မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (တတိယပိုင်း)
(မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၆
မောင်ရင်ငတေတို့အဖွဲ့ အပြာရောင် မေထရို လိုင်းအမှတ် (နှစ်) ရထားပေါ် ရောက်နေပါပြီ။ ရှောင်ဇေလီဇေ မုခ်ဦးကနေ တောင်ပေါ်ဘုရားကျောင်း Anvers ဘူတာကို မြေအောက်ရထားစီးရင် မိနစ်နှစ်ဆယ်ခန့် ကြာပါတယ်။ ပါရီမြို့ရဲ့ မူလလက်ဟောင်း အတွင်းမြို့ပတ်မြေအောက်ရထားလမ်း အပြာရောင် လိုင်းအမှတ် (နှစ်) စီးသွားရင် Anvers ဘူတာကို ရောက်ပါတယ်။ ဘူတာရဲ့ Sortie ကို ထွက်လိုက်တာနဲ့ လူတွေ ရုတ်ရုတ် ရုတ်ရုတ်ကို တွေ့ရမှာပါ။ လွယ်လွယ်ပြောရင် ဘုရားပွဲဈေးနဲ့ ခပ် ဆင်ဆင်တူတယ် ပြောရမှာပါ။ အဟောင်းထည်တွေရောင်းတဲ့ဆိုင်တွေ အမှတ်တရပစ္စည်းရောင်းတဲ့ ဆိုင်တွေ လေးကောင်ဂျင်လို အံဇာတုံးခေါက်သလို လိမ်စကားတဲ့သူတွေနဲ့ စည်ကားလှတဲ့ နေရာပါ။
Image may be NSFW.
Clik here to view.
Clik here to view.

အဲဒီဆိုင်လမ်းကြားအတိုင်း ဟိုဘက်ဒီဘက် ဈေးဆိုင်တန်းတွေကိုငေးမောရင်း ကုန်းခပ်မော့မော့ကို တဖြေးဖြေးလျှောက် တက်လာလိုက်ရင် တွေ့ရပါပြီ။ မြက်ခင်းပြင်စိမ်းစိမ်း လှေကားထစ် ဖြူဖြူတွေနဲ့ တောင်ပေါ်ဘုရားကျောင်း Basilique du Sacré-Cœur de Montmartre ….. ….. .. ရောက်ပါပြီ။ ဒီနေရာက ဟိုလွန်ခဲ့တဲ့ ၁၈၅၀ ဝန်းကျင်က ပါရီမြို့စွန် တောကျတဲ့အရပ်ဒေသပါ။ တကယ့်တောပိုင်း စစ်စစ်လည်း မဟုတ်ပါဘူး။ မြို့မကျတောမကျ စကောစကသားတွေ နေတဲ့ နေရာလို့ ပြောမယ်ဆိုရင် ပို မှန်ပါလိမ့်မယ်။
စိမ်းစိုသာယာတဲ့ တောင်ကုန်းမြင့်တခု ပတ်ပတ်လည်မှာ သဘာဝအတိုင်း တည်ရှိနေတဲ့ လမ်းသိမ် လမ်းမွှားလေးတွေ အိမ်ခ နော်ခနဲ့လေးတွေ အများအပြား စုရုံးတည်ရှိနေတဲ့ နေရာ တနေရာပါ။ ဝင်ငွေနည်း လူတန်းစားတွေ အိမ်ခြေမဲ့ လူတန်း စားတွေ ခိုကိုးကြရာ နေရာဆိုရင်လည်း မှားဘွယ်ရာ မရှိပါဘူး။ လက်လုပ်လက်စား လူတန်းစားတွေ ပိုင်ဆိုင်ကြတဲ့ အိမ်လေး တွေ ဆိုင်လေးတွေရဲ့ ဖောက်သည်တွေကတော့ ဘယ်သူတွေလည်း ရှင်းပြစရာ မလိုအပ်ပါတဲ့ အဲဒီ ခေတ်အခါက ပါရီ ရွှေမြို့တော်မှာ ရွှေအိုရောင် အိပ်မက်တွေကိုမက်ပြီး ရောက်လာကြတဲ့သူတွေက အများစုပေါ့။ အဲဒီလို လူစားတွေထဲမှာမှ အရပ်တကာကနေ ပါရီမြို့တော်ကို ရူးသွပ်ကြသူတွေလည်း အဲနေရာကို ရောက်ရှိလာကြ မှီတင်းနေထိုင်ကြရတာပေါ့။
Image may be NSFW.
