Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဆရာတော် ကိုပညာ (အမရပူရ) ဘဝနတ်ထံပျံလွန်တော်မူ

$
0
0
 
ဆရာတော် ကိုပညာ (အမရပူရ) ဘဝနတ်ထံပျံလွန်တော်မူ
(မိုးမခ) မေ ၂၁၊ ၂၀၁၆

အမရပူရမြို့ တောင်သမန်အင်း တောင်လေးလုံး ကျောင်းတိုက်၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာကေတ (သိရိပ၀ ရဓမ္မာဓရိယ) အမျိုးသားစာပေဆုရ၊ စာရေးဆရာ ကိုပညာ (အမရပူ) သည် မေလ ၂၁ ရက်၊ ၂၀၁၆ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ နံနက်ပိုင်းတွင် ဘဝနတ်ထံပျံလွန်တော်မူရှာကြောင်း မန္တလေး စာပေအသိုင်းအဝန်းကတဆင့် သိရသည်။  ပျံလွန်တော် မူချိန်တွင် သက်တော် (၈၄) နှစ်၊ ဝါတော် (၆၄) ဝါ ရှိပြီ ဖြစ်သည်။

ဆရာတော်ကို အဘ ဦးသိန်းဖေ၊ အမိ ဒေါ်အေးရွေတို့က အမရပူရမြို့ တောင်ကြီးရပ်ကွက် အရှေ့ဆင်တိုင်ရပ်တွင် မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ ပြာသိုလဆန်း (၁၀)ရက် (ခရစ်နှစ် ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်) တွင် ဖွားမြင်ခဲ့သည်။  ခြောက်နှစ်သားအရွယ်တွင် တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းသို့ ရောက်ရှိ၍ စာပေပညာသင်ယူခဲ့သည်။  ကိုးနှစ်သားအရွယ်တွင် ရှင်သာမဏေ ပြုခဲ့သည်။ (၁၆) နှစ်သားအရွယ်တွင် အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) ထံတွင် စာပေပရိယတ်များ သင်ကြား၍ 'ဓမ္မာစရိယ'အောင်မြင်ခဲ့သည်။

၁၉၅၅ ခုနှစ်ခန့်တွင် စုံထောက်ဝတ္တူမဂ္ဂဇင်း၌ ဆောင်းပါးတပုဒ်၊ ဝတ္ထုတပုဒ်ရေးသား၍ စာပေလောကသို့ စတင်ဝင်ရောက်လာ ခဲ့သည်။  ထို့နောက် မြဝတီမဂ္ဂဇင်း အမှတ် (၉၉) တွင် 'တောင်သမန်၏နံနက်ခင်း'ကဗျာပါရှိခဲ့သည်။  ၁၉၅၉ ခုနှစ်တွင် သွေးသောက်မဂ္ဂဇင်း၌ ဆောင်းပါးများ ဆက်လက်ရေးသားခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ကိုပညာ (အမရပူရ) ကလောင်အမည် ခံယူ၍ ငွေတာရီမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။  ၁၉၆၉ ခုနှစ်တွင် ဦးဝင်းတင်၏ မန္တလေးမြို့ ဟံသာဝတီသတင်းစာနှင့် အခြားမဂ္ဂဇင်းများတွင်ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၅၈-၆၇ ခုနှစ်များတွင် ဗိုလ်မှူးဘသောင်း (မောင်သုတ) ၊ မန္တလေးမြို့ အနောက် ခင်မကန်ကျောက်ဆောက်ကျောင်းဆရာတော် အရှင်ဝါယမ၊  မန္တလေးတက္ကသိုလ်က ဆရာ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း စသည်တို့နှင့် အတူ တိမ်မြုပ်ရှားပါးနေသော မြန်မာစာပေနှင့် သမိုင်းစာပေများကို ဖော်ထုတ် လေ့လာခဲ့သည်။  စာတမ်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ‘တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ'စာအုပ်ဖြင့် အမျိုးသားစာပေဆု (သုတပဒေ သာ ဝိဇ္ဇာ ဘာသာရပ်) ကို ရရှိခဲ့သည်။

ဆရာတော် အတွက် မိုးမခက ဝမ်းနည်းကြောင်း မှတ်တမ်းပြုပါသည်။

၂၀၁၂ ခုနှစ် ဆရာတော် သက်တော် ၇၉ နှစ်ပြည့်တွင် ထိုစဉ်က သက်ရှိထင်ရှားရှိသေးသည့်  ဆရာကြီး ဒဂုန်တာရာ၏ မွေး နေ့ ကဗျာကိုလည်း အမှတ်တရ ပြန်လည် တင်ဆက်လိုက်ပါသည်။

ကိုပညာ
ပညာတွေ အလွန်များ။
ကြားရသည်မှာ
စာအုပ်တွေ ထံတျာနဲ့
ဂန္ဓာမာနှင့် ပျံ့ကြောမှာ
မောလှပေးလား။

ဒဂုန်တာရာ
၅၊ ၁၊ ၂၀၁၂
ပန်းကြာဝတ်မှုန်
ရန်ကုန်။

ဓာတ်ပုံ - ငြိမ်းချမ်းစိမ်းလန်း (စာရေးဆရာ ညီပုလေး)

Viewing all articles
Browse latest Browse all 9633


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>