Quantcast
Viewing all articles
Browse latest Browse all 9633

မောင်ရင်ငတေ ● ပါရီပုံရိပ်များ (နံရံပေါ်က အိုင်လပ်ဖ်ယူ)


Image may be NSFW.
Clik here to view.

မောင်ရင်ငတေ ● ပါရီပုံရိပ်များ (နံရံပေါ်က အိုင်လပ်ဖ်ယူ)
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၆

ပါရီပုံရိပ်များကဏ္ဍမှာ ထည့်သွင်းဖော်ပြရမယ့် အကြောင်းအရာတခု ရှိပါတယ်။ ဒီနေရာက ပါရီမြို့ရဲ့ နာမည်ကျော် မွန့်မတ်ထ် ပန်းချီတောင်ကုန်းနဲ့ မလှမ်းမကမ်းမှာ တည်ရှိနေပေမယ့်လည်း အကြောင်းမသင့်လို့ မရောက်ဖြစ်တဲ့ ကွက်ပျောက်နေရာတခု ပါ။ မောင်ရင်ငတေ့ထံသို့ လာရောက်လည်ပတ်သူတွေကိုလည်း တယောက်စ နှစ်ယောက်စကလွဲလို့ လိုက်မပြဖြစ်သေးတဲ့ နေရာတခုပါ။ လိုက်မပြဖြစ်ခဲ့ရခြင်းအကြောင်းက သာမန်ပန်းခြံလေးတခုတွင်းမှာတည်ရှိနေပြီး ဟိုအရင်ကတော့ လူသိနည်း ပါးလှတာကြောင့်ပါ။

Image may be NSFW.
Clik here to view.

Le Mur des Je T'aime, Square Jehan-Rictus (ဓါတ်ပုံ မရငတ)

အခုနှစ်ပိုင်းတွေမှာတော့ ပါရီမြို့တော်ရဲ့သမိုင်းကြောင်း အဟောင်းတွေနဲ့အတူ ပါရီရဲ့ ရိုမန်တစ်အလှအပများကို ခံစားချင်ကြ သူ လူငယ်လေးတွေကြားမှာ ပေါ်ပြူလာ ဖြစ်လာတဲ့နေရာတွေ ပေါ်ပေါက်လာပါတယ်။  အဲဒီထဲမှာမှ ဒီနေရာက တနေရာ အဖြစ် ထင်ရှားလာခဲ့သလို အထူးသဖြင့်ကတော့ ပျားရည်ဆမ်းခရီး မှတ်တမ်းတင်ကြသူတွေကြောင့် လူသိပိုမိုပြီးများပြား လာဟန် တူပါတယ်။

မောင်ရင်ငတေ အဲဒီနေရာကို မရောက်ဖြစ်ခဲ့တာ ကြာပါပြီ၊ အရောက်အပေါက် နည်းခဲ့လေတော့  မေ့နေသလိုတောင် ဖြစ်နေ တာလည်း ပါမှာပါ။

ဒီတခေါက် မောင်ရင်ငတေ ရောက်သွားချိန်မှာတော့ လူပရိသတ် အတော်လေးများပြားနေတာ  တွေ့မြင်ရပါတယ်။ မောင်ရင် ငတေတို့ရဲ့ အရှေ့အာရှသား လူငယ်လေးတွေ ပိုများပါတယ်။ တယောက်ချင်း နှစ်ယောက်ချင်းနဲ့ စုံတွဲတချို့ပါ။

ဟောင်ကောင် တိုင်ဝမ် ကိုရီးယားက ခရီးသွားအုပ်စုတွေကိုတော့ မတွေ့ခဲ့မိပါဘူး။ အဲလို အုပ်စုတွေ သွားလေ့သွားထရှိတဲ့ နေရာမျိုးမှ မဟုတ်တာကိုး၊ ဘယ် တွေ့လိမ့်မလဲနော်။

(Photo Google)

Image may be NSFW.
Clik here to view.

Les Amoureux du Mur des Je T’aime (ဓါတ်ပုံ မရငတ)

အဲဒီ နေရာကို  . . …… ….. . ….. ….. ……... ဖန်တီးခဲ့ကြသူတို့က၊ Le Mur des Je T'aime လို့ အမည်ပေးပါတယ်၊ အင်္ဂ လိပ်လိုဆိုရင်တော့ Wall of Love ပေါ့၊ တချို့တွေကတော့ Le Mur des Romantiques လို့လည်း တင်စားခေါ်ဝေါ်ကြ လေ့ရှိပါတယ်။

မေထရို အမှတ် (၁၂) အစိမ်းရင့်ရောင်လိုင်း Abbesses ဘူတာထိပ်ထွက်ပေါက်အနီးက ပန်းခြံလေးတခုအတွင်းမှာ တွေ့ရှိနိုင် ပါတယ်။