Clik here to view.
Clik here to view.

အဲဒီလိုနဲ့ အဲဒီတောင်ကုန်းရဲ့ အားသာချက် အလှအပ သဘာဝတွေကြောင့် အနုပညာအသစ် အတွေးခေါ်အသစ်များကို ရင်ခုန်ရူးသွပ်ကြသူများ နှစ်သက်စရာ နေရာတနေရာ ဖြစ်လာခဲ့ပါတယ်။ ဒီကနေ့ခေတ်မှာတော့ သူတို့တွေဟာ ထင်ပေါ် ကျော်ကြားခဲ့ သူတွေပေါ့၊ အဲဒီ အချိန်တွေတုန်းကတော့ သူတိုတတွေဟာ တပြားလည်း မရှိ တပည့်လည်း မရှိကြ ချိန်တွေပေါ့။ အဲဒီတချိန်တုန်းက အဲဒီလို လူလောကနေ့စဉ်ဘဝက ဖယ်ကျဉ်ခံခဲ့ကြသူတွေ လျှောက်ခဲ့တဲ့ လမ်းသိမ်လမ်း မွှားလေးတွေက ဒီကနေ့ မောင်ရင်ငတေတို့ခေတ်မှာတော့ ကမ္ဘာလှည့်တိုးရ်ရစ် ကြီးတွေရဲ့ လျှောက်လှမ်းရာ လမ်းကြောင်း တွေ ဖြစ်လာခဲ့တာပါ။
ဒီနေရာက ၁၉ ရာစုအလယ်ပိုင်းပြင်သစ်သမိုင်း နိုင်ငံရေးရာ ယဉ်ကျေးမှုရေးရာ အနုပညာရေးရာမှာ အတွေးအခေါ်သစ် သမားတွေ တော်လှန်ခဲ့သူတွေအတွက် အရေးပါခဲ့တဲ့နေရာ တနေရာပါ။ ဒီနေရာ တဝိုက်မှာ အဓိက ကျက်စားခဲ့ကြ လွှမ်းမိုး ခဲ့ကြသူတွေက အဲဒီခေတ်က ခေတ်သစ် ပန်းချီသမားများ Impressionnisme သမားတွေပါ။ သူတို့တွေကြောင့် ဒီတောင် ကုန်းကို ရူးသွပ်ကြသူတွေ ပိုများလာ တယ်ပြောရင် မမှားနိုင်ပါဘူး။
ဒီကနေ့ တည်ရှိနေတဲ့ ကျောက်ဖြူသားနဲ့ ဘုရားကျောင်းကြီးက သူတို့ တတွေ ကျင်လည် ကျက်စားခဲ့တဲ့ နှောင်းပိုင်းကာလ ၁၈၇၅ ခုနှစ်ကနေ ၁၉၂၃ ခုနှစ်များ အတွင်းမှာ တည်ဆောက်ခဲ့တာပါ။ သူတို့တွေလို ရူးသွပ်ချင်ကြသူများက ဒီနေရာမှာ တလကိုးသီးတင်းဆိုသလို အကြိမ်ကြိမ် အဖန်ဖန် လာရောက်တည်းခိုလေ့ ရှိကြတာမို့လို့ ပေါချောင်ကောင်း တည်းခိုခန်း တောင်မှ ဈေးနှုန်းက မသေးလှပါဘူး။ ဘယ်လိုရူးသွပ်ကြသူတွေ များလှပါသလဲဆိုတာ မောင်ရင်ငတေရဲ့ ကိုယ်တွေ့ဟော် တယ်အကြောင်း စာစုလေးတခု မကြာခင်က ရေးခဲ့ဖူးပါတယ်။ ဒီနေရာမှာ ဝင်ရောက်ဖတ်နိုင်ပါတယ်။ (ပါရီ ရိုမန်တစ်ရပ်ဝန်း ထဲက ရိုမန်မတစ်ခဲ့တဲ့ နေ့ရက်များ http://moemaka.com/archives/52794)
Image may be NSFW.
Clik here to view.
Clik here to view.

