Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ညိုထက် (လမ်းသစ်ဦး) ● မေလ

$
0
0
 ညိုထက် (လမ်းသစ်ဦး) ● မေလ
(မိုးမခ) မေ ၂၅၊ ၂၀၁၆


ကုက္ကိုလ်သားလို တထပ်တည်း
လေးတော်တင်တယ်
ကျနော့်မြားတံက မေလရဲ့ဗဟိုချက်ထဲ
နစ်နစ်စူးစူး စိုက်ဝင်လျက်
ကျနော် ၃ နှစ်သားအရွယ်နဲ့ ရေးကူးတယ်။

ရှေးရိုးအစဉ်အလာ အယူအဆစွဲတွေ စွန့်လေ
အဲဒီလိုနဲ့ ကန့်လန်နီဖြစ်လာတယ်။

ကျနော် တယောက်တည်းမလာခဲ့ဘူး
မေလမှာ
နေလဟာ ညသားကောင်းကင်မှာ
ခရမ်းနီ ခရမ်းပြာ အလင်းတွေဖြာလျက်
ရယ်မောပျော်ရွှင်။

မြိုင်သာယာ ကမ်းယံမှာ
နေလ နှစ်ဖြာ
ကျနော်တို့ ဇာတ်ညွန်းကိုင်ပြီး မွေးဖွားလာတယ်။

ဂျက်ဆင်ထိပ်က လရိပ်ပြာ
မြိုင်သာယာမှာ လင်းပတယ်
တယောသံနွဲ့နွဲ့
ဘင်ဂျိုသံတွေက တောင့်မာသွယ်လျ။

ကျနော့်ဘ၀ထဲက ရွာကလေးတွေရဲ့အမည်
မြိုင်သာယာ
ကန်ချောင်
ကလာဒ်ရပ်
ထင်းကွင်း
စကားလက်ရဲ့ ၁၁ လမ်း
မယ်ဇလီ။

မေလဘ၀ထဲ ထူးခြားချက်က
ပိတုန်းလေးတကောင်ဖြစ်တယ်။

အချစ်
အချစ်တဲ့
အချစ်က လေးကိုင်းသဖွယ်
ပိတုန်းလေးတကောင်သဖွယ်
အဘိဓမ္မ အမွှာနဲ့
ကဝေသဖွယ်
ကျနော့်ထံပါး ရောက်ရှိလာတယ်။

ကျနော် ထပ်တလဲလဲ မြည်တမ်းနေတဲ့ဘာသာစကား
အချစ်မရှိ ကွန်မြူနစ် မဖြစ်။

တနေ့
ကိုပုညနဲ့ ပွင့်လင်းရောက်လာတယ်
ပီဇာဖုတ်တဲ့အလုပ်သမလေးရေ
အချစ်စကားတွေ တိုးတိုးပြောဖို့လိုသလို
အချစ်တွေ လင်းသစ်ဖို့လိုတယ်။

ညီမလေး သက်နန္ဒာ
ချစ်ခင်ဖွယ်အဆင်းရှိတဲ့ သက်နန္ဒာ
ကိုကို့အချစ်တွေက
မြသားအတိ
တန်ဖိုးရှိတာ ယုံ။

ပြောရဦးမယ်
ဆံပင်ရှည်ရှည်
ထင်တိုင်းကြဲနေတဲ့ ကျနော်က
ဓိရာမိုရဲ့ဂန္ဓ၀င်သစ်ကိုတော့ ချစ်နေတယ်။

စကားလုံးမရှိတဲ့ကဗျာ
ဆေးသားမရှိတဲ့ပန်းချီ
မိုဒီလျာနီ
ကျနော် ရိုးရိုးစင်းစင်း ယုံကြည်ခဲ့တယ်။

Adle ရဲ့ရယ်မောသံတွေကြားတဲ့အခါ
ကျနော် အမှန်တကယ်တုန်လှုပ်တယ်
သူမကတော့ ကျနော့်ရှေ့မှာ တည်ငြိမ်လို့။