အဲဒီ Square Jehan-Rictus အမည်ရပါတဲ့ ပန်းခြံလေးက ၁၉၀၀ ခုနှစ် မတိုင်မီကပင် တည်ရှိခဲ့တာဖြစ်ပြီး ၁၉၃၆ မှာတော့ မြို့တော်ဝန်ရဲ့ အမိန့်ရ ပန်းခြံတခု ဖြစ်လာခဲ့ပါတယ်တဲ့။ ပန်းခြံရဲ့ အကျယ်အဝန်းက ဘာမှမရှိလှပေမယ့် သစ်ပင်ကြီးတွေက အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ပန်းပင်တွေကြား ခုံတန်းလျား စိမ်းစိမ်း အတော်များများ ထားရှိတာကြောင့် နေ့လည် နေ့ခင်းတွေမှာ ဝင်  ရောက် ခိုနားကြသူ အတော်အတန်များဟန် တူပါတယ်။

Image may be NSFW.
Clik here to view.
နံရံပေါ်က အိုင်လပ်ဖ်ယူများ (ဓါတ်ပုံ မရငတ)

ပန်းခြံစည်းရိုးနဲ့ကပ်လျှက်မှာ လေးထပ်လားငါးထပ်လားမသိ တိုက်ဟောင်းတလုံးရဲ့ ခပ်မြင့်မြင့် နံရံတခုရှိပါတယ်။ အဲဒီ နံရံ အောက်ခြေပိုင်းမှာ အပြာရောင် ကြွေပြားတွေ ကပ်ထားပါတယ်။ အဲဒီကြွေနံရံမှာ ဘာမှမဟုတ်တဲ့ စကားလုံးလေး သုံးလုံးကို ရေးထားတာတွေပါ၊ တဘာသာတည်းနဲ့တော့ မဟုတ်ပါဘူး၊ လူသိများလှတဲ့ စကားလုံးတွေရော လူသိနည်းတဲ့ စကားလုံး တွေရော တွေ့မြင်ရပါတယ်။ မောင်ရင်ငတေ ဘာမှန်းမသိနိုင်တဲ့ နားမလည်နိုင်တဲ့ စကားလုံးတွဲတွေကို အများအပြား တနေ ရာတည်းမှာ တွေ့မြင်ခဲ့ရတာမျိုး မို့ တမူထူးခြားစွာ ခံစား မြင်တွေ့ခွင့် ရခြင်းပါ။

Image may be NSFW.
Clik here to view.

 နံရံပေါ်က အိုင်လပ်ဖ်ယူများ (ဓါတ်ပုံ မရငတ)

Image may be NSFW.
Clik here to view.
နင့်ကိုငါချစ်တယ် (ဓါတ်ပုံ မရငတ)

နံရံပေါ်မှာ ရေးထားတဲ့ အိုင်လပ်ဖ်ယူတွေကတော့ အတော်များပြားပါတယ်၊ ဘာသာစာစကားပေါင်း ၃၀၀  ကျော် စုဆောင်း ရရှိ ထားပါတယ်တဲ့။ Je t'aime, I love you, Ti voglio bene, Eu amo-te, Jeg elsker dig, Wo ai ni, Te quiero ….  ….. …… …….. စသဖြင့် စသဖြင့် စုစုပေါင်း စကားလုံး တထောင်လောက် ရှိနေပါပြီတဲ့။

ဒီကနေ့ခေတ်ကာလမှာ အသုံးပြုမှု အရမ်း နည်းသွားခဲ့ပြီ ဖြစ်ကြတဲ့ အမေရိကန် ရက်ဒ်အင်ဒီးယန်း တွေရဲ့ Navajo စကားတို့ နယူးဇီလန် အော်ရဂျင်နယ်ကျွန်းသားတွေ ရဲ့ Maori စကားတို့ ရေခဲလူသား အက်စကီမိုတွေရဲ့ Inuit စကားတို့ အပြင် . …. . ……. …... …… မောင်ရင်ငတေတို့ရဲ့ မဟာ့မဟာ မဟာ ရွှေဗမာတို့ရဲ့ စကားလုံး ** * နင့်ကို ငါ ချစ်တယ် ** ကိုပါ ရှားရှား ပါးပါး ဝမ်းသာစဖွယ် မြင်တွေ့ခဲ့ရပါတယ်။

Image may be NSFW.
Clik here to view.

