Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ပန်းချီ သန်းဌေးမောင် ● ဗိုလ်ချုပ်ကြေးရုပ် လက်ရာရှင် ဘင်းဘရစ်ခ်ျ ကော်ပနော် (၁၉၀၃-၇၃)

$
0
0




ပန်းချီ သန်းဌေးမောင် ● ဗိုလ်ချုပ်ကြေးရုပ် လက်ရာရှင် ဘင်းဘရစ်ခ်ျ ကော်ပနော် (၁၉၀၃-၇၃)
(မိုးမခ) မေ ၂၂၊ ၂၀၁၆


စစ်ကြီးပြီးစ ဗြိတိသျှအနုပညာလောကမှာတော့ ဘင်းဘရစ်ခ်ျ ကော်ပနော်ဟာ သူ့ရဲ့အနုပညာလက်ရာတွေကြောင့် အားလုံးကသိပြီးဖြစ်တဲ့ နာမည်ကျော် အနုပညာရှင်ကြီး တယောက်ဖြစ်ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးရပြီးစ နှစ်အနည်းငယ်လောက်မှာတော့ ဗြိတိသျှအစိုးရရဲ့ တာဝန်ပေးချက်အရ ဗိုလ်ချုပ်အောင်ဆန်းပုံကြေးရုပ်ထုပန်းပုကို သူထုလုပ်ခွင့်ရခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ဗိုလ်ချုပ်ပုံပန်းပုကို ထုလုပ်ပြီး မြန်မာနိုင်ငံကိုတင်ပို့ခဲ့ပါတယ်။

မြန်မာအစိုးရက သူ့ကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုဖွင့်ပွဲသို့ တက်ရောက်ရန်ဖိတ်ကြားခဲ့တယ်။ ၁၉၅၅-၅၆ ခုနှစ်များမှာတော့ မြန်မာပြည်သို့ရောက်ရှိ နေထိုင်ခဲ့တယ်။ မြန်မာပြည်မှာနေထိုင်စဉ်အတွင်း နာမည်ကျော်ကြားထင်ရှားလှတဲ့ ညောင်ရမ်းဆရာတော် ဘုရားကြီး ပျံလွန်တော်မူသည်နှင့်ကြုံရတဲ့ အတွက် သူက ဆရာတော်ဘုရားကြီး၏ ပုံတူထုလုပ်ခွင့်ရရန်တောင်းဆိုခဲ့တယ်။ မြန်မာနိုင်ငံအတွက် သူ့ရဲ့ ဒုတိယမြောက်ပန်းပုအဖြစ်ထုလုပ်ပြီးစီးခဲ့တယ်။ ထို့ပြင် ပန်းချီကား ၃၀ကျော် ၄၀ခန့်ကိုလည်း ရေးဆွဲခဲ့တယ်။


ပန်းချီ ဘင်းဘရစ်ခ်ျ ကော်ပနော်ရဲ့ လက်ရာ
www.magicartartgallery.com


သူ့ရဲ့ပန်ချီကားတချပ်ကို အမျိုးသားယဉ်ကျေးမှုပြတိုက် ပန်းချီပြခန်းမှာချိတ်ဆွဲထားတယ်လို့သိရပါတယ်။ ဒါပေမယ့် မြန်မာ့ပန်းချီအနုပညာသမိုင်းမှာတော့ ကိုးလ်ဝေါ်လ်သီဂရန့်၊ တဲလ်ဘော့ကယ်လီ၊ ဂရက် ကယ်လီ၊ မစ်ဒယ်လ်တန်တို့လောက် မထင်ရှားခဲ့ပါဘူး။ ဆရာဦးဉာဏ်ရှိန်ရေးသားတဲ့ ပန်းချီ ဦးစံဖေ (ဗိုလ်ချုပ်အောင်ဆန်းပုံ ပန်းပုထုစဉ်က ကော်ပနော်ကို ကူညီခဲ့သူ) ရဲ့ အထ္ထုပတ္တိထဲမှာတော့ ဗြိတိသျှ ပန်းပုဆရာတဦးအနေနဲ့ သာရေးသားထားတယ်လို့သိရပါတယ်။

ဘင်းဘရစ်ခ်ျ ကော်ပနော်ဟာ ရန်ကုန်မြို့မှာ ဒေသခံပန်းချီဆရာများနဲ့ ရန်ကုန်ပန်းချီပန်းပုကျောင်းတို့မှာ ကိုယ်တိုင်လက်တွေ့ ပန်းချီရေးဆွဲပြသခြင်း၊ စာတွေ့သင်ကြားပို့ချခြင်းများလည်းပြုလုပ်ခဲ့ပါတယ်။


မြန်မာ့ပန်းချီသမိုင်းမှာတော့ ဘင်းဘရစ်ခ်ျ ကော်ပနော်ရဲ့ ဂုဏ်သတင်းဟာမှေးမှိန်လွန်းလှပါကြောင်း။

ပန်းချီ သန်းဌေးမောင်
မေ ၂၁၊ ၂၀၁၆

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...