Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အီတလီ အစားအစာ သီးသန့်ရောင်းချမည့် PASTAMANIA Restaurant

$
0
0
အီတလီ အစားအစာ  သီးသန့်ရောင်းချမည့် PASTAMANIA  Restaurant 
ရန်နောင်(ဗိုလ်တထောင်)      မိုးမခ        ဇူလိုင် ၂၉   -၂၀၁၅ 
မဖြူစင်သစ်


  
Root of Asia Co.Ltd မှ အီတလီအစားအစာ Pasta  နှင့် Pizza များ သီးသန့်ရောင်းချမည့် PASTAMANIA RESTAURANT  ဆိုင်သစ်ဖွင့်လှစ်မည့် အကြောင်းနှင့် ပတ်သက်၍ စာနယ်ဇင်း အသိပေးပွဲကို ဇူလိုင်လ (၂၇) ရက်နေ့ ညနေ (၆)နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ Royal Garden Restsurant တွင် ကျင်းပပြုလုပ်ခဲ့သည်။

          Pastamania Restaurant ဆိုင်တွင်း ဝင်လိုက်လျှင် အီတလီမြို့တွင်းသို့ ရောက်နေသကဲ့သို့ ခံစားမိမည်ဖြစ်ပြီး အီတလီအစားအစာ ဆိုလျှင် ပီဇာ ကိုသာ လူသိများသည့်အတွက် ပါစတာ ပါ တွဲပြီး ရောင်းချမည် ဖြစ်ကြောင်း  မဖြူစင်သစ် က ပြောပြခဲ့သည်။

          အိမ်တိုင်ရာရောက် ပို့ဆောင်မှုကို ကမာရွတ် တစ်မြို့နယ်ထဲတွင်သာ စတင်လုပ်ဆောင်ပေးမည်ဖြစ်ပြီး ဆိုင်ကို စက်တင်ဘာလ မှသာ စတင်ဖွင့်လှစ်မည်ဟု  ကိုတေဇာခိုင်စိုး က ပြောကြားခဲ့သည်။

          ကျနော်တို့က စင်္ကာပူကနေ ဖရန်ချိုက် ယူကာ ဖွင့်လှစ်တာမို့ စင်္ကာပူ မှာ သင်တန်းတက်ထားတဲ့ စားဖိုမှူးတွေကို ခန့်ပြီး လုပ်မှာပါ ဟုလည်း  ကိုအေးချမ်းကိုကိုက ပြောကြားခဲ့သည်။

          အဆိုပါဆိုင်တည်နေရာမှာ  ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားလမ်း ခြံအမှတ် (၇) တွင် တည်ရှိပါသည်။ ပီဇာ နှင့် ပါစတာ အီတလီစာကြိုက်သူများ အတွက် စားသောက်ဆိုင်ကောင်းတခု မကြာမီ အချိန်ကာလတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း  စားဖိုမှူး ကိုမျိုးသက်ထွန်း က ထပ်မံပြောကြားခဲ့သည်။

Viewing all articles
Browse latest Browse all 9633


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>