နင့်ကိုငါချစ်တယ် (ဓါတ်ပုံ မရငတ)

ဒီနံရံက အိုင်လပ်ဖ်ယူများကို ဖန်တီးခဲ့ကြသူများကတော့ လက်ရေးလှဆရာ Calligraphist Fédéric Baron နဲ့ Mural Artist နံရံဆေးရေး ပန်းချီဆရာမ Claire Kito တို့ပါ။

သက္ကရာဇ် နှစ်ထောင်ခုနှစ်မှာ သူတို့ စတင်ဖန်တီးခဲ့တဲ့ လက်ရာ Le Mur des Je T'aime ကတော့  ဘယ်လိုနည်းနဲ့ သက်ဆိုင်ရာက အတည်ပြုလို့ လက်ခံခဲ့ မခံခဲ့ဆိုတာ မောင်ရင်ငတေ သေချာ မသိရှိပေမယ့် ဒီကနေ့ ဂူဂဲလ်မြေပုံပေါ် မှာတော့ Le Mur des Je T'aime ဆိုတာက ပါဝင်နေခဲ့ပြီမို့ အလွယ်နဲ့ ရှာဖွေတွေ့ရှိ နိုင်ပါပြီ။

အဲဒီပန်းခြံကလေးနဲ့ အဲဒီတိုက်နံရံလေးဟာ ပြင်သစ်ရဲ့ ထိမ်းသိမ်းရမယ့် အဆောက်အဦး စာရင်းမှာ မပါပါဘူး၊ ယူနက်စကိုတို့ World Heritage တို့စာရင်းတွေမှာလည်း မပါဝင်ပါဘူး။ တရာ့တပါးသော နာမည်ကြီး ပုဂ္ဂိုလ်ကြီးများ စာရင်းမှာ ပါဝင်သူများ ဖြတ်သန်းသွားခဲ့ရာလည်း မဟုတ်ပါဘူး။

အဲ ဒါပေမယ့် ဗန်ဂိုးတို့ ရေးနွားတို့ ပီကာဆိုတို့ မိုဒီလျာနီတို့ အူထရီလိုတို့လို ဒီကနေ့ခေတ် ဆရာကြီးများစာရင်းမှာ ပါဝင် နေသူတွေ မအောင်မြင် မကျော်ကြားသေးစဉ်အခါက ဒီမွန့်မတ်ထ်တောင်ကုန်း လမ်းကြိုလမ်းကြား မူးမူးရူးရူး ရောက်ရာ ပေါက်ရာ သွားကြရင်း တမေ့တမော အိပ်မောကျခဲ့ဖူးကြတဲ့ ခုံတန်းလျားလေးတွေထဲက တခုလေများ ဖြစ်လေမလားလို့တော့ မောင်ရင်ငတေ တွေးမိခဲ့ရ ပါသေးတယ်။

Image may be NSFW.
Clik here to view.
Le Livre des Je T'aime (The Book of I Love Yous) (Photo Google)


ဖရက်ဒရစ် ဘာရွန်ဟာ လူမျိုးဘာသာပေါင်းစုံရဲ့ အဲလို လက်ရေးလှစာလုံးတွေကို လိုက်လံလေ့လာ စုဆောင်းခဲ့ပြီး စုဆောင်း မိခဲ့သမျှကို စာအုပ်တအုပ် လုပ်၍ ပြင်သစ်မှာ အုပ်ရေငါးသောင်း အလကားဝေခဲ့ပါတယ်တဲ့။

ဖရက်ဒရစ်နဲ့ ကီတိုတို့ နှစ်ယောက်ပေါင်းပြီး ဒီလိုဖန်တီးခဲ့တာက ဝါသနာအရလား ထင်ပေါ်ကျော်ကြားချင်လို့လား တွေးမိ သူတွေ သိချင်သူတွေ ရှိမှာပါ။ တချိန်မှာတော့ သမိုင်းဝင်ချင် ဝင်သွားနိုင်ပါတယ်၊ ဒီ အိုင်လပ်ဖ်ယူ နံရံကြီးကို ဖျက်စေလို့ အမိန့်ထုတ်မယ့် အသည်းနှလုံးသေးတဲ့ အာဏာပိုင်ကြီးတွေ ပေါ်ပေါက်မလာခဲ့ရင်ပေါ့လေ။

သူတို့ကတော့ သူတို့ရဲ့ဒီလက်ရာကို ဖန်တီးခဲ့ရခြင်းအကြောင်းက ငြိမ်းချမ်းမှုတွေ တစတစ နည်းပါးခန်းခြောက်လာတဲ့ ကမ္ဘာမြေကြီးမှာ မေတ္တာတရားတွေ ပြန်လည် ထွန်းကားလာစေဖို့ ရည်ရွယ်ချက်နဲ့ပါလို့ ဆိုပါတယ်။ ကမ္ဘာမြေကြီးကို စည်း မျဉ်းတွေတား နံရံတွေခြားစေချင်သူတွေ နည်းပါးလာစေဖို့ ဒီကနေ့မှာ တောင်းဆိုကြဖို့ ပိုမို လိုအပ်လာနေပါပြီလို့ သူတို့က ဆိုပါတယ်။

