Quantcast
Viewing all articles
Browse latest Browse all 9633

ကျော်ဟုန်း - မြေလှန် အဖြေမှန် ရှာတတ်စေ



ကျော်ဟုန်း - မြေလှန် အဖြေမှန် ရှာတတ်စေ

(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၆

ဒါ...
တချပ်မှောက်ဖဲ
ကစားနေတာမဟုတ်ဘူး။

နှပ်ကြောင်းထိုး လိမ်မရတဲ့ အခင်းအကျင်းမှာ
ရိုးသားပွင့်လင်းတဲ့ မျက်ဝန်းသာလိုတယ်။

ဝမ်းရေးက ကောင်းကင်လို ကျယ်
တိုင်းရေးက ရေအောက်ကမ္ဘာနှယ်
လူမှုက စကြဝဠာသဖွယ်
စစ်တုရင်ကွက်တွေ ခြေရှုပ်ကြ။

အောင်ပွဲတိုင်းမှာ
အရည်အချင်းအစစ်သာ
တာရှည်ခံ ရုပ်ကြွင်းဖြစ်တယ်။

ကမ္ဘာမှာ တင်ကျန်ရစ်ခဲ့ ရုပ်ကြွင်းစများ
ဓာတ်ခွဲခန်းပို့ စစ်ဆေးကြည့်စမ်းပါ။

သမိုင်းအသစ်တွေ
အနာဂတ်အသစ်တွေ
အသစ် အသစ်တွေ ပွားနိုင်မယ့်အဖြေ
အဆိုးတွေ့ လည်း မှတ်တမ်းတင်ခဲ့
အကောင်းတွေ့ လည်းမှတ်တမ်းတင်လှဲ့ 
ဓာတ်ခွဲခန်းယဉ်ကျေးမှု ထွန်းကားပါစေ။ ။

ကျော်ဟုန်း
၂၀၁၆၀၉၀၆။

Viewing all articles
Browse latest Browse all 9633


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>