တောင်ကုန်းအမည် Montmartre ဆိုတာက Mont des Martyrs (Mount of Martyrs) အဓိပ္ပါယ် ရပါတယ်။ အာဇာနည်ကုန်းပေါ့။ မီတာ ၁၃၀.၅၃ မီတာမြင့်တဲ့ ပါရီမြို့ရဲ့ အမြင့်ဆုံးနေရာ တနေရာပါ။ မြေအောက်မေထရိုလိုင်း အပြာ ရောင်လိုင်း (၂) အစိမ်းရောင်လိုင်း အမှတ် (၁၂) တို့ရောက်ပါတယ်။ Anvers, Pigalle, Blanche, Abbesses, Lamarck-Caulaincourt ဘူတာတွေက အဓိက ထင်ရှား တဲ့နေရာတွေနဲ့ အနီးဆုံးဘူတာတွေပါ။ ဒါကြောင့် ဒီ ရိုမန်တစ်တွေရဲ့ တောင်ကုန်း အမ်ပရက်ရှင်နစ် တွေရဲ့ တောင်ကုန်းကို သွားမယ်ဆိုရင် လမ်းကြောင်းတွေ အမျိုးမျိုး ဆွဲလို့ရပါတယ်။
ဘုရားကျောင်း တောင်ခြေဘူတာသို့ ညနေ လေးနာရီကျော် ငါးမိနစ်ကရောက်တော့ တောင်ထိပ်ကို ခပ်ဖြေးဖြေးမှန်မှန် လမ်းလျှောက်တက်လာရင် နာရီဝက်လောက်တော့ ကြာတတ်ပါတယ်။ အတက် လမ်းကြားက အမှတ်တရပစ္စည်း အရောင်း ဆိုင်လေးတွေ ကတော့ တခြားနေရာတွေထက် ဈေးနည်း နည်း သက်သာတတ်တာမို့ လက်ဆောင်ဝယ်ယူလိုသူများအတွက် အချိန်အနည်းငယ် ပိုပေးရတတ် ပါတယ်။ ဘုရားကျောင်းထဲ ဝင်ကြည့်ချင်ကြရင်တော့ ၁၅ မိနစ် အပိုဆောင်း ပေးရမှာပေါ့။
ပုံမှန်အားဖြင့်က တောင်ကုန်းရှိရာသို့ ရောက်ဖူးရုံသာ ရည်ရွယ်ချက်ရှိသူ အချိန်သိပ်မပေးနိုင်သူတွေအတွက်ကတော့ နံပတ်နှစ်လိုင်း Anvers ဘူတာကို ရောက်အောင်သွားပြီး တောင်ကုန်းထိပ်ပေါ်သို့ လှေကားတွေက တက်ချင်တက် သို့မ ဟုတ် ခြေညောင်း မခံနိုင်သူများက Funiculaire နဲ့ တက်လို့ရ ပါတယ်။ တနှစ်ကို လူသုံးသန်းကျော်မျှ အဲဒီ လျှပ်စစ်ကြိုး ဆွဲရထားနဲ့ တောင်ကုန်းပေါ်သို့ တက်ကြပါ တယ်လို့ စာရင်းတွေက ဆိုကြပေမယ့် မောင်ရင်ငတေကတော့ နေခဲ့သမျှ ဆယ့်ငါးနှစ်ကျော် ကာလ အတွင်းမှာ အကြိမ်တိုင်း လှေကားကနေသာ တက်ဖြစ်ခဲ့ပါတယ်။
လှေကားကနေ တဖြေးဖြေးချင်းနဲ့ တထစ်ချင်း တထစ်ချင်း တက်မှသာလျှင် ဒီမွန့်မတ်ထ်တောင်ကုန်း တက်ရခြင်း ခံစားမှုရသ မြောက် ပါပေတယ်လို့ ယူဆမိလို့ပါ။ လှေကားက မတက်နိုင်တော့တဲ့သူအဖြစ် နောက်ထပ်နှစ်ဘယ်လောက် ကြာကြာမှာ ဖြစ်လာမလဲ ဆိုတာကတော့ ဘဝက ပေးသလောက်လို့သာ ယူဆပါတယ်။ ခွန်နှစ်ယူရို ပြားသုံးဆယ် ပေးဝယ်ထားတဲ့ ပါရီမြို့တွင်းသွားတရက်လက်မှတ် (Ticket Mobilis) ရှိခဲ့ ပါရင်တော့ Funiculaire အလကားစီး တက်ခွင့် ရှိပါတယ်။ မွန့်မတ်ထ် မြက်ခင်း လှေကားထစ်ပေါင်း သုံးရာခန့်ကို နင်းတက်ရင်း ခံစားရတဲ့ ရသကိုတော့ လက်လွတ်ဆုံးရှုံးရမှာကတော့ အမှန်ပါဘဲ၊
အဲဒီ လှေကားထစ်တွေ တဆင့်ပြီး တဆင့်တက် နဘေးနား မြက်ခင်းပြင်စိမ်းစိမ်းမှာ တခဏ ထိုင်ကာနား နောက်တဆင့်ထပ်တက် တခါပြန်နားရင်း ပါရီမြို့လယ် ရှုခင်းအလှကို တဖြေးဖြေး မြင့်တက်လာတဲ့ အမြင့်မြင်ကွင်း ပြောင်းလဲမှုတွေကခံစားတတ်ရင် စိတ်အာရုံကို လန်းဆန်းစေပါတယ်။ အဲဒီနေရာမှာ အချိန်ရခဲ့ရင်တော့ ထိုင်လို့ကောင်းတဲ့ မြက်ခင်းပြင်တခုပါ။ မောင်ရင်ငတေတို့ကတော့ ထုံးစံအတိုင်း ခပ်အေးအေး သမားတွေနဲ့ အမောပြေဆေး သောက်နေကျ နေရာတခုပေါ့၊
Image may be NSFW.
