Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မြန်မာပြည်ကပိုင်တဲ့ ဧရာဝတီ နဲ့ ဘကြီးမိုး

$
0
0


 မြန်မာပြည်ကပိုင်တဲ့ ဧရာဝတီ နဲ့ ဘကြီးမိုး

(ကုမုဒြာ ဂျာနယ်၊ သြဂုတ် ၁၂၊ ၂၀၁၆) မိုးမခ၊ စက်တင်ဘာ ၂၊ ၂၀၁၆

ဩဂုတ်လ ၁၂ရက်နေ့ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၆ အရ ဧရာဝတီမြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်ရေးကော်မရှင် ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင်မှဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးတီခွန်မြတ်ကဆောင်ရွက်ပြီး ဒုဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ၊ အတွင်းရေးမှူးဒေါက်တာဝင်း သိမ်း၊ တွဲဖက်က ဒေါ်မိမိခိုင်ကဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသားလွှတ်တော်မှကိုယ်စားလှယ် တစ်ဦးနဲ့ ပညာရှင်များပါဝင်ပါတယ်။

ကော်မရှင်ရဲ့ တာဝန်များကို တိတိကျကျဖော်ပြထားပါတယ်။

(က) စီမံကိန်းများဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်တဲ့ နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ပြည်တွင်းဥပဒေများနဲ့ဆောင်ရွက်သင့်သည့်နည်းပညာများကို အသုံးပြု ပြီး စနစ်တကျဆောင်ရွက်ခြင်းရှိမရှိ၊

( ခ ) စီမံကိန်းများကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် သဘာဝပတ်ဝန်း ကျင်အပေါ် ကောင်းကျိုးဆိုးကျိုး သက်ရောက်မှုများ၊

( ဂ ) စီမံကိန်းများကြောင့် ဧရာဝတီမြစ်ရဲ့ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှုအ ခြေ အနေ၊

(ဃ) စီမံကိန်းများဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ်ရဲ့အထက်ပိုင်း၊ မြစ်ဆုံအောက် ပိုင်း၊ မြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ဝကျွန်းပေါ်ဒေသအထိ ဖြစ်ပေါ်လာမယ့်အကျိုး ဆက်များနဲ့ မြစ်ကြောင်းစီးဆင်းမှုအခြေအနေ၊

( င) မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ရေရှည်တည်တံ့နိုင်မှုအခြေ အနေ၊

(စ) စီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်နှင့် ပြည်သူများအတွက်အကျိုးဖြစ်ထွန်း မှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်မယ့်အခြေအနေ၊

(ဆ) စီမံကိန်းများ ဆက်လက်ဆောင်ရွက် ရန်သင့်မသင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပေါ် အကျိုးသက်ရောက်နိုင်မှုအခြေ အနေ၊

( ဇ ) စီမံကိန်းဆိုင်ရာစာချုပ်များအပေါ် လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံနှင့်ပြည်ပရင်းနှီး မြှုပ်နှံသူများအကြား နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေရေး ညှိနှိုင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊

ကော်မရှင်ရဲ့ လေ့လာစိစစ်သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၆ နိုဝင်ဘာ ၁၁ ရက်နေ့အရောက် အစီရင်ခံတင်ပြရမယ်လို့ ကြေညာချက်မှာဖော်ပြထား တာကိုတွေ့ရပါတယ်။

ကော်မရှင်မှာပါဝင်သူများနဲ့ ကော်မရှင်ရဲ့လုပ်ဆောင်ရမယ့်တာဝန်များကို ဘကြီးမိုးအပင် ပန်းခံပြီး သတင်းစာထဲမှကူးယူဖော်ပြလိုက်ရတာကတော့ အရေးကြီးလို့တိတိကျကျရှိ စေချင်လို့ပါ။

သိကြတဲ့အတိုင်း သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြည်သူတွေရဲ့သဘောကျကျေနပ် မှုကိုအပေးနိုင်ဆုံးတစ်ခုတည်းသောလုပ်ရပ်မှာ ပြည်သူများတစ်ခဲနက်မလိုလားကန့်ကွက် နေကြတဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို သူ့ရဲ့အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ ရပ်တန့်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

အခု ငါးနှစ်သက်တမ်းပြည့်လာပြီး ဒီမိုကရေစီ အစိုးရသစ်လက်ထက်သို့ရောက်ရှိလာပြီ ဖြစ်ပါတယ်။ဒီမိုကရေစီအစိုးရသစ်က အရင်အစိုးရရဲ့ စီမံကိန်းအရပ်ရပ်အမွေဆိုးများကို ဆက်လက်လက်ခံဆောင်ရွက်ဖို့ တာဝန်ရှိလာပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံ တဲ့ ဝမ်ပေါင်ကုမ္မဏီနဲ့ မြန်မာနိုင်ငံဦးပိုင်တို့ချုပ်ဆိုထားတဲ့စာချုပ်မှာအံ့အားသင့်လောက် စရာ ရပိုင်ခွင့်ကွာဟနေတာတွေ့ရလို့ ကော်မရှင်ဖွဲ့စည်းပြီး အစီရင်ခံစာထွက်ပေါ်လာမှ ပြင်ဆင်မှုများ အထိုက်အလျောက်ရှိလာခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ စီမံကိန်းအကောင် အထည်ဖော်တဲ့ဌာနနဲ့ သူတို့ကိုအကာအကွယ်ပေးတဲ့ သူများနဲ့ပြည်သူတွေနဲ့ပဋိပက္ခ ဖြစ်ပွားရာသံဃာတော်များထိခိုက်ရ၊ သေဆုံးသူတစ်ဦးရှိခဲ့၊ ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး ယနေ့တိုင် ပြေလည်မှုမရနိုင်သေးတာကို တွေ့ရပါတယ်။

