Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အုန်းနိုင် - “၁၉၉၁ခုနှစ်..နိုဗယ်ဆုရှင်..ဒေါ်အောင်ဆန်းစုကြည်”

$
0
0




အုန်းနိုင် - “၁၉၉၁ခုနှစ်..နိုဗယ်ဆုရှင်..ဒေါ်အောင်ဆန်းစုကြည်” 
၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အားထုတ်ပယ်ခြင်း (၁၃)
(မိုးမခ) ဇူလိုင် ၂၉ ၊ ၂၀၁၅


သိပ်ရက်မကြာခင်မှာပဲ အောက်တိုဘာလ နောက်ပိုင်းရက် ညတညမှာတော့ ဘီဘီစီရေဒီယို သတင်းက ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရရှိကြောင်း ကြေညာပါတယ်.။ ၁၉၉၁အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆု ချီးမြှင့်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ပါတယ်..။နော်ဝေနိုင်ငံ အော်စလိုမြို့  နိုဗယ်ဆု ကော်မတီကကြေညာလိုက်တာကို ဘီဘီစီက ထပ်ဆင့်ကြေညာလိုက်တာပါ..။ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုပေးဖို့ ထောက်ခံတင်သွင်း အဆိုပြုသူကတော့ ချက်နိုင်ငံသမတ ဗားဗလက်ဟာဗယ် ဖြစ်ပါတယ်..။ 

ရက်စက်ကြမ်းကြုပ်တဲ့ စစ်အစိုးရရဲ့  ဖိနှိပ်ညှင်းပန်းမှုများကို အကြမ်းမဖက်ပဲ မဆုတ်မနစ်ခု ခံကာကွယ်နေတဲ့ ဒီမိုကရေစီခေါင်းဆောင်ဖြစ်လို့ ဒီဆု ချီးမြှင့်တာလို့ ဆိုပါတယ်..။ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဆုမရခင် ကတည်းက နိုင်ငံတကာဆုတော်တော်များများကို ရရှိခဲ့ပြီးပါပြီ..။ဒီနိုဗယ်ဆု ကတော့ နိင်ငံတကာ အဆင့်မှာ အမြင့်ဆုံးသတ်မှတ်ထားတဲ့ ဆုဖြစ်ပါတယ်..။ 

ဒီသတင်းကို ည(၈)နာရီခွဲလောက်မှာ ကြားလိုက်ရတော့ ၀မ်းသာအားရဖြစ်ပြီး ဘာလုပ်ရကောင်း မလဲ..။တခုခု လုပ်ချင်လာတယ်..။ဒါပေမဲ့  ကိုယ်ကလည်း ငယ်ငယ်ရွယ်ရွယ်မဟုတ်တော့ လူငယ်ဖြစ်တဲ့ သမီး တွေကိုပဲ.. ဘာလုပ်ကြမလဲ.. ဘာလဲနဲ့ လုပ်မိတယ်..။နောက်တော့ သမီးတို့ပြောလို့ သီတင်းကျွတ်ရင်ထွန်းတဲ့ မီးပုံးတွေကို သိမ်းထားရာက ထုတ်..။ဖယောင်းတိုင်တွေ ရှာပြီး.. အိမ်ရှေ့ မျက်နှာစာ ၀ရံတာမှာ ထွက်ပြီးမီးထွန်း ကြတယ်..။ တံခါးတပေါက်ကို သုံးလုံးနဲ့ တံခါးသုံးပေါက်ကို ကိုးလုံး ထွန်းလိုက်တယ်..။ ဒီလို တခုခုလေး လုပ်လိုက်ရတော့ နဲနဲကျေနပ်သွားတယ်..။သမီးတွေကလည်း သူတို့ချစ်တဲ့ ဒေါ်စုအတွက်မို့ သဘောကျသွား ကြတယ်.။

 နောက်ပိုင်းမှာတော့ နော်ဝေနိုင်ငံ နိုဗယ်ဆု ကော်မတီရဲ့  ကြေညာချက် အပြည့်အစုံကိုလည်း သိလာရပါတယ်..။ “ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုတွင် အကြမ်းမဖက်တိုက်ပွဲဝင်နေသော မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အား ၁၉၉၁ခုနှစ် အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကြီးကို ချီးမြှင့်ရန် နော်ဝေနိုင်ငံ၊နို ဗယ်ဆု ကော်မတီမှ ဆုံးဖြတ်လိုက်သည်။” 

“ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဦးအောင်ဆန်းဧ။် သမီးဖြစ်၍ ဂန္ဒီဧ။် အကြမ်းမဖက်လှုပ်ရှားမှု အတွေးအခေါ်များကို အစောပိုင်းကပင် စိတ်ဝင်စားခဲ့ပါသည်..။ နိုင်ငံရေးလှုပ်ရှားမှု များနှင့် အတော်ကြာပင် ကင်းရှင်းစွာနေခဲ့ရာမှ ၁၉၈၈ခုနှစ် မြန်မာနိုင်ငံဧ။် ဒုတိယအကြိမ် လွတ်လပ်ရေး ကြိုးပမ်းမှုကြီးတွင် ပါဝင်လာခဲ့ပါသည်..။ တိုင်းပြည်အတွင်း အစုစု ကွဲပြားခြားနားနေသော လူမျိုးစုများ ပြန် လည် စည်းလုံးမှုရရှိရန် လိုအပ်ချက်ကိုလည်း သူမအလေးထားပါသည်..။ ၁၉၉၀ပြည့်နှစ် မေလတွင် ကျင်းပ ခဲ့သော ရွေးကောက်ပွဲတွင် သူမဧ။်ပါတီမှ အပြတ်အသတ်အောင်ပွဲခံခဲ့သော်လည်း စစ်အစိုးရကရွေးကောက် ပွဲရလဒ်ကို လစ်လျှူရှုခဲ့ပါသည်..။ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်မှထွက်ခွါသွားရန် ငြင်းဆန်သည့် အတွက် နေအိမ်တွင် တင်းကြပ်စွာ အကျယ်ချုပ်ကျခံခဲ့ရပါသည်..။ သူမ၏ တိုက်ပွဲမှာ ဤရာစုနှစ်တွင် အာရှ တိုက်အတွင်း ပြည်သူများဧ။် သတ္တိရှိရှိ အထူးခြားဆုံးသော စံနမူနာများအနက် တစ်ခုဖြစ်ပါသည်..။ ဖိနှိပ်သူ များအား ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် သူမသည် အရေးပါဆုံးသော စံနမူနာတရပ်ဖြစ်ပါသည်။ ”

“၁၉၉၁ခုနှစ်တွင် ဤငြိမ်းချမ်းရေး နိုဗယ်ဆုကို ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ရာတွင် နော် ဝေနိုင်ငံ နိုဗယ်ဆုကော်မတီသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် လူမျိုးစုများ စည်းလုံးညီညွတ်ရေးတို့ အတွက် ငြိမ်းချမ်းစွာတိုက်ပွဲဝင်နေကြသော ကမ္ဘာတ၀ှမ်းမှ ပြည်သူများအတွက် အထောက်အပံ့ဖြစ်စေသည့် ဤအမျိုးသမီးဧ။် အလံမလှဲတမ်း ကြိုးပမ်းမှုကို ဂုဏ်ပြုကြောင်း ဆန္ဒပြုလိုက်ပါသည်။” 

ဘယ်လောက်များ တန်ဖိုးရှိလိုက်ပါသလဲ..။ ပူဇာစပူဇနေယျာနံ ဆိုတဲ့ မင်္ဂလာတရားတော်နဲ့ကိုက် ညီလှပါတယ်..။ ဒါပေမဲ့  ဒီမိုကရေစီကို ဆန့်ကျင်တဲ့ အာဏာရှင်များကတော့ ဒါမျိုးကို ဘယ်ဂုဏ်ပြုနိုင်မှာလဲ။ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရရှိပြီးတဲ့နောက် အင်္ဂလန်မှာရှိတဲ့ သူမရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်ကလည်း နိုင်ငံတကာသတင်းဌာနများကို ဒီလို သတင်းထုတ်ပြန်ကြေညာခဲ့ပြန်ပါတယ်..။ 

“ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိကြောင်း သူမထံ အကြောင်းကြားလို့မရတဲ့ အတွက် ကျနော့်ထံကိုပဲ အကြောင်းကြားခဲ့ပါတယ်..။အခုတော့ သူ့တိုင်းပြည်ထဲမှာ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိလာရေးအတွက် အကြမ်းမဖက်တိုက်ပွဲဝင်ခဲ့တဲ့ သူမရဲ့ သတ္တိပြောင်တဲ့ ခေါင်းဆောင်မှုကို အများကပဲ ပထမဆုံးသတိပြုလာရတော့မှာပါ..။ သူမရဲ့ စွမ်းဆောင်နိုင်မှုဟာ ယနေ့ကမ္ဘာပေါ်မှာရှိတဲ့ လူအများစံနမူနာယူဖွယ် ဖြစ်စေလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်..။” 

“ငြိမ်းချမ်းရေး နိုဗယ်ဆုကော်မတီဟာ အရင်က ဒီလိုတဦးတည်းခွဲပြီး အန္တရာယ်ကြီးစွာ အပြစ်ကျခံနေသူ မျိုးကို ဆုပေးခဲ့ဖူးခြင်း ရှိမရှိကတော့ ကျနော်မသေချာပါ..။အရင်က ဒီလိုအပြစ်မျိုးကျခံနေရတဲ့ အမျိုးသမီး တဦးဦးကို မပေးခဲ့ဖူးတာတော့ သေချာပါတယ်..။ သူမဟာ အကျဉ်းကျခံနေရတာ သုံးနှစ်ထဲရောက်လာပါပြီ..။ ကျနော်တို့မိသားစုတွေနဲ့လည်း ဘယ်လိုမှ တွေ့ ခွင့်မရတော့ သူတယောက်တည်း ရှိနေတယ်ဆိုတာက လွဲလို့ သူ့အခြေအနေ ဘာမျှမသိရပါ..။အခု သူမအိမ်မှာပဲ ရှိနေသေးသလား..။တခြားခေါ်သွားပြီလားဆိုတာလည်း မသိရပါ..” 

“သူမတိုင်းပြည်က ထွက်ခွါပြီး အမြဲတမ်း ပြည်နှင်ဒဏ်ခံယူမယ် ဆိုရင် လွှတ်ပေးမယ်လို့တော့ အာ ဏာပိုင်တွေက အကြိမ်ကြိမ်ပြောခဲ့ပါတယ်.။ သူမဒီလို မလုပ်ဘူးဆိုတာကိုတော့ ကျနော်အသေအချာသိပါ တယ်..။ ဘယ်လောက်ပဲ စွန့်လွှတ်ရ စွန့်လွှတ်ရ ..။ သူမ ရွေးခဲ့တဲ့ လမ်းကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားမှာပါ..။ ဒါကြောင့် လာမဲ့ဒီဇင်ဘာလမှာ အော်စလိုက ဆုချီးမြှင့်ပွဲကို ကိုယ်တိုင်လာတက်ဖို့ဆိုတာ သူမအနေနဲ့ ပြည်တွင်းကို အချုပ်နဲ့ဖြစ်ဖြစ် ပြန်လာခွင့်ပေးမယ်ဆိုတာ သေချာမှပဲ ဖြစ်မယ်ထင်ပါတယ်..” 

“ဒီငြိမ်းချမ်းရေးဆုကြီးဟာ သူမထာဝစဉ်မျှော်မှန်းထားတဲ့ တိုင်းပြည်တွင်း ထာဝစဉ်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများဆီကို ဦးတည်လာစေမယ်လို့ ကျနော် မျှော်လင့်ပါတယ်..”

 မိုက်ကယ်အဲရစ်ရဲ့  မျှော်လင့်ချက်များ ပြည့်ဝပါစေလို့ ကျနော်တို့လည်း ဆုတောင်းရပါတယ်..။ဘယ် လောက်ကြာကြာ ဆုတောင်းနေရဦးမယ်တော့..မသိပါ..။ ပြည်သူ့ဆန္ဒကတော့ မြန်လေကောင်းလေပါပဲ..။ ။






Viewing all articles
Browse latest Browse all 9633

Trending Articles


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


၁၉၈၈ ခုနှစ်အရေးအခင်း (အပိုင်း - ၂)


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>