Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - လေးမျိုးဖြစ်ထူး နှစ်ဦးကဆုန်

$
0
0

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - လေးမျိုးဖြစ်ထူး နှစ်ဦးကဆုန်
(မိုးမခ) မေ ၂၀၊ ၂၀၁၆

ဗုဒ္ဓဘာသာဝင်များရဲ့ ၁၂-လ ရာသီ ပွဲတော်တွေထဲ မှာ ကဆုန်လပြည့်နဲ့ပတ်သက်လို့- "ဆု, ဖွား, ပွင့်, စံ၊လေးတန်ထူးကြုံ၊လကဆုန်"လို့ အတိုကောက်မှတ်သားထားပါတယ်။

ဆု=ဘုရားဆုပန်တော်မူတဲ့နေ့၊
ဖွား=ဖွားမြင်တော်မူတဲ့နေ့၊
ပွင့်=သဗ္ဗညုဘုရားရှင်အဖြစ် ပွင့်တော်မူတဲ့နေ့၊
စံ=ပရိနိဗ္ဗာန် စံတော်မူတဲ့နေ့..ဆိုပြီးတော့ပေါ့။

ဒီလေးခုက အခုဘုရားရှင်သာမကပါဘူး၊ ပွင့်တော်မူသမျှ ဘုရားရှင်တိုင်းဟာ မဇ္ဈိမဒေသမှာချည်းဆိုတော့ ဒီနေ့မှာ ဒီအဖြစ်ထူးလေးမျိုးက အတူတူပါပဲတဲ့။

ဒီနေ့မှာမှ ဘာ့ကြောင့် ဒီလိုမင်္ဂလာရှိတဲ့အဖြစ်ထူးလေးမျိုးကဆုံရသလဲ-ဆိုတာနဲ့ ပတ်သက်လို့တော့ မင်းကွန်းတိပိဋကဆရာတော်ကြီးရဲ့ "မဟာဗုဒ္ဓဝင် ပထမတွဲ"အနုဒီပနီမှာ- ကောင်းတဲ့ကိစ္စတိုင်းမှာ အဦးဆုံးဟာ အထူးခြားဆုံးနဲ့ အကောင်းဆုံးပါပဲ..တဲ့။

တစ်နှစ်ရဲ့(၁၂)လထဲမှာ ကဆုန်လသာလျှင် နှစ်ရဲ့ အဦးဆုံးလဲဖြစ်၊ဝိသာခါနက္ခတ်နဲ့ စန်းလတို့ဆုံတဲ့
အထူးခြားဆုံးလဲ ဖြစ်ပါတယ်။ အများကတော့(၁၂)လထည်းမှာ တန်ခူးလက အစဆုံးဖြစ်လို"့ နှစ်ဦးလ"လို့ ထင်တတ်ကြပါတယ်။

တန်ခူးဟာ လအနေနဲ့ အဦးဆုံးဖြစ်ပေမယ့် နှစ်အနေနဲ့ကြည့်မယ်ဆိုရင်- တန်ခူးလဟာ နှစ်ဟောင်းနဲ့ နှစ်သစ် နှစ်မျိုးဆိုင်လ ဖြစ်နေတယ်၊တချို့နှစ်တွေမှာ နှစ်ဟောင်းက လုံးလုံး ပိုင်နေတတ်တယ်၊ ကဆုန်လကသာ နှစ်သစ်က လုံးလုံး (သို့) အများဆုံးကို ပိုင်ဆိုင်တဲ့ နှစ်သစ်ရဲ့ အဦးဆုံးလဖြစ်ပါတယ်..တဲ့။

ဒါကြောင့်မင်္ဂလာအရှိဆုံးလမှာ ဘုရားရှင်တိုင်းရဲ့ အထူးခြားဆုံးသာမက မဇ္ဈိမဒေသရဲ့  "ရာဇဘိသေက် အပါအဝင် မင်္ဂလာကိစ္စအဝဝကို ဒီလမှာပြုလုပ်တဲ့ အစဉ်အလာရှိပါသတဲ့။ ဒီလထည်းမှာလဲ ဝိသာခါနက္ခတ်နဲ့ စန်းလတို့ယှဉ်တဲ့ လပြည့်နေ့ကို မင်္ဂလာအရှိဆုံးလို့ သတ်မှတ်ပါသတဲ့။