တခြားတခြား စီမံကိန်းများနဲ့ ပတ်သက်၍လည်း မကျေမနပ်မှုများဖြစ်ပေနေတာတွေ့ ရပါတယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံ မြန်မာပြည်သူများက အကျိုးကျေးဇူးမရရှိသ လောက်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများက အကျိုးအမြတ်များရရှိသွားခြင်းဖြစ်ပါတယ်။

သံလွင်မြစ်ပေါ်မှာ ဆောက်လုပ်မယ့်ရေကာတာများ၊ ရေအားလျှပ်စစ်စီမံကိန်းများကို ဒေသခံများက ကန့်ကွက်နေတာတွေ့ရသလိုရရှိမယ့် လျှပ်စစ်စွမ်းအားများကို ပြည်ပ ပေးပို့ရမှာ ဖြစ်ပါတယ်။

ဘကြီးမိုးတို့လို လူပြိန်းများအတွက်တော့အတော်ခွကျတတနိုင်တဲ့ကိစ္စများဖြစ်ပါတယ်။ ပိုင်ရှင်က မဖြစ်စလောက်ပဲရပြီး ပြည်ပကအားလုံးနီးပါးရသွားတာကိုတွေ့ရပါတယ်။ ဘယ်ရွှေဉာဏ်တော်စူးရောက်တဲ့ ပုဂ္ဂိုလ်များကချုပ်ဆိုခဲ့သလဲဆိုတာကို အံ့ဩကုန်နိုင်ဖွယ် ဖြစ်ပါတယ်။

သံလွင်မြစ်ဟာ မြန်မာနိုင်ငံရဲ့ပင်လယ်တွင်းကိုစီးဆင်းတဲ့ မြစ်ဖြစ်ပေမဲ့အထက်အညာက တခြားသော တိုင်းပြည်များကိုလည်းဖြတ်သန်းစီးဆင်းလာတဲ့ မြစ်ဖြစ်ပါတယ်။

သည်လိုပါပဲ နိုင်ငံတကာမှာရှိတဲ့ မြစ်ကြီးတွေထဲမှာ ဥရောပနိုင်ငံတွေ အများအပြားမှ ဖြတ်ပြီးစီးဆင်းတဲ့ မြစ်တွေရှိသလို နိုင်းမြစ်ဟာလည်းနိုင်ငံအများကိုဖြတ်သန်းစီးဆင်းလာ တဲ့ မြစ်ဖြစ်ပါတယ်။

အဲ ဘကြီးမိုးတို့ရဲ့ဧရာဝတီကတော့ ဘကြီးမိုးတို့ မြန်မာပြည်ပိုင်စစ်စစ်ဖြစ်ကြောင်းပါ။ မြစ်စတင်ဖြစ်ပေါ်တဲ့ မေခ၊ မလိခတို့ဟာ မြန်မာပြည်ထဲကမြစ်ဖြစ်သလို မေခ၊ မလိခပေါင်း စည်းရာမှ ဧရာဝတီဖြစ်လာပြီး မြန်မာပြည်ရဲ့ပျအိုးတစ်နံတစ်လျားစီးဆင်းပြီး အောက်ပိုင်း မှာ မြစ်ဝကျွန်းပေါ်ဖြစ်ထွန်းလာကာ မြန်မာနိုင်ငံရဲ့အရေးပါဆုံး ရေလမ်းကြောင်းကြီးဖြစ်စေ ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းမြစ်ကြောင်းတစ်လျှောက်မှာ စိုက်ပျိုးမှုကိုအားပေးနိုင်ခဲ့တဲ့ မြစ်ကြီးဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်ဆိုရင် အရင်ကအာရှတိုက်ရဲ့ဝမ်းဗိုက်လို့ နာမည်ရတဲ့ စိုက်ပျိုးရေးဒေသကြီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဧရာဝတီကိုမြန်မာနိုင်ငံသူနိုင်ငံသားများက မိခင်ဧရာဝတီလို့ တင်စားခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပါတယ်။

လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်ဖွဲ့စည်းလိုက်ကြောင်းသိရပြီးကော်မရှင်အဖွဲ့ဝင်များ စာရင်းနဲ့တကွလုပ်ဆောင်ရမည့် အချက်အလက်များကိုလည်းတွေ့သိရသဘောတူရ ပါတယ်။

ဘကြီးမိုးက တစ်ချက်ပဲထပ်တိုးချင်ပါတယ်။ အဲဒါကတော့ ဧရာဝတီဟာမြန်မာပိုင်တဲ့ အမြစ် မိခင်ဧရာဝတီဖြစ်ကြောင်းပါ။

မြန်မာနိုင်ငံသီချင်းကို ဆိုကြရအောင်ပါ။

ဒါတို့ပြေ (ပြည်)၊ ဒါတို့မြေ၊ တို့ပိုင်တဲ့ မြေလို့ပါ

မြန်မာပြည်က ပိုင်တဲ့ ဧရာဝတီနှင့် ဘကြီးမိုးပါ။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>