Quantcast
Viewing all articles
Browse latest Browse all 9633

မောင်သာလင်း - ဒဂုံစီးတီးကို တိုင်းအစိုးရနှင့် ရွှေတိဂုံဂေါပက ကန့်ကွက်မည်မဟုတ်

Image may be NSFW.
Clik here to view.
ရွှေတိဂုံဘုရားအနီးရှိ ဒဂုံစီးတီး စီမံကိန်းပြပုံငယ် /Photo: Marga Group
မောင်သာလင်း - ဒဂုံစီးတီးကို တိုင်းအစိုးရနှင့် ရွှေတိဂုံဂေါပက ကန့်ကွက်မည်မဟုတ်
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၅

ရွှေတိဂုံစေတီအနီး ဒဂုံစီးတီး အိမ်ရာ ဆောက်လုပ်ရေးကို ကန့်ကွက်မှုများရှိလာချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ရွှေတိဂုံဂေါပကတို့က ၎င်းတို့၏ သဘောထားများကို အလျင်အမြန် ထုတ်ပြန်လိုက်ကြသည်။

ဘုရားအနီး စစ်တပ်နယ်မြေအတွင်း အထပ်မြင့် အဆောက်အအုံများတည်ဆောက်နေခြင်းမှာ “စိုးရိမ်ပူပန်စရာ မရှိပါဘူး” ဟု ရွှေတိဂုံဂေါပကအဖွဲ့ဝင် ဦးစိန်ဝင်းအောင်က  ဇွန်လ ၁၂ ရက်နေ့တွင် သတင်းထောက်များကို ပြောလိုက်သည်။

“ရွှေတိဂုံမြေပေါ်မှာ ဆောက်လုပ်တာမဟုတ်တဲ့အတွက် ကျွန်တော်တို့ ဝင်ရောက်စွတ်ဖက်ခြင်းမပြုဘူး” ဟု ဦးစိန်ဝင်းအောင် က ဆိုသည်။

“ရွှေတိဂုံဧရိယာပြင်ပဖြစ်လို့ ကျွန်တော်တို့နဲ့ ဘာမှမပတ်သက်ဘူး”

ကန့်ကွက်သူများရှိသောကြောင့် ဆိုင်းငံ့ထားသည့် ဆောက်လုပ်ရေးစီမံကိန်းကို အပြီးသတ်ရပ်ဆိုင်းရေး ဆွေးနွေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင် ဇွန်လ ၉ ရက်နေ့က အဆိုတင်ခဲ့စဉ်စဉ် တိုင်းအစိုးရက ကြားဖြတ်ဝင်ရောက်ပြီး ကန့်ကွက်ခဲ့သည်။

တပ်နယ်မြေအတွင်းရှိ စီမံကိန်းသည် ပြည်ထောင်စုအစိုးရနှင့်သာ သက်ဆိုင်သည်ဟု တိုင်းအစိုးရက ဆိုသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ ကြီးစိုးသော  တိုင်းလွှတ်တော်တွင်
ထိုစီမံကိန်းအကြောင်း  ဆွေးနွေးရေးအတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၃ ဦးသာ ရှိခဲ့သည်။

ရန်ကုန်အခြေစိုက် ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုများ အဖွဲ့က “ရွှေတိဂုံစေတီတော်ကြီး ကြုံတွေ့နေရ သော ဘေးအန္တရာယ်များအကြောင်း” ဇွန်လ ၁၇ ရက်နေ့ ရှင်းလင်းပွဲမတိုင်မီ တိုင်းအစိုးရ၊ ရွှေတိဂုံဂေါပကတို့၏ သဘောထား ပေါ်ထွက်လာခြင်း ဖြစ်သည်။

အပြင်းပွားဖွယ် စီမံကိန်းနှင့်ပတ်သက်ပြီး ရန်ကုန်အခြေစိုက် အမျိုးဘာသာသာသနာအဖွဲ့၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း မရှိသေးပေ။

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>