Clik here to view.![]()
Clik here to view.

တချို့သော သူတို့လူမျိုး တွေများဆိုရင် အေးအေးလူလူ စာဖတ်ကြသူများ စကားပြောကြသူများ ဝိုင်ပုလင်းလေးဖွင့် မော့ကြ သူများပေါ့။ သုံးလေးနာရီ ဒီနေရာမှာ လာ စိတ်အနားယူကြ သူတွေပေါ့။ သူတို့တတွေ ပြောပါတယ်။ ပါရီကို ရောက်လာကြသူ အများစုက ဘာလုပ်လုပ် စားသုတ်သုတ် သွားသုတ်သုတ်သာ သွားကြတဲ့ သူတွေပါ။ မြက်ခင်းပေါ် ငါးမိနစ် ထိုင်ခုံပေါ် ငါးမိနစ်လောက် ထိုင်ရင်ကို အချိန် ပုတ်လှပြီမို့ နာရီဝက် တနာရီခန့် ဇိမ်ခံ ထိုင်ဖြစ်တာက ဆယ်ခါတခါမျှ မရှိတတ်ပါဘူး။
Sacré-Cœur ဘုရားကျောင်းရဲ့နောက် ပတ်ပတ်လည်ကတော့ ပါရီမြို့ကို ဖြတ်သန်းသွားကြသူများ ပါရီ ပုံရိပ်များကို မော်ကွန်းရေးထိုး သွားခဲ့ကြသူများရဲ့ ဖြတ်သန်းခဲ့ရာ ခြေရာတွေရှိတဲ့ နေရာပါ။ အဲဒီ ခြေရာတွေကို အပြည့်အဝ ခံစားချင်ကြရင်တော့ အချိန်တော်တော်လေး ပေးနိုင်မှရမှာပါ။ အဓိကက တော့ ပန်းချီ ပန်းပု စာပေ သမိုင်းပုံရိပ်တွေကို စိတ်ဝင်စားကြသူတွေတွက် အချိန်ပေးသင့်ပေးထိုက် တဲ့နေရာပါ။ ခြေလည်းအတော်ညောင်းမယ့် နေရာပါ။
အချိန်မရကြသူများ ခြေညောင်း မခံချင်ကြသူ များကိုတော့ ဒီနေရာမှာ အချိန်မဖြုန်းစေချင်ပါဘူး။ မောင်ရင်ငတေ လိုက်ပြလေ့ရှိတဲ့ နေရာတွေတင် အချိန် နှစ်နာရီမျှမက ပေးရတာမို့ပါ။ အဲဒါတောင်မှ မောင်ရင်ငတေ မသိနားမလည်တဲ့နေရာတွေ အများကြီးကျန်ပါဦးမယ်။ သမိုင်းတံခွန် ဦးထွန်းနွယ်ရဲ့ တစ်ကြိုတွေ ဘိုင်ဟထ်ကျက်ပြီး အောင်မှတ်လေးဆယ် ရလာတဲ့ မောင်ရင်ငတေသိတဲ့ မအ,တအ, သမိုင်းတွေ အများသိအောင် ပြန်ပြောပြရာမှာ အမှားအယွင်းတွေပါခဲ့ရင်တော့ ခွင့်လွှတ်ကြပါခင်ဗျာ။
ဆက်လက်ဖော်ပြပါမည်။
မောင်ရင်ငတေ ၂၄၀၈၂၀၁၆