ကျနော် သူမအပေါ် မရိုးသားခဲ့ပေမယ့်
ကျနော် လောကကြီးအပေါ် ရိုးသားခဲ့တယ်
ဥမ္မာရေ ….
အနှစ် ၂၀ လောက် စိစစ်ပြီးတဲ့အခါ
ဥမ္မာရှေ့မှာ ဒူးထောက်ခွင့်ရချင်တဲ့ အာသီသ။

ဥမ္မာရေ ….
တို့ ၂ ယောက်တွေ့တဲ့အခါ
ဘာကြောင့်များ ကျနော့်အပေါ် ခွင့်လွတ်မှုတွေပေးနေတာလဲ
အဲဒီအတွက် ကျနော် ရှက်စရာတွေ များစွာဖြစ်ခဲ့ရတယ်
သြော် ….
အဲဒီလောက်တောင်
ကျနော့်အပေါ် ချစ်သတဲ့လား
ကျနော်ရှက်တယ် ဥမ္မာ
ကျနော် အမှန်တကယ်ရှက်မိတယ်
ကျနော့်ညာမေးက စပံယ်တင်မှဲ့လေးကိုတွေ့တဲ့အခါတိုင်း
ကျနော် ရှက်မိတယ်။

မေရေ ….
နေရေ ….
ကျနော့်ရဲ့ပဉ္စမနံရိုး
ငါ့ ရှိဝရေ ….
ငါ့ ဧ၀ရေ ….
အချစ်တဲ့လား
ပိတုန်းလေး ၀ဲနေတယ်
အဲဒီပိတုန်းလေးကိုပေးဖို့
ပီယ က
အဒဲ က
ဥမ္မာ က
ရှက်ခီလာ က
ပီဇာဖုတ်တဲ့ အလုပ်သမလေး က
လှလှပပ ဖယ်ခွာပေးသတဲ့သလား။

မှတ်တမ်း မှတ်ရာ
ညီမတော် သက်နန္ဒာ
သူမ ကျနော့်အနားရောက်ရှိဖို့တဲ့
သြော် …. အချစ်
ဥမ္မာ့ရဲ့အချစ် ….
ကျနော့်ကိုချစ်သလို
လောကကို ချစ်ကြတယ်။

ကျနော် ဒီကဗျာကို
မေထုံရာသီအ၀င် မေလ ၂၁ ရက်မှာ ရေးတယ်။

မေလ = နေလဖြစ်တယ်
ကျနော်က လ
မမမေက နေ
= ဥမ္မာဖြစ်တယ်
= ရဲဘော်ကြီး ဖိုးသာထူးဖြစ်တယ်
= မိချိုသဲဖြစ်တယ်
= ငုဝါခိုင်ဖြစ်တယ်
= ချာလီထီးလေးဖြစ်တယ်
= အဒဲ ဖြစ်တယ်
= ဂျေနီဖာလိုးပတ်ဖြစ်တယ်
= မိသဲဖြစ်တယ်
= မြင့်မြင့်စမ်းဖြစ်တယ်
= ရှက်ခီလာဖြစ်တယ်
= မမမိုးဖြစ်တယ်
= မမလဲ့လဲ့ဖြစ်တယ်
= မမပြုံးဖြစ်တယ်
= နီလာပုံနှိပ်တိုက်ဖြစ်တယ်
= နန်းကြည်ဖြစ်တယ်
= မူဟေ ဖြစ်တယ်
= ထားထားလေး ဖြစ်တယ်
= နော်အေး ဖြစ်တယ်
= မေသန္ဒာအေး ဖြစ်တယ်
= လေးကိုင်းဖြစ်တယ်
= အချစ်ဖြစ်တယ်
= မေထုံဖြစ်တယ်။

လမင်းသားရဲ့ မြားပစ်ချက်
နေရဲ့ဗဟိုချက်တည့်တည့်
စူးစူးနစ်နစ်
စိုက်ဝင်။

မေလဖြစ်တယ်
နေလဖြစ်တယ်
ကျနော့်ဘ၀ဖြစ်တယ်။

ညိုထက် (လမ်းသစ်ဦး)
၂၁ - ၅ - ၂၀၁၆

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>