Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ထွန်းဝင်းငြိမ်း ● အခင်းအကျင်း - ၂၁

$
0
0


ထွန်းဝင်းငြိမ်း ● အခင်းအကျင်း - ၂၁
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၆

“လှေနံနှစ်ဖက် မနင်းပါနဲ့ မမြ၀င်းရယ်
နင်းမယ့်နင်း ကျနော့်ဖက်သာ ရဲရဲကြီး နင်းလိုက်စမ်းပါ”

လွတ်လပ်ရေးခေတ်ဦးက
ဗိုလ်အောင်ဒင်ရဲ့
ခပ်ဖွဖွ ရယ်သံဟာ
ကျနော့်နောက်ကျောကို
မနေ့ညက လာမှန်ခဲ့တယ်။

အားလုံးမျှော်တဲ့အရာမို့
စနစ်တကျ ဖိတ်ခေါ်ပြီး
စင်ပေါ်က စော်ကားနေလည်း
သင့်မြတ်ရေးအပြုံးနဲ့
နှလုံးမွေ့နေရမယ်။

မိတ်ဆွေဆိုသူများရဲ့
နောက်ကြော ဓါးနဲ့ထိုးတာလည်း
ခံနိုင်ရည်ရှိရမယ်။

အများညီနေတဲ့
ဤ ကိုလည်း ကျွဲ လို့
ဖတ်တတ်ရမယ်။

ခေါင်းညိတ်တတ်ပြီ
အရောင်ပြောင်းတတ်ပြီလား
ဘီလူးလိုလို၊ သိကြားလိုလိုနဲ့
ငါဟဲ့ ဘီကြားလို့ အော်ရဦးမယ်။

ရောယိမ်းလိုက်
ဘသားလိုက်တွေ
ကျားဖြစ်နေမှတော့
လူစင်စစ်က
ဖါးဖြစ်ဖြစ် ခရုဖြစ်ဖြစ်
ဈေးမဆစ်ရ ကြွေးကြော်သံတွေ
ပလူကို ပျံလို့။

တကယ် ကစားကြည့်တော့
ထိပ်တိုက်ဆိုတာချည်းပဲ
အချိန်တွေ မဖြုန်းချင်ဘူး
တုံးဆိုလည်း တိုက်မယ့်သူ
ကျားဆိုလည်း ကိုက်မယ့်သူ
အလိုရှိကြတာ ဆန်းသလား။

သူတို့တလျှောက်လုံး
အော်နေကြတာက
ဘယ်လိုဖြစ်ဖြစ် နိုင်ရမယ်
ရှုံးလည်းနိုင်ရမယ်တဲ့။

ငြိမ်းချမ်းရေး ဈေးပေါင်ကျိုးကာမှ
ပရိဿတ်ကို အားမကိုးရင်
အားပေးရကျိုး နပ်မယ်လို့
ခင်ဗျားတို့ရော ထင်မိပါသလား။

ထွန်းဝင်းငြိမ်း
(၃၊ ၉၊ ၂၀၁၆)

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>