Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်ကြူးရင့် - ဘဘနဲ့ မြေးမလေး

$
0
0

မောင်ကြူးရင့်  - ဘဘနဲ့ မြေးမလေး 
(မိုးမခ) ဇွန် ၈၊ ၂၀၁၆
ဘဘ
ထိုင် …. ထိုင်
ရားရှိခိုးရယ် …. ရားရှိခိုးရယ်
၂ နှစ်လေးလသမီး
မြေးမလေးမြတ်သီရိခင်နဲ့
ဘုရားကိုဦးချတဲ့အခါ
ပျော်စရာပါးပါး
ပူစရာများများ လောကဟာ
ပျောက်ဆုံးသွားတယ်

ဘဘ
ထ….ထ
ချင်းဖွင်….ချင်းဖွင့်
ကရယ် ကရယ်
မြေးမလေးနဲ့ ကတဲ့အခါ
ရယ်စရာပါးပါး
လွမ်းစရာများများလောကဟာ
ပျောက်ဆုံးသွားတယ်

သေနတ်မှန်ထားတဲ့ အတိတ်
ဒဏ်ရာဗရပွနဲ့ ပစ္စပ္ပုန်
ချန်ခဲ့မယ့်မြေးမလေးဟာ
လှပတဲ့နာဂတ်ကိုသွားတော့မယ်
ဘဘက ကျန်လူဖြစ်တော့မှာပါလား။ ။

မောင်ကြူးရင့်
၅့  ၆့  ၂၀၁၆

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>