ခင်လွန်း ● ဖုတ်ကောင်ချင်း လွမ်းစကား
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၆
ဝမ်းသာစရာနဲ့
လွမ်းစရာပဲ
မင်းလဲမသေသေးဘူး
ငါလဲ မသေသေးဘူး
ကွဲသွားကြတာ နှစ်အစိတ်ကျော်
ငါတို့အမည်းရောင်နယ်မြေထဲမှာတွေ့ကြ
နှစ်ဘက်ကြား ကိုင်ထားတဲ့လက်နက်တွေအောက်
မင်းလဲကြောက်ခဲ့ရ လျှောက်ခဲ့ရ
ငါလဲအတူ
မင်းက မြေအောက်ထဲနစ်နေတဲ့
အဖိုးထိုက်ကျောက်သံပတ္တမြားကိုရှာတယ်
ငါက မြေပေါ်မှာပျောက်နေတဲ့ ဒို့ဘဝ ဒို့အဓိပ္ပာယ်ကိုရှာတယ်
ဒို့တွေ အိပ်မက်ချင်းမတူပေမယ့်
အိပ်ရာအတူတူအိပ်ခဲ့ကြ
ဥပဒေမဲ့ရာဒေသမှာ
ဒို့အချင်းချင်းကြား
လူ့ဒုလ္လဘအဖြစ်သာ
လွန်းအဖြစ် ကျစ်ကျစ်ပါကြရတော့တာပဲ
ဪ ...လူ့အဖြစ်ဟာရခဲ
ငါကတော့
ဘုရားသခင်ကျဲချလိုက်တဲ့ အကြွေစေ့တွေထဲ
မျက်ကွယ်မှာ ထောင်ကျန်ရစ်ခဲ့တဲ့
ခေတ်ဟောင်း ကျပ်စေ့လေးပေါ့သူငယ်ချင်း
ဒါ မြှုပ်ကောင်နှစ်ကောင်ရဲ့
နှစ်ပရိစ္ဆေဒများလွမ်းချင်း
ဒါမှမဟုတ်......။
စက်တင်ဘာ ၈၊ ၂၀၁၆
ညနေ ၇း၃၀ နာရီ
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၆
ဝမ်းသာစရာနဲ့
လွမ်းစရာပဲ
မင်းလဲမသေသေးဘူး
ငါလဲ မသေသေးဘူး
ကွဲသွားကြတာ နှစ်အစိတ်ကျော်
ငါတို့အမည်းရောင်နယ်မြေထဲမှာတွေ့ကြ
နှစ်ဘက်ကြား ကိုင်ထားတဲ့လက်နက်တွေအောက်
မင်းလဲကြောက်ခဲ့ရ လျှောက်ခဲ့ရ
ငါလဲအတူ
မင်းက မြေအောက်ထဲနစ်နေတဲ့
အဖိုးထိုက်ကျောက်သံပတ္တမြားကိုရှာတယ်
ငါက မြေပေါ်မှာပျောက်နေတဲ့ ဒို့ဘဝ ဒို့အဓိပ္ပာယ်ကိုရှာတယ်
ဒို့တွေ အိပ်မက်ချင်းမတူပေမယ့်
အိပ်ရာအတူတူအိပ်ခဲ့ကြ
ဥပဒေမဲ့ရာဒေသမှာ
ဒို့အချင်းချင်းကြား
လူ့ဒုလ္လဘအဖြစ်သာ
လွန်းအဖြစ် ကျစ်ကျစ်ပါကြရတော့တာပဲ
ဪ ...လူ့အဖြစ်ဟာရခဲ
ငါကတော့
ဘုရားသခင်ကျဲချလိုက်တဲ့ အကြွေစေ့တွေထဲ
မျက်ကွယ်မှာ ထောင်ကျန်ရစ်ခဲ့တဲ့
ခေတ်ဟောင်း ကျပ်စေ့လေးပေါ့သူငယ်ချင်း
ဒါ မြှုပ်ကောင်နှစ်ကောင်ရဲ့
နှစ်ပရိစ္ဆေဒများလွမ်းချင်း
ဒါမှမဟုတ်......။
စက်တင်ဘာ ၈၊ ၂၀၁၆
ညနေ ၇း၃၀ နာရီ