Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အာဇာနည်များ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းမည့် NLD မှ(၆၈)ကြိမ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုခြင်းပြုလုပ်

$
0
0


အာဇာနည်များ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းမည့် NLD မှ(၆၈)ကြိမ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုခြင်းပြုလုပ်

ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင်၂၀၊ ၂၀၁၅ခုနှစ်




 ၂၀၁၅ခုနှစ်၊ ဇူလိုင် ၁၉ ရက် နေ့လည် ၁နာရီခွဲတွင် (၆၈)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အနောက်ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တွင် ကျင်းပပြလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးကိုကိုကြီး၊ နိုင်ငံခြားသံတမန်များ နှင့် ပြည်သူလူထုမှတခဲနက်တက်ရောက် ခဲ့ကြသည်။ ပြည်ထောင် စုမြန်မာနိုင်ငံတော်အား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်(၉)ဦးအားအလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင်ကျဆုးံးခဲ့သော ရဟန်းရှင်လူ၊ ကျောင်း သားပြည်သူများအား အောက်မေ့သတိရသော အားဖြင့် ငြိမ်သက် အလေပြုခြင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

         
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှပြောကြားရာတွင် ကျဆုံးသွားခဲ့ကြသောအာဇာနည်( ၉) ဦးသည် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံဖြစ်ကြပြီး လွတ်လပ်ပြီး ဒီမိုကရေစီကျသော ပြည်ထောင်စုမြန်မာနိုင်ငံထူထောင်ဖို့အတွက် အားလုံးဟာ တစိတ်တဝမ်း တည်းဖြစ်ကြောင်း၊ လွတ်လပ်ရေးမရခင်ကျဆုံးသွားခဲ့သော အာဇာနည်များ၏ရည်ရွယ်ချက် များကို ဖြည့်ဆည်းရန်အတွက် NLD ပါတီကိုထူထောင်ထားခဲ့ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ဖို့ဆုံးဖြတ်ခဲ့ရာတွင် NLD ပါတီက တာဝန်ရှိပြီး လုပ်သင့်လှုပ်ထိုက်လို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ပြည်သူတွေကို မှန်ကန်သည့်အုပ်ချုပ်ရေးစနစ်ဖြင့် အကျိုးပြုချင်ကြောင်း၊ မပြောင်းလဲပဲအရင်တိုင်းဆက်သွားနေမည်ဆိုလျှင် ပြည်သူများဆက်ပြီးဆင်းရဲနေမှာဖြစ်သည့်အတွက် ပြောင်းလဲသင့်တာကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ဖြင့်ြေ ပာင်းလဲသင့်ကြောင်း၊ စစ်မှန်သောစိတ်ဓါတ်ဖြင့်နိုင်ငံအတွက် လုပ်ဆောင်ခဲ့သော အာဇာနည်ကြီးတွေ အပေါ်မှာထားတဲ့ စိတ်ဓါတ်တွေကတော့ ဘယ်တော့မှမပြောင်းလဲ သင့်ကြောင်းများ ပြောသည်။

        
  ဆက်လက်၍ “ကျမတို့အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ နေရာအတွက်၊ ရာထူးအတွက်၊ ဥစ္စာအတွက်၊ ချမ်းသာမှုအတွက် လုပ်သွားတဲ့ပုဂ္ဂိုလ်ကြီးတွေမဟုတ်ပါဘူး၊ အာဇာနည်ခေါင်းဆောင်တွေမှာ တစ်ယောက်မှချမ်သာတယ်ဆိုတာမရှိခဲ့ပါဘူး၊ သူတို့ရဲ့ချမ်းသာမှုဟာ ပြည်သူရဲ့ချမ်းသာ မှုပဲ၊ ပြည်သူတွေ လွတ်လပ်တဲ့ တိုးတက်တဲ့ပြည်ထောင်စုကိုထူထောင်နိုင်တယ်ဆိုရင် အာဇာနည်ကြီးတွေဟာ မိမိတို့ရဲ့ ချမ်းသာမှုပဲဟု စိတ်ထားခဲ့ကြတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကလည်း ဒီလိုစိတ်ထားဖို့ ကြိုးစားရပါလိမ့်မယ်” ဟုပြောခဲ့သည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဒုတိယမင်းခေါင်လက်ထက် မွန်ဟံသာဝတီ နှင့် စစ်ဖြစ်ခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>