင်နေသူပါ ။

ဒီမှာ …."လှည်းရိုး"
ဟိုး …. မှာ "သာမိုင်းခမ်း"
ခပ်လှမ်းလှမ်းမှာတော့ "မြင်မထိ"
ဘယ်ကိုပဲကြည့်လိုက်ကြည့်လိုက်
မြင်မြင်သမျှ အစိမ်းတွေ ထူပိန်းပိန်း
တောတွေစိမ်းစိမ်း တောင်တွေစိမ်းစိမ်း
အစိမ်းတွေကြားမှာ
ဒေလီယာပန်း
နေကြာပန်း
သစ္စာပန်တွေပွင့်တဲ့
ဟောဒါ …"အောင်ပန်း "။
"အောင်ပန်း"မှာ
ငြိမ်းချမ်းရေးကိုချစ်တဲ့ ကဗျာဆရာ
ငါတို့ချစ်တဲ့ ကဗျာဆရာ
ငြိမ်းချမ်းရေး မရသေးတဲ့ ကမ္ဘာကြီးမှာ
ငြိမ်းချမ်းမှုမရနိုင်သေးတဲ့ ငါတို့ကို ထားခဲ့ပြီးတော့
ငြိမ်းချမ်းစွာ အိပ်စက်အနားယူသွားပြီကို …။

"အောင်ပန်း"မှာတော့
မိုးစက်ကလေးတွေ သယ်ဆောင်လာတဲ့
လေနုအေးကလေးကတော့ နော့ဆဲကို… ။ ။

သန်းဆွေမိုး (ကလော)
သရုပ်ဖော်ပန်းချီ သန်းဌေးမောင်

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>