တာရာမင်းဝေ ၏ အကို ဖြစ်သူ နှင့် မိခင်ကြီး / ဓာတ်ပုံ - ဌေးအောင် (မိုးမခ) |
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၆
ရွှေဘုန်းလူ (ခ) စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း (၉) နှစ်ပြည့် အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားနှင့် ၂၀၀၇ ရွှေဝါရောင် သံဃာတော်များအား ၀ါဆိုသင်္ဏန်းကပ်လှူပူဇော်ပွဲအား ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ်၊ အနောက် ကျိုက်က္က ဆံရပ်ကွက် မဂ္ဂင်ကျောင်းတိုက်တွင် မိသားစုက ယနေ့ (၆.၈.၂၀၁၆) နေ့  နံနက်(၉း၀၀)နာရီ ကနေ နေ့လည် (၀၂း၀၀) နာရီအထိ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက သူရဦးတင်ဦး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦမြအေး အပါအ၀င် ၈၈ မျိုးဆက် ရွှေဘုန်းလူ၏ နိုင်ငံရေး ရဲဘော်ရဲဘက်များ၊ အကျဉ်းထောင် အတွင်း အတူ နေထိုင်ခဲ့သည့် မိတ်ဆွေများ နှင့် စာရေးဆရာ ကဗျာဆရာ တာရာမင်းဝေ အား လေးစားချစ်ခင်သော ဧည့်ပရိတ်သတ် ၃၀၀ခန့် တက်ရောက်ခဲ့ပြီး အမှတ်တရစကားပြောကြားခြင်းနှင့် ရွှေဘုန်းလူ ၏ ကျောင်းသား နိုင်ငံရေးကဗျာများရွတ်ဆိုခြင်၊ ရွှေဘုန်းလူ ရေးစပ်ခဲ့သည့် သီချင်းများ ဆိုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံများ - ဌေးအောင် (မိုးမခ)
မျိုးဆက်သစ် တက္ကသိုလ် ကျောင်းသား လူငယ်များက ရွှေဘုန်းလူ၏ ကျောင်းဖွင့်ချိန် ကဗျာ အမှတ်တရ ရွတ်ဆို / ဓာတ်ပုံ - ဌေးအောင် (မိုးမခ) |
တာရာမင်းဝေ မိသားစုက ရွှေဝါရောင် သံဃာတော်များအား ၀ါဆိုသင်္ဏန်းကပ်လှူ / ဓာတ်ပုံ - ဌေးအောင် (မိုးမခ) |
NLD နယကကြီး ဦးတင်ဦး တက်ရောက် / ဓာတ်ပုံ - ဌေးအောင် (မိုးမခ) |
သင်္ဃန်းကျွန်း မဂ္ဂင်ကျောင်းတိုက် / ဓာတ်ပုံ- ဌေးအောင် (မိုးမခ) |
မျိုးဆက်သစ် ကျောင်းသားလူငယ်များလည်း တက်ရောက်၊ တာရာမင်းဝေ ကဗျာ ရွတ်ခဲ့ / ဓာတ်ပုံ - ဌေးအောင် (မိုးမခ) |
နေ့ခင်းပိုင်းမှာ ပြုလုပ်သည့် ရွှဘုန်းလူ အမှတ်တရ စကားဝိုင်း အဖွင့်တွင် အစ်ကိုဖြစ်သူ ကိုအောင်ဒင် က အမှတ်တရ စကားပြောကြားပြီး ကဗျာ ရွတ်ဆိုခဲ့ / ဓာတ်ပုံ - ဌေးအောင် (မိုးမခ) |
၈၈ မျိုးဆက် ကိုမင်းကိုနိုင်က အမှတ်တရ စကားပြောကြားပြီး တာရာမင်းဝေ ဈာပနမှာ ရွတ်ဆိုခဲ့သည့် သူ၏ အမှတ်တရကိုပ်ပိုင်ကဗျာကို ပြန်လည်ရွတ်ဆို။ / ဓာတ်ပုံ - ဌေးအောင် (မိုးမခ) |
၈၈ မျိုးဆက် ကိုကိုကြီးက အမှတ်တရ စကား ပြောကြား / ဓာတ်ပုံ - ဌေးအောင် (မိုးမခ) |
တက်ရောက်လာကြသူများနှင့် မီဒီယာများ / ဓာတ်ပုံ - ဌေးအောင် (မိုးမခ) |
Moemaka Media
Website: http://moemaka.com/
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka
Email : editors@moemaka.net
Phone: +95 (0) 9 252 249 094 ; (0) 9 421 743 753 ; (0) 9 504 10 58
#MoeMaKa_Media_Magazine