ဒီထူးခြားချက်လေးမျိုးလုံးဟာ ဘုရားရှင်တို့ရဲ့ ဖြစ်စဉ်တွေထည်းမှာ မင်္ဂလာအရှိဆုံးလို့ ဆိုတာနဲ့ ပတ်သက်လို့ ရှေ့သုံးမျိုးမှာ ဘယ်သူမှသံသယဖြစ်စရာ မရှိပေမယ့်..  ပရိနိဗ္ဗာန်စံဝင်တော်မူတာကို မင်္ဂလာနေ့ထူးလို့ ဆိုတာနဲ့ပတ်သက်လို့တော့ တချို့က တယ်ဘဝင်မကျလှဘူး၊ ဒီကိစ္စ ခဏခဏမေးဖူးတယ်။

ပရိနိဗ္ဗာန်ပြုတယ်ဆိုတာလဲ လောကအမြင်မှာတော့ သေဆုံးတာနဲ့ အတူတူပဲဆိုပြီး  ဘဝင်မကျ တာဖြစ်မှာပေါ့။

 တောထဲမှာ ရွှေအိုးကြီးတစ်လုံးတွေလိုက်တယ်ဆိုတာ "မင်္ဂလာပဲ"လို့ အားလုံးလက်ခံမှာပါပဲ၊ ဒါပေမယ့် "ဒါနဲ့ပဲ ချမ်းသာအပြည့်ရပြီလား"ဆိုရင်တော့- ဒီရွှေအိုးကြီးကို အိမ်အထိ ထမ်းသယ်သွားရဦးမှာပါ၊
ဒီလိုထမ်းသယ်ပြီး ဘဏ္ဍာတိုက်ထဲ လုံလုံခြုံခြုံ ထည့်သိမ်းထားလိုက်ထာရော "မင်္ဂလာပဲမဟုတ်လား"၊
"ဘယ်ဟာက ပိုမင်္ဂလာရှိမလဲ၊ချမ်းသာပိုပြည့်မလဲ"ဆိုရင် ဘယ်လိုပြောမလဲ၊ ထမ်းပိုးထားစရာမလိုဘဲ အလိုရှိမှအေးအေးဆေးဆေး ယူသုံးရုံရှိတော့တဲ့ ဘဏ္ဍာထဲ ရောက်ရှိသွားတာက ပိုပြီး မင်္ဂလာရော,ချမ်းသာရော မရှိပေဘူးလား..။

လုရားရှင်တို့ရဲ့ဖြစ်စဉ်မှာလဲ ဒီသဘောဆင်ဆင်ပါပဲ၊ ဘုရားဖြစ်တော်မူတာက ကိလေသာဝန်ပဲ ငြိမ်းသေးတယ် ခန္ဓာဝန်ကို ဆက်ထမ်းနေရသေးတယ်။ "ပရိနိဗ္ဗာန်စံတော်မူတယ်"ဆိုတာက ခန္ဓာဝန်ကိုပါ
ပယ်ချနိုင်လို့ ရွှေအိုးကိုဘဏ္ဍာတိုက်ထဲ ပစ်ချသိမ်းဆည်း ထားလိုက်ရသလို"နာမ်ရော ရုပ်ပါ"ငြိမ်းအေးပြီး
မင်္ဂလာရော ချမ်းသာပါပြည်စုံသွားလို့ "မင်္ဂလာထက် မင်္ဂလာ"လို့ ဘုရားရှင်တို့က ခံယူတော်မူကြမှာပါ။

 ပြောစရာတွေတော် ကျန်ပါသေးတယ်။  ဒီနေ့ DVB ရုပ်သံကလဲ"ကဆုန်လပြည့်အကြောင်း"
အင်တာဗျူးလေးလုပ်ပြီး လွှင့်ချင်လို့ ချိန်းထားတယ်။  အဲဒီကျမှပဲ အချိန်ရရင် ဖြည့်ပြောလိုက်ပါမယ်။ (ဆုဖွားပွင့်စံ,ထူးလေးတန်, မှတ်ရန် ကဆုန်လ-လို့လဲ ဆိုရိုးရှိသတဲ့)

 အပ္ပမာဒေန သမ္ပာဒေထ...!!!
၁၈.၅.၂၀၁၆

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>