Quantcast
Viewing all articles
Browse latest Browse all 9633

ဆူရှီအစားအစာသုံး တူနာငါးမှ အမေရိကန် ၁၁ ပြည်နယ်၊ လူ ၆၂ ဦးအား ဆမနန်လား ၀မ်းကိုက်ပိုး ကူးစက်

Image may be NSFW.
Clik here to view.
Sushi stall at one supermarket in east bay, California, USA (MoemaKa)

ဆူရှီအစားအစာသုံး တူနာငါးမှ အမေရိကန် ၁၁ ပြည်နယ်၊ လူ ၆၂ ဦးအား ဆမနန်လား ၀မ်းကိုက်ပိုး ကူးစက်
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၅

အမေရိကန်မှာ အစားအသောက်များကတဆင့် ဆမနန်လားဝမ်းကိုက်ပိုး စားသုံးသူများကို ကူးစက်လေ့ရှိရာ ရင်းမြစ်ကို ရှာဖွေ ရှင်းလင်းမှုများကို အထူးဆောင်ရွက်ကြရပါတယ်။ အခုတခါမှာတော့ ဆူရှီအစားအစာတမျိုးကနေ ပြည်နယ် ၁၁ ခုက လူ ၆၂ ဦးကို (SALMONELLA) ၀မ်းကိုက်ပိုး ကူးစက်ခဲ့တယ်လို့ အမေရိကန်အစိုးရရဲ့ ကူးစက်ရောဂါပိုး ကာကွယ်ထိန်းချုပ်ရေး ဌာန (CDC) က ထုတ်ပြန်လိုက်ပါတယ်။ 

အင်ဒိုနီးရှားမှာ ဖမ်းဆီးပြီး ပြင်ဆင်ထုတ်လုပ်တဲ့ ရေခဲထားတဲ့ တူနာငါးတမျိုးကို အမေရိကန်မှ အိုဆာမူ(OSAMU)  ကော်ပိုရေးရှင်းက ၀ယ်ယူခဲ့ပါတယ်။ အဲသည်က ငါးတချို့ကို ဆူရှီစားသောက်ဆိုင်များလုပ်ငန်းရှင် အေအက်ဖ်စီ (AFC) ကို အိုဆာမူ (OSAMU) က ရောင်းချခဲ့တယ်လို့ သိရပါတယ်။ အေအက်စီ ဆိုတာက မြန်မာအများအပြား ထပ်ဆင့်လိုင်စင်ယူပြီး လုပ်ငန်းခွဲတွေ ဖွင့်လှစ်ကြတဲ့ မူရင်းဆူရှီလုပ်ငန်းဌာနချုပ်ကြီး တခုအဖြစ် လူသိများကြပါတယ်။

အခုလို ဆမနန်လားဝမ်းကိုက်ပိုး ကူးစက်ခံရတာသိသိချင်း အိုဆာမူ နှင့် အေအက်စီ ကုမ္မဏီ ၂ခု စလုံးက ၎င်းတို့ဝယ်ယူ ဖြန့်ချိနေတဲ့ တူနာငါးတွေအားလုံးကို မိမိတို့အစီအစဉ်နဲ့ ပြန်လည် ရုတ်သိမ်းမှုတွေ ဆောင်ရွက်နေပြီဟု သိရကြောင်း အမေရိကန်အစိုးရရဲ့ အစားအသောက်ရေးရာဌာန (FDA) က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အေအက်ဖ်စီ ဆူရှီကုမ္မဏီက ၎င်းဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ ဆူပါမားကက်တွေ အားလုံးမှာ အဆိုပါတူနာငါးတွေကို ပြန်သိမ်းပြီး ဖျက်ဆီးပစ်နေပြီ လို့ သိရပါတယ်။ ရောဂါစတင် ဖြစ်ပွားတဲ့ဒေသခံ ဆိုင်ခွဲကတော့ မင်နီဆိုးတားပြည်နယ်မှ ဖြစ်တယ်လို့ အဆိုပါပြည်နယ်က ကျန်းမာရေးဌာနာက ထုတ်ပြန်ခဲ့ပါတယ်။

ဆမနန်လားရောဂါပိုးဟာ ထိထိရောက်ရောက်မကုရင် အသက်အန္တရယ်ဖြစ်နိုင်တဲ့အထိ ပြင်းထန်တယ်လို့ ဆိုပါတယ်။ ရောဂါရဲ့ လက္ခဏာတွေက ၀မ်းပျက်ခြင်း၊ အဖျားတက်ခြင်း၊ ၀မ်းဗိုက် နာကျင်ခြင်းတို့ကို ကူးစက်ခံရပြီး ၁၂ နာရီကနေ ၇၂ နာရီအတွင်း ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ဆူရှီအစားအစာဟာ ပင်လယ်ငါးအမျိုးမျိုးကို အစိမ်းသက်သက် ပြင်ဆင်ပြီး စားသောက်ရတာ ဖြစ်လို့ ကို်ယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနဲ့ အစာအိမ်ပိုင်းဆိုင်ရာ ကိုယ်ခံအားနည်းသူများ အထူးသတိထားသင့်တယ်လို့ အမေရိကန်ကူးစက်ကာကွယ်ရေးဌာန (CDC) က သတိပေးလိုက်ပါတယ်။


AFC ဆူရှီဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ မြန်မာဆူရှီလုပ်ငန်းရှင်တွေအချို့ကို မိုးမခက ဆက်သွယ်မေးမြန်းရာမှာ သူတို့ဆိုင်တွေမှာ AFC က သတိပေးပေးချင်းမှာပဲ တူနာငါးတွေနဲ့ ဆူရှီစားသောက်ဖွယ် ထုတ်လုပ်ရောင်းချခြင်း မလုပ်ကြတော့တာ ရက်သတ္တပတ်နီးပါး ရှိခဲ့ပြီလို့ ပြောကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က အေအက်စီလက်အောက်ခံ ဆူရှီဆိုင်ခွဲတွေမှာ တူနာငါးနဲ့ ဆူရှီ မရနိုင်သေးဘူး လို့ သိရပါတယ်။ 

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>