ဟုတ်လည်း ဟုတ်လောက်ပါပေရဲ့၊ ဒီနှစ်ပိုင်းအတွင်းမှာဘဲ ငြိမ်းချမ်းရေး ဒိုင်းကြီးတွေကိုင်ပြီး ခုတ်ကြ ထစ်ကြ ရိုက်ကြ နှက်ကြတဲ့ သတင်းဆိုးတွေကိုသာ တခြိမ်းခြိမ်း ကြားနေကြရတယ် မဟုတ်ပါလား။ ဘယ်ဒေသ ဘယ်စက်ရုံက ထုတ်လုပ်မှန်း မသိနိုင်ပါတဲ့ လက်နက်ကြီးတွေနဲ့ စစ်ရေးပြပွဲကြီးတွေက ကြီးမားသထက် ကြီးမားလာပြီး ဒီမိုကရေစီ လက်ကြားမချ အော်ဟစ်ကြသူတွေ ပိုမိုများလာနေတာ ကတော့ အမှန်ပါ။

 မောင်ရင်ငတေကတော့ အဲဒီ ဒီမိုကရေစီ ဆိုတာကြီးကို ပစ်ပြီး ရိုမန်တစ်စစ်စစ်နဲ့ ခပ်အေးအေးသာသာ နေချင်မိပါတော့တယ်၊ ကဲ နံရံပေါ်က အိုင်လပ်ဖ်ယူကို နိဂုံးချုပ်ပါမယ်။

နံရံပေါ်က အိုင်လပ်ဖ်ယူကို စတင်ဖန်တီးသူ လက်ရေးလှဆရာ Calligraphist Fédéric Baron ဟာ နိုင်ငံအတော်များများကို ရောက်ခဲ့ပြီး လက်ရေးတွေကို လေ့လာခဲ့ရာကနေ ဒီအကြံကို ရရှိပြီး ၁၉၉၈ ခုနှစ် နောက်ပိုင်းကစပြီး အကောင်အထည် ဖော် ဖြစ်ခဲ့ရာ အခုအခါမှာတော့ နာမည်ကျော်စ ပြုလာခဲ့ပါပြီ။

ဒါမျိုးတွေကို စိတ်ဝင်စားတတ်တဲ့ မောင်ရင်ငတေတို့လိုကောင် လူအိုကြီးတွေရယ် ကမ္ဘာလှည့် ပျားရည်ဆမ်းချင်ကြတဲ့ လူငယ် ချာတိတ်တွေရယ် ရှိနေတာကြောင့် ပိုမိုပြီး နာမည်ကျော်ကြားလာဖို့ ရှိပါသေးတယ်လို့ ထင်မြင်ယူမိရကြောင်းပါ ခင်ဗျား။

ဒီတခေါက် ပါရီမြို့သို့ လာလည်မယ့်သူကိုတော့ ဒီနေရာလေးကို မရောက်ရောက်အောင် လိုက်ပို့ဖို့ ရည်ရွယ်ထားမိရကြောင်းပါ၊

Image may be NSFW.
Clik here to view.
Wall of Love (The wall of I love yous) (ဓါတ်ပုံ မရငတ)

နောက်ဆက်တွဲ အနေနဲ့ ဆက်ရေးရရင်  . . . ……. ……… အဲဒီနေ့က ကံကြုံချင်တော့ မောင်ရင်ငတေ ပန်းခြံလေးထဲက ပြန် အထွက်မှာ အကမင်းသမီးတလက်နဲ့အဖွဲ့တဖွဲ့  ဝင်လာတာတွေ့လို့ မှတ်တမ်းတင်ဖို့ ပြန်ဝင်လိုက်သွားခဲ့ပြီး မင်းသမီးရဲ့ တကိုယ်တော်အဆိုအကကို မှတ်တမ်းတင်ခွင့်ရလိုက်ပါတယ်။ အော်ပရာမှာဆိုကသလို ဆိုကသွားတာကို မှတ်တမ်းတင်လို့ သာ တင်ခဲ့ရပေမယ့် ဘာအဓိပ္ပါယ်လဲ ဘာအတွက်လဲတော့ မသိလိုက်ပါဘူး။

သြော် ခပ်ညံ့ညံ့ ခပ်တုံးတုံးလေးသာ ကောင်းပါတယ်။ မောင်ရင်ငတေလို့သာ ကိုယ့်ကိုကိုယ် အားပေးမိလိုက်ရပါတယ် ခင် ဗျား။

အဆိုအကကို နားလည်ခံစား ကြည့်ရှုချင်သပ ဆိုရင်တော့ ဒီ ယူကျူကိုသာ ဖွင့်ကြည့်ကြပါကုန်။
https://www.youtube.com/watch?v=JJllyLXV5h0

မောင်ရင်ငတေ ၂၈၀၇၂၀၁၆


Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...