Quantcast
Viewing all articles
Browse latest Browse all 9633

ကျော်ဟုန်း - ဘုရားရှိခိုး တခုတိုးစေ


 ကျော်ဟုန်း - ဘုရားရှိခိုး တခုတိုးစေ
(မိုးမခ) သြဂုတ် ၃၊ ၂၀၁၆


(ကိုမောင်မောင်ဝမ်းအတွက်နှင့် တားဆီးသူတွေအတွက်)

တောက်....
ဘာလဲကွ
ပြည်တော်ပြန်ရဲ့ ပြည်ဝင်ခွင့်။

တိုင်းပြည့်တံခါး
လုံခြုံဖို့ အရေး
စည်းကြပ် တင်းကျပ်တာ
လက်ခံနိုင်တယ်။

အမျိုးအစားတော့ ခွဲခြား
တိုင်းရန်စွယ်သမားလား
  တိုင်းရံနယ်သမားလား
အဖြူ အမည်းလေးတော့ သိတတ်ကြ။

ကိုမောင်မောင်ဝမ်း
၈၈ သူပုန်ပါ
ဒါပေမယ့် သူ့ စေတနာ
တတိုင်းပြည်လုံး ကလေးတွေကို
အင်္ဂလိပ်စာသင်ချင်လို့ 
မဟာအိပ်မက် မဟာစီမံကိန်းဖွဲ့ 
ဒုတိယမြောက် ပြည်ဝင်အလာ
သံရုံးက ဗီဇာပေး
လဝက က စီးကြိုတား
ရန်ကုန်မှာ ရန် မကုန်ဖြစ်နေသလား။

ဟေ့ ... ပြောလိုက်မယ် မင်းတို့ ကို
၈၈ တောခိုကျောင်းသား
၈၈ မျိုးဆက်များ
အလွှာစုံ ၈၈ တွေဟာ
လူမျိုးတစုအတွက်ပဲ သိတဲ့သူ မဟုတ်
တယူသံ တအာဏာ ချစ်တဲ့သူ မဟုတ်
တဘာသာ တဝါစာ ငြိတဲ့သူ မဟုတ်။

တတိုင်းလုံး တပြည်လုံး
တမျိုးလုံး တအုံလုံး
အများအတွက် ဘာမဆို
ကောင်းကင်ပေါ်က အမြဲကြည့်
အမြင့်ပျံ အဝေးပျံ
အပြေးနှံ တတ်တဲ့
မဟာ ကရုဏာရှင် သူပုန်တွေကွ။

မင်းတို့ များ
နည်းနည်းပါးပါး သိတတ်ကြမယ်ဆိုရင်
ဗမာပြည်အတွက်တော့
၈၈ မျိုးဆက်သူပုန် အလွှာစုံဆိုတာ
ဘုရားစင်မှာ ကိုးကွယ်ထိုက်သူတွေ
အဲ့သလောက်ကို ပိုပြောချင်တယ်လေ။

ခု ... ပြည်ဝင်ခွင့်ပေးလိုက်စမ်း
(ပုံ) ကျော်ဟုန်း။ ။

ကျော်ဟုန်း
၂၀၁၆၀၈၀၁။

Viewing all articles
Browse latest Browse all 9633