Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဇော်ဝင်းကို ● အနာဂတ်ရဲ့ ပြက်လုံးများ

$
0
0


ဇော်ဝင်းကို ● အနာဂတ်ရဲ့ ပြက်လုံးများ
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၆

နေမင်း အကျဉ်းစကျတဲ့ ဖြစ်စဉ်
ကမ္ဘာကြီး စပြီးလည်ပတ်တဲ့ ဖြစ်စဉ်
ပြန်ဆင်ခြင်မိတယ်။
ကော့ပါးနီးကပ် ချမှတ်တဲ့ အမြင်သစ်
နေစကြာဝဠာ စနစ်မှန်
လက်ခံသူ မှန်သမျှ သာသနာ့တရားခွင်မှာ
စီရင်ဆုံးဖြတ် မီးရှို့သတ်သတဲ့
(နေကိုတန့်ရပ် ကမ္ဘာကိုလည်ပတ်စေဖို့
အသတ်ခံကြရ ရိုင်းလှတဲ့အဖြစ်
သည်ခေတ်က ပြန်ကြည့်တော့
ရယ်မိတာတွေလည်း ရှိရဲ့)
လူတယောက်အသက် ဖျောက်ဖျက်ပစ်ရုံနဲ့
သူ့ရဲ့ ယုံကြည်ချက် ခံယူချက်များ
ပျောက်သွားမယ်ထင်ခဲ့ကြ
မိုက်လှတဲ့ လူတစု အခုတော့ရယ်စရာ
(အမှန်တရားဆိုတာ ဓားနဲ့ထိုး ဓားကျိုး
လှံနဲ့ထိုး လှံကျိုး မသေတဲ့အမျိုးပဲ)
"ကမ္ဘာဦးကျမ်း မှတ်တမ်းရှိတာက
ထာဝရဘုရား ဖန်ဆင်းထားခဲ့တာ ကမ္ဘာဟာ ဗဟိုချက်"တဲ့
သက်သေဖြင့် မပြနိုင်
သမ္မာကျမ်းကိုင်ပြီး အခိုင်အမာငြင်းရှာတဲ့
"ကာဒီနယ် ဘယ်လာမင်း"
သင်းအဖြစ်ကလည်း ရယ်စရာ
(အမှန်တရားဆိုတာ စာအုပ်မှာရေးထားတဲ့
စကားလုံးတွေထဲမှာ တွေ့နိုင်တာမဟုတ်)
ကာဒီနယ်က ပြောသမျှ ထောက်ခံ
ပုဒ်မပါမကျန်အောင် မှန်ပါကြောင်း ဟုတ်ပါကြောင်း
အဆိပ်ပင်ရေလောင်းတဲ့ အားလုံးကောင်းသမား "ပုတ်သင်"များကလည်းရယ်စရာ
(အမှန်တရားဆိုတာ
အာဏာပိုင်ဆိုသူက ကန့်သတ်လို့မရတဲ့
ဒိဋ္ဌဓမ္မတရားဖြစ်တယ်)
"ကမ္ဘာဗဟိုပြုဝါဒီ"တိုလမီရဲ့သင်ကြားချက်
ကျမ်းဂန်လာခံယူချက် တွယ်ဖက်ထားတဲ့သူတွေ
"နေဗဟိုပြုဝါဒသစ်"ရုပ်သစ္စာတရား
ကော့ပါးနီးကပ်အမြင် ဆန့်ကျင်ခဲ့ကြသူတွေ
(နောက်တနည်းစဉ်းစားရင်)
တရားအမှန်ကို ဓားလှံနဲ့ ထားခဲ့သူတွေ
မဟာရုပ်တရားကို စာအုပ်ကြားညှပ်ထားချင်သူတွေ
အသက်ကိုမလှူရဲလို့ အယူ"လွဲ"ခဲ့ကြသူတွေ
သူတို့တွေအားလုံးဟာ
နှစ်ဆယ်ရာစုအတွက် ပြက်လုံးကောင်းများပမာ
ရယ်စရာပါပဲ
နောက်ရာစုနှစ် ရယ်စရာအသစ်တွေ
နောင်တခေတ်လူများက ပြောကြတဲ့အခါ
ဘယ်သူတွေပါမလဲ
ရဲရဲတွေးကြည့်
မြင်မိရဲ့။ ။

ဇော်ဝင်းကို

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>